
နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဖြူဖြူသေးေးသးလေး နဲ့ အရုပ်လေး တစ်ရုပ်လို လှပလွန်းသူလေးပါ။ ချစ်စရာကောင်းပြီး အမြဲတမ်း လန်းဆန်းနေတဲ့ ဝတ်မှုံရွှေရည်ကို ပရိသတ်တွေကလည်း တစ်နေ့တစ်ခြား တိုးပြီး အားပေးလာတာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာ အားပေးသူ ပရိသတ် အခိုင်အမာနဲ့ ထိပ်တန်း မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
မနေ့က စက်တင်ဘာလ (၁၈) ရက်နေ့မှာတော့ ဝတ်မှုံရွှေရည် က ရန်ကုန်မြို့ရှိ IKON KTV ဖွင့်ပွဲကို ပိုင်တံခွန်၊ သင်ဇာဝင့်ကျော် တို့နဲ့အတူတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က ကုတ်အင်္ကျီ အကြီးကြီး ကို ဝတ်ပြီး အောက်က ဖိနပ်ရှည်ကြီးနဲ့ အထာကျကျ လှနေတာပဲ ဖြစ်ပါတယ်။ ထိုစတိုင်လ် မျိုးက တော်ရုံတန်ရုံ ဘယ်သူမှ မလိုက်ဖက်ပေမယ့် ဝတ်မှုံရွှေရည် နဲ့ကတော့ အထာကျကျ လှနေတာပဲ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က လက်ရှိမှာ ပွဲတက်တွေ နဲ့ ကြော်ငြာတွေကို ရိုက်ကူးပေးနေပြီး မကြာခင်မှာလည်း ရွှေထူး၊ ဟိန်းဝေယံတို့နဲ့ အတူတူ “တစ်ဦးတည်းသော ဣတ္ထိယ ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ဖက်ရှင်နေရာ မှာတော့ အထာလဲကျ၊ အမြင်လည်းမရိုင်းတဲ့ အဝတ်အစားတွေ ကို သူ့နေရာနဲ့သူ လိုက်ဖက်စွာ ဝတ်ဆင်တတ်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။
CRD-Momolay