
ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသွေးဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ဘောလုံးကန်ရင်း အမောဖောက်ရာမှ လဲကျခဲ့ပြီး ပါရမီ ဆေးရုံ သို့ အရေးပေါ် ပို့ဆောင်ခဲ့ပေမယ့် အသက်မမီခဲ့ဘဲ ကွယ်လွန်ခဲ့ပါတယ်။
သေဆုံးချိန်မှာ မင်းသွေးဟာ အသက် ၃၃နှစ် ရှိပြီဖြစ်ပြီး သူကွန်လွယ်မှုအပေါ်ပရိသတ်များနှင့် အနုပညာရှင်းများ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။
အခုတစ်ခါမှာတော့ မင်းသွေးတစ်ယောက် လူပြန်ဝင်စားပြီလို့ သတင်းများ ထွက်ပေါ်လာပါတယ်။လူမှုကွန်ရက်ပေါ် “အရှင်နာရဒ” အကောင့်မှ အခုလို ဖော်ပြထားပြီး မှတ်ချက်အမျိုးမျိုးပေးထားကြပါတယ်.။ ပရိသတ်ကြီး ရော မှတ်ချက်ပေးသွားပါဦး။
“မင်းသွေး”
“‘ယောက်ျား ညက အိပ်မက် ထူးခြားတယ်သိလား ‘ဘာတွေမက်လို့လဲ နန်း .. ထီဂဏန်းလား ….?“ဟုတ်ပါဘူး ဆုံးသွားတဲ့ ဟိုမင်းသား မင်းသွေးလေသူ့ကိုမက်တာ … အိပ်မက်ထဲ သူနဲ့တွေ့ပြီး စကားပြောရတယ်” “ဘာတွေပြော”သူ ကျမရှေ့မှာ လာထိုင်နေတယ် မျက်နှာလဲ မသာမယာနဲ့ဟဲ့ … “နင် မင်းသွေးမဟုတ်လား …လို့ မေးလိုက်တယ်ဟုတ်တယ်အမတဲ့ …ဟင် နင်က သေပြီးပြိလေ ဘာလို့ ဒီမှာလာထိုင်နေတာလဲ..?“ကျနော် အမတို့နဲ့ လာနေချင်လို့ပါ” …“ဟဲ့ နင်က သေပြီးပြိ ငါတို့နဲ့ ဘယ်လိုနေလို့ဖြစ်မလဲ”ကျမအဲလိုပြန်ပြောပြီး အိပ်မက်က ဟိုရောက်ဒီရောက်ဖြစ်သွားတယ် ။
“နန်းရယ် နင် ဖေ့ဘုက်တွေဖတ်ပြီး သူ့ကိုစိတ်စွဲလို့ ဖြစ်ပါလိမ့်မယ်” …“သူဆုံးတာ နှစ်လကျော်နေပြီလေ သူ့သတင်းတွေလဲဖေ့ဘုက်မှာ မတက်လာတော့ပါဘူး ကျမလဲ သူ့သတင်းတွေ မေ့မေ့ပျောက်ပျောက်ဖြစ်နေပါပြီ စိတ်စွဲလမ်းတာတော့ မဖြစ်ဘူး ယောက်ျားရဲ့” .. “ဒါဆိုလဲ နန်း ဘုရားရှိခိုးပြီး သူ့ကိုအမျှဝေပေးလိုက်ပေါ့ ပြိးရင် နင် ငါတို့ဆီ တကယ်လာနေချင်တယ်ဆိုရင် သုံးခါတိတိ အိပ်မက်ပေးပါလို့ ပြောထားလိုက် ..ပြီးရင် စောင့်ကြည့်ကြတာပေါ့” …. ။
အဲဒီညမှာပါပဲ မနေ့က ပုံစံအတိုင်း တထေရာတည်း ပုံစံတူ အိပ်မက်မျိုး ပြန်မက်လာတယ် …မနက်မိုးလင်း ယောက်ျားကို ပြောပြတော့ နင်လာမယ်ဆိုရင် အမှတ်အသားတခုခု လုပ်လာလို့ပြောထားလိုက်လို့ ယောက်ျားဖြစ်သူ အကြံပေးလိုက်သည် .မောင်နှမ သုံးယောက် မိသားစု နှစ်စုစက်ရုံအလုပ်ရုံနဲ့ နီးတဲ့ ဆိပ်ငြိမ်ရပ်ကွက်လေးတခုကလုံးချင်းအိမ်လေးတလုံးမှာ စုပေါင်းငှါးနေကြသည်အိမ်ထောင်သည်တွေလဲဖြစ် မောင်နှမများလဲ ဖြစ်ကြတော့သင့်သင့်မြတ်မြတ်ရှိကြသည် အသောက်အစားမရှိကြအားလုံး အလုပ်ကပြန်ရောက် ညစာစားပြိး လူတိုင်းဘုရားကန်တော့ပြီးမှ အိပ်ရာဝင်ကြသည် အိမ်ဦးခမ်းမှာဘုရားခန်းကိုလဲ သိးသိးသန့်သန့် သပ်သပ်ရပ်ရပ် ပူဇော်ထားသည် ။
