
Happy – Cele Gabar
(ယူနီကုဒ်ဖြင့်ဖတ်ရန်)
” သားလေးနဲ့အတူတူ ရိုက်ကူးရေးတွေလုပ်နေပြီဖြစ်တဲ့ မေမေနန်းမြတ်ဖြိုးသင်း ”
တစ်သားမွေးတစ်သွေးလှလွန်းနေတဲ့ မေမေနန်းမြတ်ကတော့ ချစ်ရတဲ့သားလေး Jet Jet နဲ့အတူ ရိုက်ကူးရေးတွေလုပ်နေပြီပဲဖြစ်ပါတယ်။ သားမိနှစ်ယောက် အင်္ကျ ီအဖြူရောင် ဆင်တူလေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းနေပါတယ်။ ချစ်ရတဲ့သားလေးကိုလည်း ပိုင်ဆိုင်နေပြီဆိုတော့ ဖေဖေရယ် မေမေရယ် သားသားရယ် ကြည်နူးစရာကောင်းတဲ့မိသားစုလေးမှာ နန်းမြတ်တစ်ယောက် အတော်လေးပျော်ရွှင်နေခဲ့ပါတယ်။
ဖခင်ဖြစ်သူနဲ့ ခင်ပွန်းတို့က သားယောကျာ်းလေးလိုချင်ခဲ့တဲ့ဆန္ဒလေးကိုလည်း ဖြည့်လိုက်နိုင်လို့ သူမအရမ်းပျော်ရွှင်ခဲ့ကြောင်း Jet Jet လေး မမွေးခင်ကပြောခဲ့ဖူးပါသေးတယ်။ သားလေးမွေးပြီး နောက်ပိုင်း အရင်လိုအနုပညာအလုပ်တွေအများကြီးမလုပ်နိုင်ခဲ့ပေမယ့် အခုမှာတော့ သားလေးနဲ့အတူတူ ရိုက်ကူးရေးလုပ်နေပြီပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့သားအမိနှစ်ယောက် ဘယ်လိုပုံစံလေးနဲ့ ပရိသတ်တွေရှေ့ရောက်လာမယ်ဆိုတာတော့ ရင်ခုန်ချင်စရာပဲနော်။
သူမကိုသိပ်ဂရုစိုက်ပြီးချစ်လွန်းတဲ့ခင်ပွန်းဖြစ်သူကိုလည်း ပိုင်ဆိုင်ထားသူမို့ အိမ်ထောင်ရေး ကံကောင်းသူအမျိုးသမီးတစ်ယောက်ပါပဲ။ အနုပညာအလုပ်တွေကိုလည်း မရပ်မနားကြိုးစား လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး အခုတော့ သားလေးနဲ့အတူတူ ရိုက်ကူးရေးတွေလုပ်နေပြီပဲဖြစ်ပါ တယ်။ သားမိနှစ်ယောက်ရိုက်ကူးရေးလုပ်ဖို့ ဖေဖေကိုယ်တိုင် ရှုတင်လိုက်ပို့ပေးခဲ့တာမို့ နန်းမြတ် ကကျေးဇူးတင်စကားလေးနဲ့ အရွှန်းဖောက်ခဲ့ပါသေးတယ်။
Photo – Nann Myat Phyo Thin
Happy – Cele Gabar