You are here
Home > အနုပညာ > ဝေဠုကျော် ဘက် မှ ကန့်ကွက် ထားတဲ့ သက်သေများအား တရားရုံး မှ ခွင့်ပြု

ဝေဠုကျော် ဘက် မှ ကန့်ကွက် ထားတဲ့ သက်သေများအား တရားရုံး မှ ခွင့်ပြု

ပြီးခဲ့တဲ့ အပတ် ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော် ဘက်မှ လျှောက်လွှဲ ချက်တင် ကန့်ကွက်ခဲ့တဲ့ သင်းသင်းဘက်မှ သက်သေများကို တရားရုံး မှ ယနေ့၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ခွင့်ပြုကြောင်း အမိန့် ချမှတ် ခဲ့ပါတယ်။

တရားလိုဖြစ်သူ သင်းသင်း ဘက်မှ တရားရုံးသို့ သက်သေအဖြစ် တင်သွင်း ထားသော သက်သေခံ အသံဖိုင်များကို ဝေဠုကျော်ဘက်မှ စက်တင်ဘာလ ၅ ရက်နေ့ ရုံးချိန်း မှာ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

နောက်တကြိမ် ရုံးချိန်း ကိုတော့ စက်တင်ဘာလ ၂၇ ရက်နေ့ကို ချိန်းဆိုခဲ့ပြီး သက်သေခံ အသံဖိုင် များကို ဆက်လက် စစ်ဆေးသွား မယ်လို့ သိရပါတယ်။

Credit-ဧရာဝတီ

Top
//intorterraon.com/4/3018672