
အခုရက်ပိုင်း အတွင်းမှာ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Canal +ရုပ်သံလိုင်းကနေပြီးတော့ထုတ်လွှင့်ပြသမယ့်”လိပ်ပြာ- အမှန်တရားရဲ့ ဓားတစ်လက်”ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲလေးကတော့ အဆိုတော် ပန်းရောင်ခြယ် သရုပ်ဆောင်အနေနဲ့ ပထမဆုံး စတင်ရိုက်ကူးတဲ့ ဇာတ်လမ်း တွဲလေးပဲဖြစ်ပါတယ်။သူမရဲ့ ပထမဆုံးဇာတ်လမ်းတွဲလေးဖြစ်တဲ့ “လိပ်ပြာ- အမှန်တရားရဲ့ ဓားတစ်လက်”ဇာတ်လမ်းတွဲမှာ ရဲမေတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဇာတ်ကားကြီးရဲ့ Teaserလေးမှာတင် မာန်အပြည့်နဲ့ သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေက စိတ်ဝင်စားမှုအပြည့်အဝရရှိနေတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်နေပါသေးတယ်။
“လိပ်ပြာ- အမှန်တရား ရဲ့ ဓားတစ်လက်”ဇာတ်လမ်း တွဲမှာတော့ မှုခင်းဆရာဝန် “ဒေါက်တာ မြတ်နိုး”အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မြတ်နိုးအေးဟာ ဆိုရင်လည်း ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးထားတဲ့ “ည”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ခဲ့ ပြီး ပရိသတ်တွေရဲ့ သတိထားမိခဲ့တဲ့
သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက ချီင်္ကျူးနေရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့ နောက်ထပ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခါရာ ဟာဆိုရင်လည်း MRTV -4 ရုပ်သံဇာတ်လမ်းတွဲက ထုတ်လွှင့်ပြသခဲ့တဲ့ “မနေ့ကဖြစ်သည် (၂)”ရုပ်သံဇာတ်လမ်းတွဲမှာ ပရိသတ်တွေအားပေးမှုအခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဒီဇာတ်လမ်းတွဲကြီးထဲမှာတော့ ရဲတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။”ပန်းရောင်ခြယ်၊ မြတ်နိုးအေး၊ခါရာ”တို့အပြင် မိန်းကလေးပရိသတ်တွေသည်းသည်းလှုပ်အားပေးခြင်းကို ခံရတဲ့ အောင်ရဲထိုက်၊ကျော်ရဲမြင့်ငြိမ်း(ချာလီ)၊တို့လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ပရိသတ်ကြီးရေ ဒိတ်ဒိတ်ကြဲတက်သစ်စသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးကို စောင့်ကြည့်အားပေးဖို့ ရင်ခုန်နေကြပြီလား။
Soure ; CANAL+ Myanmar FG,CRD-Cele gabar