You are here
Home > အနုပညာ > ႏုိင္ငံေက်ာ္မင္းသားေအာင္ရဲလင္းနဲ႕ တြဲဖက္ၿပီး အႏုပညာအလုပ္ေတြတြဲလုပ္ေနၿပီျဖစ္တဲ့ ေမျမင့္မိုရ္

ႏုိင္ငံေက်ာ္မင္းသားေအာင္ရဲလင္းနဲ႕ တြဲဖက္ၿပီး အႏုပညာအလုပ္ေတြတြဲလုပ္ေနၿပီျဖစ္တဲ့ ေမျမင့္မိုရ္

ေမျမင့္မိုရ္ဟာဆိုရင္ျဖင့္ ဇာတ္လမ္းတြဲေတြ စတင္ေခတ္စားလာတည္းက ” ပန္းႏုေသြး” အေနနဲ႔ ပရိသတ္ေတြစတင္အားေပးခံခဲ့ရသူေလးပဲျဖစ္ပါတယ္။ပရိသတ္ေတြတခဲနက္အားေပးခဲ့ၾကတဲ့အရိပ္ဇာတ္လမ္းတြဲမွာလည္း ” စုစုလႈိင္ “အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ပုဂံၿမိဳ႕သူဇာတ္ကား မွာလည္း ” အေစာ” ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ပရိသတ္အားေပးမႈ အျပည့္အဝရရွိထားသူေလးတစ္ေယာက္ျဖစ္ပါတယ္။ လတ္တေလာမွာလည္း ” Star Awards 2018 Rising Star ” ဆုကို ပူပူေႏြးေႏြး ရရွိထားသူတစ္ေယာက္ပါေနာ္။ေယာက်ာ္းေလးပရိသတ္ေတြ သည္းသည္းလႈပ္အားေပးခံရတဲ့ ေမာ္ဒယ္လ္ မင္းသမီးေခ်ာေလးပဲ ျဖစ္ပါတယ္။

သူမပါဝင္ထားတဲ့ ” Crush ” ႐ုပ္ရွင္ကားႀကီးကလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတာပဲ ျဖစ္ၿပီး ႐ုပ္ရွင္ကားႀကီးေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္လာတဲ့ ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္ပါပဲေနာ္။လက္ရွိမွာလည္း မိသားစုနဲ ႔အတူ အေနာက္ႏိုင္ငံေတြကို ကမာၻပတ္ေနတာပဲ ျဖစ္ၿပီး ျမင္သူတိုင္းေငးေမာရေလာက္တဲ့ ခရီးသြားအလွပုံရိပ္ေတြကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ မွာ ေဝမွ်လ်က္ ရွိတာပဲ ျဖစ္ပါတယ္။ထပ္မံၿပီး ” အကယ္ဒမီ လူမင္း၊ေကာင္းျမတ္စံ၊ထူးေအာင္၊ဘုန္းဆက္သြင္၊ေအာင္ရဲထိုက္၊လျပည့္၊စိုေျပျမင့္ ေအာင္ခန႔္မႉး၊မင္းသူ၊ညီနႏၵ၊သက္ဦးကို၊Mikis Weber၊သြန္းသစၥာေဇာ္၊ေနာ္ေဖာအယ္ထား တို ႔နဲ႔အတူ ဇာတ္လမ္းတြဲအသစ္ ျဖစ္တဲ့ ” ေပ်ာက္ဆုံးေနေသာ အမွန္တရား” ဇာတ္လမ္းတြဲမွာ ပါဝင္ထားတာပဲ ျဖစ္ပါတယ္။

