You are here
Home > အနုပညာ > ေထာင္ ​၁၀ နွစ္​အထိက်ခံရမည္​့ ပုဒ္​မ (၃၀၇) ျဖင္​့ အမႈဖြင္​့အေရးယူခံထားရသည္​့ သရုပ္​ေဆာင္​ လင္​းလက္​ဟိန္​း

ေထာင္ ​၁၀ နွစ္​အထိက်ခံရမည္​့ ပုဒ္​မ (၃၀၇) ျဖင္​့ အမႈဖြင္​့အေရးယူခံထားရသည္​့ သရုပ္​ေဆာင္​ လင္​းလက္​ဟိန္​း

Zawgyi ျဖင့္ဖတ္ရန္ (Unicode သမားမ်ား ေအာက္ဆင္းဖတ္ရန္)

သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ သံတုတ္၊ ကပ္ေၾကးကိုင္ကာ ရမ္းကားၿပီး လာေရာက္ ထိန္းသိမ္းသူမ်ားကို ရန္ျပဳသျဖင့္ သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကို သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးထားေၾကာင္း စက္တင္ဘာ ၁၉ ရက္တြင္ ရဲတပ္ဖြဲ႕မွ စုံစမ္းသိရွိရသည္။

စက္တင္ဘာ ၁၉ ရက္ နံနက္ ၅ နာရီခြဲခန႔္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ဆယ္သိန္းရပ္ကြက္ ရတနာပုံလမ္းတြင္ အမ်ိဳးသားတစ္ဦး ဓားကိုင္ကာ မူးယစ္ေသာင္းက်န္းေနေၾကာင္း သိရသျဖင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ ရပ္ကြက္ဥကၠ႒တို႔မွ ထိန္းသိမ္းရန္ သြားေရာက္ခဲ့ရာ ရမ္းကားေသာင္းက်န္းေနသူမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ လင္းလက္ဟိန္းျဖစ္ၿပီး ၄င္း၏ ညာဘက္လက္တြင္ အရွည္သုံးေပခန႔္ရွိ ဟင္ဂဟန္သံျပား တစ္ေခ်ာင္းအား လည္းေကာင္း၊ ဘယ္ဘက္လက္တြင္ ရွစ္လက္မခန႔္ရွိ လက္ကိုင္ကြင္းပါ ကတ္ေၾကးအား လည္းေကာင္း ကိုင္ေဆာင္ကာ ရမ္းကားေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္

တာဝန္ရွိသူမ်ားက လက္နက္မ်ားအား ေအာက္ခ်၍ အသာတၾကည္ အဖမ္းခံရန္ အႀကိမ္ႀကိမ္ ေျပာဆိုခဲ့ေသာ္လည္း လက္မခံဘဲ လက္ထဲတြင္ အသင့္ကိုင္ေဆာင္ထားသည့္ သံတုတ္ျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအား ႐ိုက္ႏွက္ခဲ့သျဖင့္ အုပ္ခ်ဳပ္ေရးမႉး၏လက္တြင္ ႏွစ္လက္မခန႔္ ပြန္းရွဒဏ္ရာ တစ္ခ်က္ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ လာေရာက္ ထိန္းသိမ္းသည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို လက္ထဲရွိ ကတ္ေၾကးျဖင့္ ေျပးထိုးစဥ္ ရဲတပ္ဖြဲ႕ဝင္က အသင့္ကိုင္ေဆာင္ထားသည့္ ၁၂ ဗို႔ ပန႔္အက္ရွင္ေသနတ္ျဖင့္ ၄င္း၏ေအာက္ပိုင္းကို တစ္ခ်က္ပစ္ခတ္ကာ လုံးေထြး ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

“ ရပ္ကြက္ကလူေတြက ၁၉၉ ကို ဖုန္းဆက္ အေၾကာင္းၾကားတယ္။ ၁၉၉က သတင္းရေတာ့ သက္ဆိုင္ တဲ့ ၿမိဳ႕နယ္ရဲစခန္းကို အေၾကာင္းၾကားတယ္။ ၿမိဳ႕နယ္ရဲစခန္းက သြားၿပီး ထိန္းသိမ္းတဲ့ ရဲေတြက လက္နက္ခ် အဖမ္းခံဖို႔ ေျပာတာလက္မခံဘဲ ခုခံလို႔ ေသနတ္နဲ႔ ပစ္ဖမ္းလိုက္တာလို႔ သိရတယ္။ လက္ရွိမွာေတာ့ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ အမႈဖြင့္အေရးယူဖို႔ ဆက္လုပ္ေနတယ္လို႔ သိရတယ္” ဟု ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

ယင္းသို႔ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရမႈေၾကာင့္ သ႐ုပ္ေဆာင္ လင္းလက္ဟိန္း (ခ) သန္းထိုက္ဦး (၃၆ ႏွစ္) ၏ ညာဘက္ေပါင္ရင္းတြင္ ေပါက္ၿပဲဒဏ္ရာ သုံးခ်က္ရရွိခဲ့ၿပီး ၄င္းအား သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ)သန္းထိုက္ဦး၊ (၃၆)ႏွစ္ (သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ရတာနာပုံလမ္း၊ ဆယ္သိန္းရပ္ကြက္ေနသူ)ကို သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၇ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။ပုဒ္မ-၃၀၇ ဆိုသည္မွာ ျပဳလုပ္မႈတစ္ခုခုကို ျပဳရာတြင္ ေသျခင္းကိုျဖစ္ေစခဲ့သာ္(သို႔)

