You are here
Home > အနုပညာ > ျမန္မာစာကြန္ပ်ဴတာေလာကေျပာင္းလဲဖို႔ အားျဖည့္ပါဝင္လာတဲ့ စိုင္းစိုင္း

ျမန္မာစာကြန္ပ်ဴတာေလာကေျပာင္းလဲဖို႔ အားျဖည့္ပါဝင္လာတဲ့ စိုင္းစိုင္း

စိုင္းစိုင္းခမ္းလႈိင္ဟာဆိုရင္ အသက္အ႐ြယ္မ်ိဳးစုံ ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးရတဲ့ အမ်ိဳးသားအႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ေအာင္ျမင္မႈကို ၾကာရွည္စြာထိန္းထားႏိုင္တဲ့ ထိပ္တန္းရွားရွားပါးပါးအႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြ အ႐ြယ္မ်ိဳးစုံ အားေပးတဲ့ စိုင္းစိုင္းကေတာ့ တစ္ပုဒ္ဆိုတစ္ပုဒ္ ပရိသတ္ ပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ လုပ္ႏိုင္ေသာ အႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။ သူဘာလုပ္လုပ္ အျပည့္အ၀ ေထာက္ခံအားေပးရေလာက္ေအာင္ ပရိသတ္အမာခံေတြရွိတယ္ဆိုရင္လည္း မမွားပါဘူးေနာ္။ႏွစ္တိုင္း ဧၿပီ၁၀ ရက္ေန႔ဟာ စိုင္းစိုင္း ေမြးေန႔ ျဖစ္ၿပီး ႏွစ္တိုင္း သူ႔ေမြးေန႔ မွာက်င္းပေလ့ ရွိတဲ့စိုင္းစိုင္း Birthday Show ဟာလည္း ေၾကာက္ခမန္းလိလိ ပရိသတ္မ်ား ကြင္းလုံးျပည့္အားေပးၾကမ္းတာ အမွန္ပါပဲေနာ္။

အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲ အႏုပညာရွင္ျဖစ္တာေၾကာင့္ တခ်ိဳ႕ ေသာ အမ်ိဳးသားပရိသတ္ေတြရဲ႕ Troll ျခင္းခံရတာေတြေတာ့ရွိတယ္လို႕ ဆိုရမွာပါ။ စိုင္းစိုင္းကို အားေပးတဲ့ ပရိသတ္ ဘယ္ေလာက္ မ်ားလဲ ဆို ရင္ ႏွစ္စဥ္ႏွစ္တိုင္း သူ႔ရဲ႕ ေမြးေန႔ Show ကိုလာတဲ့ ပရိသတ္ အေရ အတြက္ကို ၾကည့္ရင္သိႏိုင္ပါတယ္။အမ်ိဳး သမီး ပရိသတ္ အခိုင္အမာရွိထားသူမို႔ အႏုပညာ အလုပ္တင္မကပဲ SAI Cosmetix ဆိုၿပီး စီးပြားေရးလုပ္ငန္း လုပ္ျပန္ေတာ့လည္း အရမ္းကို အားေပးၾကတာေတြ႕ရပါတယ္။ထို႕ျပင္စိုင္းစိုင္းဟာ ေလေၾကာင္းလိုင္းႏွစ္ခုရဲ႕ သံတမန္တစ္ဦးပဲ ျဖစ္ပါတယ္။

စိုင္းစိုင္းကေတာ့ သူ႔ရဲ႕ပရိသတ္ေတြကို ” ကြၽန္ေနာ္ ဟိုးအရင္ကတည္းက ေဇာ္ဂ်ီ Font ကို အဓိကသုံးခဲ့သူျဖစ္ပါတယ္။ဒီေန႔ကစၿပီးေတာ့ ႏိုင္ငံက တရားဝင္ စံသတ္မွတ္ထားတဲ့ ယူနီကုဒ္ Font ကို အားလုံးနဲ႔အတူတူ အဓိကသုံးပါေတာ့မယ္။(႐ုတ္တရက္ လုံးဝေျပာင္းလိုက္ရင္ က်ေနာ့္မိတ္ေဆြေတြထဲမွာ မေျပာင္းေသးတဲ့သူေတြရွိမွာဆိုေတာ့ ယူနီကုဒ္နဲ႔ေရာ ေဇာ္ဂ်ီနဲ႔ေရာ ႏွစ္ခုတင္ပါမယ္ တျဖည္းျဖည္းနဲ႔ေတာ့ အားလုံး တေျပးညီ Standard တစ္ခုတည္းသုံးဖို႔ ဆႏၵျပဳပါတယ္ခင္ဗ်ာ )။ ” ဆိုၿပီး ပရိသတ္ေတြအတြက္ ယူနီကုဒ္ Font အသုံးျပဳေစလိုေသာ ဥပမာေလးေတြနဲ႔ ေျပာျပခဲ့တာျဖစ္ၿပီး