မနက်လင်းတော့ ယောက်ျားဖြစ်သူ စမေးလာသည်ညက “ထူးခြားသေးလားနန်း” ….“ထူးခြားတယ် ယောက်ျား အရင်ကညတွေက ပုံစံအတိုင်းပဲယောက်ျားပြောသလို သူပြောသွားတယ်”အမ ကျနော်လာမယ်နော် …ကျနော့် ဘယ်ဘက် ခြေတောက်မှာအမှတ်အသားပေးထားပြိးပြီ … အင်းလေ ဒါဆိုလဲ လာပေါ့ လို့ပြောပြိး ပျောက်သွားတယ် ….“သတ္တ၀ါတခု ကံတခုပေါ့ နန်းရယ်သူလာချင်နေတာ တို့ တားလို့ရတာလဲ မဟုတ်တို့နဲ့ ကံစပ်ရင် သူရောက်လာချင် ရောက်လာမှာပေါ့”
နန်းတို့ အိမ်ထောင်ကျပြီး ၇ လအကြာမှာ အထက်ပါ အဖြစ်အပျက်များ ဖြစ်လာခဲ့သည်နန်းနဲ့ မင်းသွေး နေတိုး တို့ဆိုတဲ့ နိုင်ကျော်မင်းသားတွေနဲ့ဘယ်လိုမှ မပတ်သက်ခဲ့ဘူး နန်းက သာမန် ဆင်းရဲသူအများနည်းတူ မလေးရှားသွား အလုပ်လုပ်ရင်းသူနဲ့ အကြောင်းပါလို့ နောက်တခေါက် မလေးရှားပြန်ပြီသူနဲ့ အိမ်ထောင်ပြုဖြစ်တယ် သူ့နာမည်က ကိုအောင်ကျော်ဇောကိုအောင်နဲ့ အကြောင်းပါပြီး သူ့အလုပ်မှာပဲ လိုက်နေရင်းလင်းမယားနှစ်ယောက်လုံး သူတို့အလုပ်မှာပဲ အတူလုပ်ကြတာတရက် နန်းနေမကောင်းလို့ ဆေးခန်းသွားပြတော့နန်းမှာ တလသား ကိုယ်ဝန်လွယ်ထားရပြီဆိုတာ သိခဲ့ရတယ်ဒီလို အိပ်မက်တွေ မက်ရလောက်အောင် မင်းသွေး တို့နဲ့ နန်းတို့ ဘာဆိုဘာမှ မပတ်သက်ခဲ့ဘူး စကားလဲမပြောဘူး တယောက်ကို တယောက်လဲ မတွေ့ခဲ့ဖူးဘူး
တခုတော့ရှိတယ် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဇလပ်ပြင်ရွာ ငယ်လေးမှာ အတူတူ လူဖြစ်ခဲ့ကြတာပဲ ရှိတာ အိပ်မက်က သုံးခါတိတိမက်ရုံနဲ့ မပြီးသေးဘူး နောက်တရက်ဆက်မက်ခဲ့သေးတယ် အိပ်မက်ထဲ ရွာမှာ လျောက်သွားနေတုန်းအဒေါ်ကြီးအရွယ် အမျိုးသမိးကြီးတယောက်နဲ့လမ်းမှာဆုံးကြရင်း …. “ဟဲ့ သမီး ဒီနေ့ မင်းသွေး တလပြည့်ဆွမ်းတရားနာတာ ညဉ်းမသွားဘူးလား” …“ကျမ ဘာလို့သွားရမှာလဲ ကျမနဲ့လဲ မပတ်သက်ဘူးကျမကိုလဲ မဖိတ်ပါဘူး”လို့ ပြန်ပြောလိုက်တော့အဲလိုဘယ်ဟုတ်မလဲ တရွာတည်းသားဆိုတာဖိတ်ဖိတ် မဖိတ်ဖိတ် သွားရတယ် ဆိုမှ …အော် … ဟုတ် ကျမ သွားလိုက်ပါ့မယ် အန်တီ လို့ပြောပြီး မင်းသွေးတို့အိမ်ရောက်သွားတယ်ကျမရောက်သွားချိန်မှာ အမျှဝေနေပြီ ကျမလဲ နောက်နားဝင်ထိုင်ရင်း သာဓုခေါ်ပြီးပြန်ခဲ့တယ် ။။
ပရိတ်တရားနာပြီး မင်းသွေးဝင်စားတယ်လို့ ထင်ရတဲ့ ကလေးအမေကိုယ်တိုင်ကဒီကလေးလေးရဲ့ ကိုယ်ဝန်လွယ်ထားချိန်ကထူးခြားတဲ့ အိပ်မက်အကြောင်းတွေကိုကိုယ်တိုင်ပြောပြလာလို့အလျင်းသင့်သလို ပြန်လည် စာစီလိုက်မိသည်
