လိမ္နည္း ကုိးဆယ္ ဝါနီးကုိးဆယ္ရန္မွ ေဝးပါေစ

႐ိုးသားတဲ့ ​ေတာသူ​ေတာင္​သား​ေတြလိမ္​စားခံရျခင္​းမ႐ွိ​ေစရန္​

လိမ္နည္း ကုိးဆယ္ ဝါနီးကုိးဆယ္ရန္မွ ေဝးပါေစ

မေျပာမၿပီး

လြန္ခဲ့တဲ့ ၁၀နွစ္ေလာက္ကသထံု ဒူးရင္းဆိပ္ ဘက္မွာ ေဆးကုတဲ့ ဗိ​ေႏၶာဆရာတစ္​ဦးေပၚဖူးပါတယ္

သူကုပံုက ေသြးေဆးေလးတိုက္ၿပီးမန္းမႈတ္လိုက္တာနဲ႔တေအာင့္ေနအန္ထြက္တာပါဘဲအန္တဲ့အထဲ ေရာဂါရွိရင္ အသားစေတြပါၿပီး

ေရာဂါမရွိရင္ဘာမွမပါဘူးေပါ့ေရာဂါတစ္ခုခုျဖစ္ေနလို႔သြားသူတိုင္းအန္တဲ့အထဲအသားစပါတယ္အဲ့တာထြက္ၿပီးတာနဲ႔ သူမ်ားလုပ္ထားတာအပင္းေတြထြက္လာတာ ခုအပင္းမရွိေတာ့ဘူးက်န္တာ ဆရာ၀န္နဲ႔ျပန္ကု ေပ်ာက္ၿပီတဲ့ေရမန္းေလးပါအဆစ္ေပးလိုက္ေသး

ကဲ!!

အသားစထြက္တယ္ဆိုလို႔အံ့ၾသေနၾကမလားဒါကနည္းသိရင္အလြယ္ေလးပါျမင္းရဲ႕အဆုတ္ လတ္လတ္ဆတ္ဆတ္ကိုေသးေသးတံုးၿပီးေနပူလွမ္းလိုက္ရင္ ဆီး(ဇီး)းမႈန္႔ အၾကမ္းေလာက္ကိုက်ံဳ႕ပါတယ္

အဲ့တာကိုေသြးေဆးေလးနဲ႔ေရာၿပီးအန္တဲ့ေဆးပါေရာထားေတာ့ ေဆးေသာက္ၿပီးတေအာင့္ၾကာရင္ ျပန္အန္ထြက္ပါတယ္ျမင္းရဲ႕အဆုတ္ဟာ ေရနဲ႔ခဏစိမ္တာနဲ႔ မူလအတိုင္းျပန္ျဖစ္ပါတယ္ အေရာင္ကလည္​း ရဲေနပါတယ္

အန္တဲ့အထဲအေရာင္ရဲရဲနဲ႔ အသားစေတြပါလာေတာ့အပင္းထြက္တယ္ဆိုၿပီးလူနာေတြကေက်နပ္ၾကတာေပါ့ လွဴလိုက္ၾကတာလည္​းေသာက္ေသာက္လဲေပါ့ မၾကာပါဘူး အလိမ္ေပၚၿပီးေျပးရေရာလား

ရွိပါေသးတယ္

ဆံပင္ခ်ည္ေတြထည္​့လံုးထားတဲ့ေဆးလံုးေတြတိုက္ၿပီး

ဆံပင္ခ်ည္ေတြ ထြက္လာတာမ်ိဳးခုလည္​း ရွမ္းျပည္က ဗိ​ေႏၶာဆရာတစ္ဦး​က ခ်က္ထဲကေန​ေက်ာက္ထုတ္တယ္တဲ့

အသားစနဲ႔ေက်ာက္ခဲအေသးေလးေတြေရာၿပီးေျခာက္ေအာင္လုပ္ထားတဲ့ဟာကိုကြမ္း႐ြက္ေလးအုပ္ၿပီး ခ်က္ေပါက္ထဲထည့္ဗိုက္ကပူေနေတာ့ခ်က္တြင္းကလည္​း နက္ေနတယ္ေလၿပီးေတာ့ေရေလးဆြတ္ဆြတ္ၿပီးႏူးလာေတာ့မွဆြဲထုတ္တာ

တစ္ခါထဲဆြဲထုတ္လိုက္လည္​း ရတဲ့ဟာကိုတစ္ဖက္ကတုတ္နဲ႔ဖိထားၿပီးးေသးေသးတစ္​စစီထုတ္ျပတာနည္းပညာေလးနဲနဲသံုးၿပီးလိမ္တာမ်က္လွည့္ေလာက္ေတာင္အဆင့္မရွိဘူးရိုးသားတဲ့ေတာသူေတာင္သားေတြအမ်ားဆံုးခံရတာ