ခ်မ္းသာတဲ့မိသားစုမွာ အငယ္ဆုံးသမီးျဖစ္ၿပီး ..ထက္ျမက္လွပတဲ့အျပင္ မာနႀကီးၿပီး အႏိုင္ယူ ယွဥ္ၿပိဳင္လိုစိတ္ရွိတဲ့ သူေဌးသမီးေလးတစ္ေယာက္ ျဖစ္ၿပီး ႏိုင္ငံျခားကျပန္လာၿပီးေနာက္ အခ်ိန္တိုတိုအတြင္း စီးပြားေရးနယ္ပယ္မွာေအာင္ျမင္လာၾကာ Social Media မ်ားမွာဝန္းရံျခင္း ခံလာရတဲ့ ” ေမထက္ခ်ိဳ ” အျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။လက္ရွိမွာလည္း ႏုိင္ငံေက်ာ္မင္းသား ေအာင္ရဲလင္းနဲ႕ တြဲဖက္ကာ အႏုပညာအလုပ္ေတြလုပ္ေနတဲ့ ရွဴတင္ပံုရိပ္ေလးကို သူမကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေမျမင့္မိုရ္နဲ႕ ေအာင္ရဲလင္းတို႕ကို အားေပးသေဘာက်ရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

 

Source : May Myint Mo
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“နိုင်ငံကျော်မင်းသားအောင်ရဲလင်းနဲ့ တွဲဖက်ပြီး အနုပညာအလုပ်တွေတွဲလုပ်နေပြီဖြစ်တဲ့ မေမြင့်မိုရ် ”

မေမြင့်မိုရ်ဟာဆိုရင်ဖြင့် ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ” ပန်းနုသွေး” အနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရသူလေးပဲဖြစ်ပါတယ်။ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း ” အစော” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာလည်း ” Star Awards 2018 Rising Star ” ဆုကို ပူပူနွေးနွေး ရရှိထားသူတစ်ယောက်ပါနော်။ယောကျာ်းလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတဲ့ မော်ဒယ်လ် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

သူမပါဝင်ထားတဲ့ ” Crush ” ရုပ်ရှင်ကားကြီးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပြီး ရုပ်ရှင်ကားကြီးတော်တော်များများမှာ ပါဝင်လာတဲ့ အောင်မြင်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။လက်ရှိမှာလည်း မိသားစုနဲ့အတူ အနောက်နိုင်ငံတွေကို ကမ္ဘာပတ်နေတာပဲ ဖြစ်ပြီး မြင်သူတိုင်းငေးမောရလောက်တဲ့ ခရီးသွားအလှပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဝေမျှလျက် ရှိတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ” အကယ်ဒမီ လူမင်း၊ကောင်းမြတ်စံ၊ထူးအောင်၊ဘုန်းဆက်သွင်၊အောင်ရဲထိုက်၊လပြည့်၊စိုပြေမြင့် အောင်ခန့်မှူး၊မင်းသူ၊ညီနန္ဒ၊သက်ဦးကို၊Mikis Weber၊သွန်းသစ္စာဇော်၊နော်ဖောအယ်ထား တို့နဲ့အတူ ဇာတ်လမ်းတွဲအသစ် ဖြစ်တဲ့ ” ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။

ချမ်းသာတဲ့မိသားစုမှာ အငယ်ဆုံးသမီးဖြစ်ပြီး ..ထက်မြက်လှပတဲ့အပြင် မာနကြီးပြီး အနိုင်ယူ ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ သူဌေးသမီးလေးတစ်ယောက် ဖြစ်ပြီး နိုင်ငံခြားကပြန်လာပြီးနောက် အချိန်တိုတိုအတွင်း စီးပွားရေးနယ်ပယ်မှာအောင်မြင်လာကြာ Social Media များမှာဝန်းရံခြင်း ခံလာရတဲ့ ” မေထက်ချို ” အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။လက်ရှိမှာလည်း နိုင်ငံကျော်မင်းသား အောင်ရဲလင်းနဲ့ တွဲဖက်ကာ အနုပညာအလုပ်တွေလုပ်နေတဲ့ ရှူတင်ပုံရိပ်လေးကို သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မေမြင့်မိုရ်နဲ့ အောင်ရဲလင်းတို့ကို အားပေးသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : May Myint Mo
Shwe Poe – CeleGabar

Top
//ookroush.com/4/3018672