“ဒါနဲ့ သမိး သူအမှတ်အသားပေးခဲ့တယ် ဆိုတာကရော”“တင်ပါ သူ့ဘယ်ဘက်ခြေတောက် ပေါင်လည်မှာဘုရားမွေးခါစကတော့ အတော်ထင်ထင်ရှားပါဘုရားအခု ငါးလသားမှာ နည်းနည်း အရောင် မိန်လာနေတယ်ဘုရား” တဲ့ဒါနဲ့ ကလေးမောင်လေးကို လှန်ကြည့်မိတော့
အမှတ် မဲမဲရောင်လေးကို တွေ့ခဲ့ရသည်ကံ ကံရဲ့ အကြိုးတရားကို ယုံကြည့်ကြတဲ့ဗုဒ္ဒဘာသာဝင်တွေ အတွက် လူဝင်စားကိစ္စဆိုတာအဆန်းတကြယ်တော့မဟုတ် သံသရာဆိုတာနဲ့တွဲဖက်ပြီး လူဝင်စား ဆိုတာ ယုံကြည့်လက်ခံပြီးသားတခုပဲ တကယ်မင်းသွေး ဟုတ်မဟုတ်ဆိုတာတော့ဒီကလေးလေး စကားပြောတတ်ခါစအရွယ်မှာစောင့်ကြည့်ပြီး သူ့ဘ၀နောက်ကြောင်းတွေတစွန်းတစ ပြန်ပြောပြလာနိုင်တယ်ဆိုရင် …
အရှင်နာရဒ Malaysia ဖြည့်စွက်ချက်
ကလေးမိဘများ နှင့် မလေးရှားမှာ ရင်းနှီးကျွမ်းဝင်တာကြာပေမယ့် အိမ်ထောင်ကျပြိးကတည်းကမတွေ့တာကြာလို့ သူတို့နေတဲ့ အိမ်ထဲ အလည်သွားတွေ့မိတယ် သားလေးတယောက် ဖွါးမြင်ကြောင်း ကိုယ်ဝန်လွယ်ပြီး တလ လောက်မှာယခုလို အိပ်မက်တွေပေးကြောင်း ပြောပြလာတယ်ဦးဇင်းရောက်သခိုက် ပတ်ဝန်ကျင်က မြန်မာများလဲသံဃာကြွလာတယ်ဆိုတော့ တရားနာလိုကြောင်းတောင်းဆိုလို့ သီလပေး တရားပေး တရားဆွေးနွေးပေးရတာ အချိန် ၂ နာရီကျော်ကြာသွားခဲ့တယ်စေ့စေ့စပ်စပ် ကလေးနဲ့ ပတ်သက်ပြိး မပေးမြန်မိခဲ့မင်းသွေးဆိုတာ ဆုံးပါးသွားမှ မင်းသာ နေတိုးညီသူလဲ ရုပ်ရှင်မင်းသားဆိုတာ သိခဲ့တာသူဆုံးတဲ့ ရက်နေ့လတွေ အမှတ်တမဲ့သာဒီပိုစ့်ကို ရေးမိလိုက်တော့
ထောက်ပြဝေဘန်လာတာတွေ တွေ့မှ ဟုတ်သားပဲလို့ သတိထားမိလိုက်တယ် .. အဘိဓမ္မာသဘောတရားအရသဘာဝနိယာမအရ ရက်နဲ့ တွက်ကြည့်ရင်မဖြစ်နိုင်တာတွေ့ရလို့ ကလေးမိဘများကိုကလေးအသက်ကို ပြန်လည်မေးကြည့်မိမှရက်လ တွေ သိပ်ကွာဟတာ မတွေ့ရဖြစ်မယ်ဆိုလဲ ဖြစ်နိုင်ခြေရှိသလိုဖြစ်ကောင်းမှလဲ ဖြစ်ပါလိမ့်မယ် …ကလေးမိဘများဘက်ကတကယ့်ကို ရိုးရိုးသားသား ဘာရည်ရွယ်ချက်မှမရှိထူးခြားလို့ ဦးဇင်းကို တိုင်ပင်ပြောပြရုံသက်သက်သာဦးဇင်းဘက်ကလဲ မင်းသွေးတို့ အမျိုးအဆွေတွေ
အနေဲ့ သူ လူပြန်ဖြစ်နိုင်တယ်ဆိုတာ ကောင်းသတင်းမို့ရိုးရိုးသားသား ရေလိုက်မိခြင်းသာဖြစ်၏ကွန်မန့်မှာ ဆဲဆူခြင်း မတရားစွပ်စွဲခြင်းများကကလေးမိဘများအတွက် နစ်နာစေတဲ့အတွက်ပြောစရာရှိရင် ဦးဇင်းဆီသာ တိုက်ရိုက် ဆက်သွယ်၊ ဆဲလိုကဆဲ ပြောလိုကပြောနိုင်ကြောင်းအသိပေးအပ်ပါသည်
အရှင်နာရဒ (၀၁၈ ၆၆၉၉ ၃၁၅)