ယူနီကုဒ္ကို စံသတ္မွတ္တာဟာလည္း International Standard အတိုင္းျဖစ္ေစခ်င္တာေၾကာင့္ သူႏွင့္အတူတူ Unicode Font သုံးၾကဖို႔ တိုက္တြန္းခဲ့တာပဲ ျဖစ္ပါတယ္။စိုင္းစိုင္းကေတာ့ သူေျပာၾကားခ်က္ေတြမွာ မွားေနတာေတြပါရင္လည္း ျပင္ဆင္ေထာက္ျပေပးဖို႔ ေမတၱာရပ္ခံခဲ့တာပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း စိုင္းစိုင္းရဲ႕ထင္ျမင္ခ်က္ေလးကို သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source :Sai Sai Kham Leng
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မြန်မာစာကွန်ပျူတာလောကပြောင်းလဲဖို့ အားဖြည့်ပါဝင်လာတဲ့ စိုင်းစိုင်း”

စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အသက်အရွယ်မျိုးစုံ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ အမျိုးသားအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူဘာလုပ်လုပ် အပြည့်အ၀ ထောက်ခံအားပေးရလောက်အောင် ပရိသတ်အမာခံတွေရှိတယ်ဆိုရင်လည်း မမှားပါဘူးနော်။နှစ်တိုင်း ဧပြီ၁၀ ရက်နေ့ဟာ စိုင်းစိုင်း မွေးနေ့ ဖြစ်ပြီး နှစ်တိုင်း သူ့မွေးနေ့ မှာကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း ကြောက်ခမန်းလိလိ ပရိသတ်များ ကွင်းလုံးပြည့်အားပေးကြမ်းတာ အမှန်ပါပဲနော်။

အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတာတွေတော့ရှိတယ်လို့ ဆိုရမှာပါ။ စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။အမျိုး သမီး ပရိသတ် အခိုင်အမာရှိထားသူမို့ အနုပညာ အလုပ်တင်မကပဲ SAI Cosmetix ဆိုပြီး စီးပွားရေးလုပ်ငန်း လုပ်ပြန်တော့လည်း အရမ်းကို အားပေးကြတာတွေ့ရပါတယ်။ထို့ပြင်စိုင်းစိုင်းဟာ လေကြောင်းလိုင်းနှစ်ခုရဲ့ သံတမန်တစ်ဦးပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ သူ့ရဲ့ပရိသတ်တွေကို ” ကျွန်နော် ဟိုးအရင်ကတည်းက ဇော်ဂျီ Font ကို အဓိကသုံးခဲ့သူဖြစ်ပါတယ်။ဒီနေ့ကစပြီးတော့ နိုင်ငံက တရားဝင် စံသတ်မှတ်ထားတဲ့ ယူနီကုဒ် Font ကို အားလုံးနဲ့အတူတူ အဓိကသုံးပါတော့မယ်။(ရုတ်တရက် လုံးဝပြောင်းလိုက်ရင် ကျနော့်မိတ်ဆွေတွေထဲမှာ မပြောင်းသေးတဲ့သူတွေရှိမှာဆိုတော့ ယူနီကုဒ်နဲ့ရော ဇော်ဂျီနဲ့ရော နှစ်ခုတင်ပါမယ် တဖြည်းဖြည်းနဲ့တော့ အားလုံး တပြေးညီ Standard တစ်ခုတည်းသုံးဖို့ ဆန္ဒပြုပါတယ်ခင်ဗျာ )။ ” ဆိုပြီး ပရိသတ်တွေအတွက် ယူနီကုဒ် Font အသုံးပြုစေလိုသော ဥပမာလေးတွေနဲ့ ပြောပြခဲ့တာဖြစ်ပြီး

ယူနီကုဒ်ကို စံသတ်မှတ်တာဟာလည်း International Standard အတိုင်းဖြစ်စေချင်တာကြောင့် သူနှင့်အတူတူ Unicode Font သုံးကြဖို့ တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။စိုင်းစိုင်းကတော့ သူပြောကြားချက်တွေမှာ မှားနေတာတွေပါရင်လည်း ပြင်ဆင်ထောက်ပြပေးဖို့ မေတ္တာရပ်ခံခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း စိုင်းစိုင်းရဲ့ထင်မြင်ချက်လေးကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Sai Sai Kham Leng
Shwe Poe – CeleGabar

Top
//sotchoum.com/4/3018672