ပန္းႏုေရာင္မဂၤလာဝတ္စုံေလးေတြနဲ႔ အရမ္းကိုလိုက္ဖက္တင့္တယ္ေနၾကတဲ့ စည္သူဝင္းနဲ႔ေဝလာရီတို႔ႏွစ္ေယာက္

Zawgyi ျဖင္ဖတ္ရန္

သ႐ုပ္ေဆာင္ မင္းသားေခ်ာ စည္သူဝင္းနဲ႔ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေဝလာရီတို႔ႏွစ္ေယာက္ကေတာ့ “ႏွင္းဆီ” ဇာတ္လမ္းတြဲေလးမွာ ပရိသတ္ေတြရဲ႕အထူးတလည္အားေပးဝန္းရံမႈကို ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။ စည္သူဝင္းက ဇာတ္လမ္းတြဲေလးေတြနဲ႔ လူသိမ်ားေအာင္ျမင္လာခဲ့သလို ေဝလာရီကလည္း ပထမဆုံးဇာတ္လမ္းတြဲေလးမွာတင္ ပရိသတ္အခ်စ္ကိုရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲေလးမွာေတာ့ စည္သူဝင္းက “ကိုတင္ေမာင္ေက်ာ္” အျဖစ္ ဗီလိန္ဇာတ္႐ုပ္ကို ပိုင္ပိုင္ႏိုင္ႏိုင္သ႐ုပ္ေဆာင္ခဲ့သလို ေဝလာရီကလည္း “ေမာ္” ဆိုတဲ့ေကာင္မေလးအျဖစ္ အေကာင္းဆုံးသ႐ုပ္ေဆာင္ျပခဲ့တာ ျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း စည္သူဝင္းနဲ႔ ေဝလာရီတို႔က Photo Shooting ေလးတစ္ခုကို အတူတူ႐ိုက္ကူးေနရတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္က ပန္းႏုေရာင္မဂၤလာဝတ္စုံေလးေတြနဲ႔ လိုက္ဖက္ညီစြာ ႐ိုက္ကူးေရးျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။

ေဝလာရီက ” အကိုေက်ာ္ နဲ႔ ေမာ္ရဲ႕ ပန္းႏုေရာင္ ပုံရိပ္ေလးေတြပါ..ဘာလုပ္လုပ္ အၿမဲေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ လုပ္ကိုင္တတ္တာ ဒီေမာင္ႏွမႏွစ္ေယာက္ရဲ႕ တူတဲ့ အခ်က္ေလးေတြေပါ့.. ” ဆိုၿပီး ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ စည္သူဝင္းနဲ႔ ေဝလာရီတို႔အႏုပညာေမာင္ႏွမႏွစ္ေယာက္ရဲ႕ ခ်စ္စရာပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Unicode ျဖင့္ဖတ္ရန္

သရုပ်ဆောင် မင်းသားချော စည်သူဝင်းနဲ့ သရုပ်ဆောင် မင်းသမီးချောဝေလာရီတို့နှစ်ယောက်ကတော့ “နှင်းဆီ” ဇာတ်လမ်းတွဲလေးမှာ ပရိသတ်တွေရဲ့အထူးတလည်အားပေးဝန်းရံမှုကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ စည်သူဝင်းက ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သလို ဝေလာရီကလည်း ပထမဆုံးဇာတ်လမ်းတွဲလေးမှာတင် ပရိသတ်အချစ်ကိုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးမှာတော့ စည်သူဝင်းက “ကိုတင်မောင်ကျော်” အဖြစ် ဗီလိန်ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့သလို ဝေလာရီကလည်း “မော်” ဆိုတဲ့ကောင်မလေးအဖြစ် အကောင်းဆုံးသရုပ်ဆောင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း စည်သူဝင်းနဲ့ ဝေလာရီတို့က Photo Shooting လေးတစ်ခုကို အတူတူရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ပန်းနုရောင်မင်္ဂလာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီစွာ ရိုက်ကူးရေးပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဝေလာရီက ” အကိုကျော် နဲ့ မော်ရဲ့ ပန်းနုရောင် ပုံရိပ်လေးတွေပါ..ဘာလုပ်လုပ် အမြဲပျော်ပျော် ရွှင်ရွှင် လုပ်ကိုင်တတ်တာ ဒီမောင်နှမနှစ်ယောက်ရဲ့ တူတဲ့ အချက်လေးတွေပေါ့.. ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ဝေလာရီတို့အနုပညာမောင်နှမနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wai Lar Ri’s FB