လူသတ္မႈေျမာက္ႏိုင္မည့္ ျကံရြယ္ခ်က္ျဖင့္လည္းေကာင္း၊ ထိုကဲ့သို႔ေသာ
(ျပဳလုပ္မႈတခုခုကို ျပဳရာတြင္ ေသျခင္းကိုျဖစ္ေစခဲ့ေသာ္ လူသတ္မႈေျမာက္ႏိုင္မည့္)ပတ္ဝန္းက်င္ေၾကာင္းျခင္းရာျဖင့္လည္းေကာင္း၊ မည္သူမဆို၊ ျပဳလုပ္မႈတစ္ခုခုကိုျပဳလွ်င္၊ ထိုသူကို (၁၀)ႏွစ္ထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳး ခ်မွတ္ရမည့္ျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟု ျပဌန္​းထားပါေၾကာင္​းသိရပါသည္​

Unicode ျဖင့္ဖတ္ရန္

သင်္ဃန်းကျွန်းမြို့နယ်တွင် သံတုတ်၊ ကပ်ကြေးကိုင်ကာ ရမ်းကားပြီး လာရောက် ထိန်းသိမ်းသူများကို ရန်ပြုသဖြင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးထားကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတစ်ဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း သိရသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်ဥက္ကဋ္ဌတို့မှ ထိန်းသိမ်းရန် သွားရောက်ခဲ့ရာ ရမ်းကားသောင်းကျန်းနေသူမှာ ရုပ်ရှင်သရုပ်ဆောင် လင်းလက်ဟိန်းဖြစ်ပြီး ၎င်း၏ ညာဘက်လက်တွင် အရှည်သုံးပေခန့်ရှိ ဟင်ဂဟန်သံပြား တစ်ချောင်းအား လည်းကောင်း၊ ဘယ်ဘက်လက်တွင် ရှစ်လက်မခန့်ရှိ လက်ကိုင်ကွင်းပါ ကတ်ကြေးအား လည်းကောင်း ကိုင်ဆောင်ကာ ရမ်းကားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်

တာဝန်ရှိသူများက လက်နက်များအား အောက်ချ၍ အသာတကြည် အဖမ်းခံရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း လက်မခံဘဲ လက်ထဲတွင် အသင့်ကိုင်ဆောင်ထားသည့် သံတုတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူး၏လက်တွင် နှစ်လက်မခန့် ပွန်းရှဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လာရောက် ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်ထဲရှိ ကတ်ကြေးဖြင့် ပြေးထိုးစဉ် ရဲတပ်ဖွဲ့ဝင်က အသင့်ကိုင်ဆောင်ထားသည့် ၁၂ ဗို့ ပန့်အက်ရှင်သေနတ်ဖြင့် ၎င်း၏အောက်ပိုင်းကို တစ်ချက်ပစ်ခတ်ကာ လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

“ ရပ်ကွက်ကလူတွေက ၁၉၉ ကို ဖုန်းဆက် အကြောင်းကြားတယ်။ ၁၉၉က သတင်းရတော့ သက်ဆိုင် တဲ့ မြို့နယ်ရဲစခန်းကို အကြောင်းကြားတယ်။ မြို့နယ်ရဲစခန်းက သွားပြီး ထိန်းသိမ်းတဲ့ ရဲတွေက လက်နက်ချ အဖမ်းခံဖို့ ပြောတာလက်မခံဘဲ ခုခံလို့ သေနတ်နဲ့ ပစ်ဖမ်းလိုက်တာလို့ သိရတယ်။ လက်ရှိမှာတော့ မြို့နယ်ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူဖို့ ဆက်လုပ်နေတယ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရမှုကြောင့် သရုပ်ဆောင် လင်းလက်ဟိန်း (ခ) သန်းထိုက်ဦး (၃၆ နှစ်) ၏ ညာဘက်ပေါင်ရင်းတွင် ပေါက်ပြဲဒဏ်ရာ သုံးချက်ရရှိခဲ့ပြီး ၎င်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ ဆယ်သိန်းရပ်ကွက်နေသူ)ကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ပုဒ်မ-၃၀၇ ဆိုသည်မှာ ပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သာ်(သို့)

လူသတ်မှုမြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့်လည်းကောင်း၊ ထိုကဲ့သို့သော
(ပြုလုပ်မှုတခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့်)ပတ်ဝန်းကျင်ကြောင်းခြင်းရာဖြင့်လည်းကောင်း၊ မည်သူမဆို၊ ပြုလုပ်မှုတစ်ခုခုကိုပြုလျှင်၊ ထိုသူကို (၁၀)နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌန်းထားပါကြောင်းသိရပါသည်

Credit Swelsonenews

Photo Credit : SH News Agency

Top
//meenetiy.com/4/3018672