You are here
Home > အနုပညာ > .ခ်စ္ဇနီးေပးမယ့္ ေမြးေန႔အႀကိဳ Surprise လက္ေဆာင္ေၾကာင့္ ရင္ေတြခုန္ၿပီး ေခြၽးေတြပါပ်ံလာခဲ့တဲ့ ေ႐ႊထူး

.ခ်စ္ဇနီးေပးမယ့္ ေမြးေန႔အႀကိဳ Surprise လက္ေဆာင္ေၾကာင့္ ရင္ေတြခုန္ၿပီး ေခြၽးေတြပါပ်ံလာခဲ့တဲ့ ေ႐ႊထူး

ဒီေန႔ဟာ အဆိုေတာ္ေ႐ႊထူးရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္။ ေမြးေန႔မေရာက္ခင္ေလးမွာ ခ်စ္ဇနီးကေတာ့ က်ားက်ားကိုေပးဖို႔ လက္ေဆာင္အဆင္သင့္ျဖစ္ေနၿပီထင္ပါရဲ႕ပရိသတ္ႀကီးေရ။ ခင္ပြန္းျဖစ္သူကို စေနာက္ၿပီး လက္ေဆာင္အေၾကာင္းေမးေနတဲ့ ႏွစ္ေယာက္သားရဲ႕ Video ေလးကိုလည္း သဲတစ္ေယာက္ လူမႈကြန္ယက္မွာေဝမွ်လိုက္ပါေသးတယ္။ ႏွစ္ေယာက္သားခ်စ္သူ သက္တမ္းသိပ္မၾကာေသးခင္မွာပဲ ေ႐ႊလက္တြဲခဲ့ၾကၿပီး လက္ရွိအခ်ိန္ထိလည္း ၾကည္ႏူးစရာ အခ်စ္ကမာၻေလးကို တည္ေဆာက္ ထားၾကတာပဲျဖစ္ပါတယ္။

အလုပ္ကိုယ္စီနဲ႔ မအားလပ္တဲ့ၾကားက တစ္ေယာက္နဲ႔တစ္ေယာက္ ရတဲ့အခ်ိန္ေလးမွာ ခ်စ္ၾကည္ႏူးတတ္ၾကတဲ့ ခ်စ္စရာဇနီးေမာင္ႏွံ ေလးကို ပရိသတ္ေတြကလည္း အေတာ္ေလး လက္ခံအားေပးခဲ့ၾကပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ Surprise ေလးေတြ လုပ္တတ္ၾကၿပီး ရင္ထဲက ခ်စ္ျခင္းေမတၱာကို ပုံေဖာ္ခဲ့ၾကပါတယ္။ ဒီႏွစ္ေ႐ႊထူးရဲ႕ေမြးေန႔မွာေတာ့ သဲတစ္ေယာက္ ဘယ္လို လက္ေဆာင္ေလးေပးမယ္ဆိုတာကိုေတာ့ ေ႐ႊထူးနဲ႔အတူ အားလုံးက ထပ္တူရင္ခုန္ေနၾကပါတယ္။

က်ားက်ားကိုစေနာက္ထားတဲ့ Video ေလးကို ” present လိုခ်င္ ေန တဲ့ ေကာင္ေလး present ေပး ရန္ စိတ္ လႈပ္ရွား ေန ေသာ မိမိ ” ဆိုျပီး ေဝမွ်ခဲ့ျပီး Video ထဲမွာေတာ့ ကိုေရႊထူးတစ္ေယာက္ စိတ္လႈပ္ရွားလို႔ ေခြ်းေတြေတာင္ပ်ံေနခဲ့ပါတယ္။ သဲကိုယ္တိုင္လည္း ဒီလက္ေဆာင္ေလးကိုေပးရမွာစိတ္လႈပ္ရွားတယ္ဆိုေတာ့ ဘာလက္ေဆာင္ေလးမ်ား ျဖစ္ေနမလဲမသိဘူးေနာ္။

Photo – Shwe Mhone Yati
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ချစ်ဇနီးပေးမယ့် မွေးနေ့အကြို Surprise လက်ဆောင်ကြောင့် ရင်တွေခုန်ပြီး ချွေးတွေပါပျံလာခဲ့တဲ့ ရွှေထူး ”

ဒီနေ့ဟာ အဆိုတော်ရွှေထူးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ မွေးနေ့မရောက်ခင်လေးမှာ ချစ်ဇနီးကတော့ ကျားကျားကိုပေးဖို့ လက်ဆောင်အဆင်သင့်ဖြစ်နေပြီထင်ပါရဲ့ပရိသတ်ကြီးရေ။ ခင်ပွန်းဖြစ်သူကို စနောက်ပြီး လက်ဆောင်အကြောင်းမေးနေတဲ့ နှစ်ယောက်သားရဲ့ Video လေးကိုလည်း သဲတစ်ယောက် လူမှုကွန်ယက်မှာဝေမျှလိုက်ပါသေးတယ်။ နှစ်ယောက်သားချစ်သူ သက်တမ်းသိပ်မကြာသေးခင်မှာပဲ ရွှေလက်တွဲခဲ့ကြပြီး လက်ရှိအချိန်ထိလည်း ကြည်နူးစရာ အချစ်ကမ္ဘာလေးကို တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။

အလုပ်ကိုယ်စီနဲ့ မအားလပ်တဲ့ကြားက တစ်ယောက်နဲ့တစ်ယောက် ရတဲ့အချိန်လေးမှာ ချစ်ကြည်နူးတတ်ကြတဲ့ ချစ်စရာဇနီးမောင်နှံလေးကို ပရိသတ်တွေကလည်း အတော်လေး လက်ခံအားပေးခဲ့ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Surprise လေးတွေ လုပ်တတ်ကြပြီး ရင်ထဲက ချစ်ခြင်းမေတ္တာကို ပုံဖော်ခဲ့ကြပါတယ်။ ဒီနှစ်ရွှေထူးရဲ့မွေးနေ့မှာတော့ သဲတစ်ယောက် ဘယ်လိုလက်ဆောင်လေးပေးမယ်ဆိုတာကိုတော့ ရွှေထူးနဲ့အတူ အားလုံးက ထပ်တူရင်ခုန်နေကြပါတယ်။

ကျားကျားကိုစနောက်ထားတဲ့ Video လေးကို ” present လိုချင် နေ တဲ့ ကောင်လေး
present ပေး ရန် စိတ် လှုပ်ရှား နေ သော မိမိ ” ဆိုပြီး ဝေမျှခဲ့ပြီး Video ထဲမှာတော့ ကိုရွှေထူးတစ်ယောက် စိတ်လှုပ်ရှားလို့ ချွေးတွေတောင်ပျံနေခဲ့ပါတယ်။ သဲကိုယ်တိုင်လည်း ဒီလက်ဆောင်လေးကိုပေးရမှာစိတ်လှုပ်ရှားတယ်ဆိုတော့ ဘာလက်ဆောင်လေးများ ဖြစ်နေမလဲမသိဘူးနော်။

Photo – Shwe Mhone Yati
Happy – Cele Gabar

Top
//thefacux.com/4/3018672