You are here
Home > အနုပညာ > သူရိယနဲ႔ ပတ္သက္ၿပီး အမွန္တရားအတိုင္းေျဖရွင္းေဆာင္႐ြက္သြားမယ္ဆိုတဲ့ ဆုအိမ့္စံ

သူရိယနဲ႔ ပတ္သက္ၿပီး အမွန္တရားအတိုင္းေျဖရွင္းေဆာင္႐ြက္သြားမယ္ဆိုတဲ့ ဆုအိမ့္စံ

Zawgyi ျဖင့္ဖတ္ရန္

Idol Couple လို႔ ပရိသတ္ေတြက သတ္မွတ္ျခင္း ခံရတဲ့ထိ လိုက္ဖက္ညီလြန္းတဲ့ မင္းသား သူရိယ နဲ႔ ဆုအိမ္စံတို႔ စုံတြဲေလးဟာ လြန္ခဲ့တဲ့ (၂၀၁၉) ခုႏွစ္ရဲ႕ ၊ေဖေဖာ္ဝါရီလ(၁၄) ရက္ေန႔မွာတင္ ႏွစ္ဖက္ေသာ မိဘမ်ားနဲ႔ အတူ ေေစ့စပ္ခဲ့ၿပီး မဂၤလာပြဲကိုလည္း (၂၀၁၉)ႏွစ္လယ္ပိုင္းေလာက္မွာ က်င္းပဖို႔ အစီအစဥ္ရွိခဲ့တာပဲျဖစ္ပါတယ္။သူတို႔ ခ်စ္သူ(၂)ဦးဟာ “Thu Riya & Hsu Eaint San”Pageေလးကိုလည္း တည္ေထာင္ထားၿပီး သူတို႔ ႏွစ္ဦး တြဲဖက္လုပ္ေဆာင္ခဲ့တဲ့ လႈပ္ရွားမႈေတြကို ပရိသတ္ေတြ အတြက္ ေဖာ္ျပေပးခဲ့ပါေသးတယ္။

ခ်စ္သူသက္တမ္း (၂)ႏွစ္ေက်ာ္ေက်ာ္အထိ လက္တြဲလာတဲ့သူတို႔ စုံတြဲေလးဟာ မၾကာေသးမီအခ်ိန္က စိတ္သေဘာထားခ်င္း မတိုက္ဆိုင္ေတာ့တာေၾကာင့္ ဆုဆု နဲ႔ လမ္းခြဲလိုက္ၿပီလို႔ သူရိယဘက္ကေျဖၾကားခဲ့ၿပီး ဒီလို ေျဖၾကားတဲ့ အေပၚ ဆုအိမ္စံကေတာ့ သူရိယဘက္က တစ္ဖက္သတ္ေၾကညာခ်က္ျဖစ္ေၾကာင္း၊ သူမဘက္ကသစၥာေဖာက္ခဲ့ျခင္း တစ္စုံတရာ မရွိခဲ့သလို လက္ထပ္ဖို႔ အတြက္ အခ်ိန္ဆြဲေနခဲ့တဲ့ သူရိယ ဟာ သူကိုယ္တိုင္ဘက္က ေစ့စပ္ေၾကာင္းလမ္း ဖ်က္သိမ္းရန္ ဆိုလာခဲ့ျခင္းေၾကာင့္ မိန္းကေလးတစ္ေယာက္ရဲ႕ နစ္နာမႈမ်ားအေပၚ သူမဘက္က ဥပေဒနဲ႔ အညီ ေျဖရွင္းမွာျဖစ္တဲ့ အေၾကာင္းကို လည္း တုံျပန္ေျပာၾကားခဲ့ပါေသးတယ္။

ဒီလိုျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္ ဆုအိမ္စံဟာ က်န္းမာေရးေၾကာင့္ ေဆးကုသမႈေတြရွိခဲ့တဲ့ အျပင္ Facebook account ပါအဟက္ခံခဲ့ရတာလည္း ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။လတ္တေလာမွာလည္း သူမတို႔ ႏွစ္ဦးသား ခ်စ္သူဘဝ ကအတူတူအသုံးျပဳခဲ့တဲ့ “Thu Riya & Hsu Eaint San”Pageေလးကေန သူမကို Adminအျဖစ္ကေန ထုတ္ပယ္ခဲ့တယ္လို႔ သူမရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန ေဖာ္ျပလာပါတယ္။အခုလိုထုတ္ပယ္ခံရၿပီးေနာက္ပိုင္းမွာ Pageကေန မဟုတ္မမွန္သတင္းေတြထြက္ေပၚလာျခင္း၊Pageအားဖ်က္သိမ္းျခင္းတို႔ ျဖစ္ေပၚလာပါက သူမစိတ္ဆႏၵ မပါဝင္ေၾကာင္းနဲ႔ အမွန္တရားအတိုင္း ေျဖရွင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမယ္ဆိုတဲ့ အေၾကာင္းကိုလည္း ေျပာၾကားထားပါေသးတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္။

