You are here
Home > အနုပညာ > တန်ဖိုးရှိလှတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အလှစစ်ကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေ

တန်ဖိုးရှိလှတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အလှစစ်ကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေ

Zawgyi ဖြင့်ဖတ်ရန်








Unicode ဖြင့်ဖတ်ရန်

နိုင်ငံကျော် အဆိုတော်နဲ့ သရုပ်ဆောင် ချစ်သုဝေက ပရိသတ်တွေ အမြဲ ဂုဏ်ယူနေရအောင် နေထိုင်တဲ့ သူလေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေက ဆရာဝန်မလေးတစ်ဦးဖြစ်တဲ့အပြင် ပညာရေးသံတမန်၊ ကျန်းမာရေးသံတမန်စတဲ့ တာဝန်တွေကိုလည်း ဂုဏ်ယူစွာ ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ချစ်သုဝေက များပြားလှသော တာဝန်တွေကြားထဲကမှ သူမရဲ့ မိသားစုလေးကို အချိန်ပေး ဂရုစိုက်နေတဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

ချစ်သုဝေက လူလေးလှရုံသာမက အဝတ်အစားဝတ်ရာမှာလည်း လုံလုံခြုံခြုံနဲ့ လှပစွာ ဝတ်စားဆင်ယင်တတ်တာကြောင့် ပရိသတ်တွေက အမြဲတမ်း ချစ်နေရတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ချစ်သုဝေက လုံခြုံပြီး ကျက်သရေရှိလှတဲလ မြန်မာဝတ်စုံလေးကိုဝတ်ပြီး ဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ကျက်သရေရှိပြီး လှပလွန်းတဲ့ ပုံရိပ်လေးတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

“အတည်အခန့်တော့နေတာပဲ.. ပုံတွေထဲမှာ ကိုယ့်ဟန်ကို အမိအရ ဓါတ်ဆရာကရိုက်ပြီးပို့တယ်လေ” တဲ့

ချစ်သုဝေကတော့ သူမကိုယ်တိုင်လည်း ခေတ်ပညာတတ် ဆရာဝန်တစ်ဦးဖြစ်တာမို့ ပညာရေးဆိုင်ရာ ဟောပြောပွဲနဲ့ အခြားသော ဟောပြောပွဲတွေမှာ ဦးဆောင်ဆွေးနွေးရသူ တစ်ဦးဖြစ်ပါတယ်။ချစ်သုဝေကတော့ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကိုတစ်ဘက် ခေတ်နဲ့သစ်တို့ ညီအစ်မကိုတစ်ဘက်နဲ့ အလုပ်တွေကို မရပ်မနား လုပ်ကိုင်နေတဲ့ ကလေးမေမေတစ်ဦးလည်း ဖြစ်ပါတယ်။

ချစ်သုဝေကတော့ ဘယ်အချိန်ကြည့်ကြည့် အရမ်းလှပြီး ပရိသတ်တွေကို စွဲဆောင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။

Source : momolay

Top
//intorterraon.com/4/3018672