ဖြိုးမြတ်အောင်ပေါင်ပေါ်ထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံနဲ့ ဆေးထိုးလိုက်တဲ့ မအေးသောင်း

Zawgyi ဖြင့်ဖတ်ရန်




မအေးသောင်းရယ်.. ဆေးထိုးကြမ်းချက်


Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက ဆယ်ကျော်သက်အရွယ်ကတည်းက အခု အရွယ်အထိ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

အေးဝတ်ရည်သောင်းက လက်တလောမှာတော့ ပြည်သူချစ် Myanmar Idol Season (3) Winner အဆိုတော် ဖြိုးမြတ်အောင်နဲ့အတူတူ ရွှေဆိုင်တစ်ခုအတွက် ကြော်ငြာရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။

မနေ့က ညက ရိုက်ကူးရေးအပြန်မှာတော့ အေးဝတ်ရည်သောင်းနဲ့ ဖြိုးမြတ်အောင်တို့ အဖွဲ့သားတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ညစာစားခဲ့ကြပါတယ်။ ထို Dinner မှာ ဖြိုးမြတ်အောင်ပေါင်ပေါ် ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံကို အေးဝတ်ရည်သောင်းက မိမိရရ ရိုက်ကူးပြီး ဆေးထိုးခဲ့ပါတယ်။

အေးဝတ်ရည်သောင်းကတော့ ဖြိုးမြတ်အောင်ကို စနောက်လိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင် ပေါင်ပေါ်ထိုင်နေသူလေးကို သိရင် ပြောခဲ့ကြဦးနော်။

Source : momolay