“သူရိယနဲ့ ပတ်သက်ပြီး အမှန်တရားအတိုင်းဖြေရှင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုအိမ့်စံ”

Idol Couple လို့ ပရိသတ်တွေက သတ်မှတ်ခြင်း ခံရတဲ့ထိ လိုက်ဖက်ညီလွန်းတဲ့ မင်းသား သူရိယ နဲ့ ဆုအိမ်စံတို့ စုံတွဲလေးဟာ လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်ရဲ့ ၊ဖေဖော်ဝါရီလ(၁၄) ရက်နေ့မှာတင် နှစ်ဖက်သော မိဘများနဲ့ အတူ ေစေ့စပ်ခဲ့ပြီး မင်္ဂလာပွဲကိုလည်း (၂၀၁၉)နှစ်လယ်ပိုင်းလောက်မှာ ကျင်းပဖို့ အစီအစဉ်ရှိခဲ့တာပဲဖြစ်ပါတယ်။သူတို့ ချစ်သူ(၂)ဦးဟာ “Thu Riya & Hsu Eaint San”Pageလေးကိုလည်း တည်ထောင်ထားပြီး သူတို့ နှစ်ဦး တွဲဖက်လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေ အတွက် ဖော်ပြပေးခဲ့ပါသေးတယ်။

ချစ်သူသက်တမ်း (၂)နှစ်ကျော်ကျော်အထိ လက်တွဲလာတဲ့သူတို့ စုံတွဲလေးဟာ မကြာသေးမီအချိန်က စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တာကြောင့် ဆုဆု နဲ့ လမ်းခွဲလိုက်ပြီလို့ သူရိယဘက်ကဖြေကြားခဲ့ပြီး ဒီလို ဖြေကြားတဲ့ အပေါ် ဆုအိမ်စံကတော့ သူရိယဘက်က တစ်ဖက်သတ်ကြေညာချက်ဖြစ်ကြောင်း၊ သူမဘက်ကသစ္စာဖောက်ခဲ့ခြင်း တစ်စုံတရာ မရှိခဲ့သလို လက်ထပ်ဖို့ အတွက် အချိန်ဆွဲနေခဲ့တဲ့ သူရိယ ဟာ သူကိုယ်တိုင်ဘက်က စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရန် ဆိုလာခဲ့ခြင်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ နစ်နာမှုများအပေါ် သူမဘက်က ဥပဒေနဲ့ အညီ ဖြေရှင်းမှာဖြစ်တဲ့ အကြောင်းကို လည်း တုံပြန်ပြောကြားခဲ့ပါသေးတယ်။

ဒီလိုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ သရုပ်ဆောင် ဆုအိမ်စံဟာ ကျန်းမာရေးကြောင့် ဆေးကုသမှုတွေရှိခဲ့တဲ့ အပြင် Facebook account ပါအဟက်ခံခဲ့ရတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။လတ်တလောမှာလည်း သူမတို့ နှစ်ဦးသား ချစ်သူဘဝ ကအတူတူအသုံးပြုခဲ့တဲ့ “Thu Riya & Hsu Eaint San”Pageလေးကနေ သူမကို Adminအဖြစ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြလာပါတယ်။အခုလိုထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာ Pageကနေ မဟုတ်မမှန်သတင်းတွေထွက်ပေါ်လာခြင်း၊Pageအားဖျက်သိမ်းခြင်းတို့ ဖြစ်ပေါ်လာပါက သူမစိတ်ဆန္ဒ မပါဝင်ကြောင်းနဲ့ အမှန်တရားအတိုင်း ဖြေရှင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားထားပါသေးတယ်။

Source ; Hsu Eaint san
Chilli – CeleGabar

Top
//kiksajex.com/4/3018672