လူအခ်င္းခ်င္းလွည့္ပါတ္ျခင္း ကင္းရွင္းၾကပါေစ…

(A MA YAR)credit

Unicode

ရိုးသားတဲ့ ​တောသူ​တောင်​သား​တွေလိမ်​စားခံရခြင်​းမရှိ​စေရန်​

လိမ်နည်း ကိုးဆယ် ဝါနီးကိုးဆယ်ရန်မှ ဝေးပါစေ

မပြောမပြီး

လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကသထုံ ဒူးရင်းဆိပ် ဘက်မှာ ဆေးကုတဲ့ ဗိ​န္ဓောဆရာတစ်​ဦးပေါ်ဖူးပါတယ်

သူကုပုံက သွေးဆေးလေးတိုက်ပြီးမန်းမှုတ်လိုက်တာနဲ့တအောင့်နေအန်ထွက်တာပါဘဲအန်တဲ့အထဲ ရောဂါရှိရင် အသားစတွေပါပြီး

ရောဂါမရှိရင်ဘာမှမပါဘူးပေါ့ရောဂါတစ်ခုခုဖြစ်နေလို့သွားသူတိုင်းအန်တဲ့အထဲအသားစပါတယ်အဲ့တာထွက်ပြီးတာနဲ့ သူများလုပ်ထားတာအပင်းတွေထွက်လာတာ ခုအပင်းမရှိတော့ဘူးကျန်တာ ဆရာဝန်နဲ့ပြန်ကု ပျောက်ပြီတဲ့ရေမန်းလေးပါအဆစ်ပေးလိုက်သေး

ကဲ!!

အသားစထွက်တယ်ဆိုလို့အံ့သြနေကြမလားဒါကနည်းသိရင်အလွယ်လေးပါမြင်းရဲ့အဆုတ် လတ်လတ်ဆတ်ဆတ်ကိုသေးသေးတုံးပြီးနေပူလှမ်းလိုက်ရင် ဆီး(ဇီး)းမှုန့် အကြမ်းလောက်ကိုကျုံ့ပါတယ်

အဲ့တာကိုသွေးဆေးလေးနဲ့ရောပြီးအန်တဲ့ဆေးပါရောထားတော့ ဆေးသောက်ပြီးတအောင့်ကြာရင် ပြန်အန်ထွက်ပါတယ်မြင်းရဲ့အဆုတ်ဟာ ရေနဲ့ခဏစိမ်တာနဲ့ မူလအတိုင်းပြန်ဖြစ်ပါတယ် အရောင်ကလည်​း ရဲနေပါတယ်

အန်တဲ့အထဲအရောင်ရဲရဲနဲ့ အသားစတွေပါလာတော့အပင်းထွက်တယ်ဆိုပြီးလူနာတွေကကျေနပ်ကြတာပေါ့ လှူလိုက်ကြတာလည်​းသောက်သောက်လဲပေါ့ မကြာပါဘူး အလိမ်ပေါ်ပြီးပြေးရရောလား

ရှိပါသေးတယ်

ဆံပင်ချည်တွေထည်​့လုံးထားတဲ့ဆေးလုံးတွေတိုက်ပြီး

ဆံပင်ချည်တွေ ထွက်လာတာမျိုးခုလည်​း ရှမ်းပြည်က ဗိ​န္ဓောဆရာတစ်ဦး​က ချက်ထဲကနေ​ကျောက်ထုတ်တယ်တဲ့

အသားစနဲ့ကျောက်ခဲအသေးလေးတွေရောပြီးခြောက်အောင်လုပ်ထားတဲ့ဟာကိုကွမ်းရွက်လေးအုပ်ပြီး ချက်ပေါက်ထဲထည့်ဗိုက်ကပူနေတော့ချက်တွင်းကလည်​း နက်နေတယ်လေပြီးတော့ရေလေးဆွတ်ဆွတ်ပြီးနူးလာတော့မှဆွဲထုတ်တာ

တစ်ခါထဲဆွဲထုတ်လိုက်လည်​း ရတဲ့ဟာကိုတစ်ဖက်ကတုတ်နဲ့ဖိထားပြီးးသေးသေးတစ်​စစီထုတ်ပြတာနည်းပညာလေးနဲနဲသုံးပြီးလိမ်တာမျက်လှည့်လောက်တောင်အဆင့်မရှိဘူးရိုးသားတဲ့တောသူတောင်သားတွေအများဆုံးခံရတာ

လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ…

(A MA YAR)credit