You are here
Home > အနုပညာ > သင်းသင်းကို အမှုကျေအေးပေးဖို့ ညှိနှိုင်းတာတွေ မရှိဘူးလို့ပြောလာတဲ့ ဝေဠုကျော်

သင်းသင်းကို အမှုကျေအေးပေးဖို့ ညှိနှိုင်းတာတွေ မရှိဘူးလို့ပြောလာတဲ့ ဝေဠုကျော်

နိုင်ငံကျော် အကယ်ဒမီဆုရှင် မင်းသားတစ်ဦးလည်းဖြစ် ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဆင်းရဲဒုက္ခခံပြီး ကူညီတတ်တဲ့ သူလည်းဖြစ်တဲ့ မင်းသားဝေဠုကျော် နဲ့ အလှမယ်သင်းသင်း တို့ရဲ့ အမှုကို ပရိသတ်တို့လည်း သိကြမှာပါ….သင်းသင်းက ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုထားခြင်းဖြစ်ပါတယ်…

ယခင် ရုံးချိန်းတွေတုန်းက ကျန်းမာရေးကြောင့် မလာနိုင်တဲ့ ဝေဠုကျော်ဟာ စက်တင်ဘာ ၁၉ ယနေ့ ရုံးချိန်း ကိုတော့ တက်ရောက်လာပါတယ်…. ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဝေဠုကျော်က ရုံးချိန်းအပြန်မှာ ခုလိုပြောပြသွားပါတယ်…

“ကျန်းမာရေးအခြေအနေကတော့ အစာအိမ်ကို မှန်ပြောင်းကြည့်တယ် အထဲမှာ ပိုးတစ်ခုတွေ့လို့ အဲ့ဒါတော့ ကုရမယ်… ဆေးစားရမယ်ပေါ့.. ပြီးရင် ပြန်စစ်ကြည့်ရမယ်…. ကျွန်တော်ရုံးချိန်းပျက်တယ်ဆိုတာကလည်း ကျန်းမာရေးကြောင့်ပါ… ရုံးတော်ကလည်း ခွင့်ပြုပေးပါတယ်” လို့ သူကဆိုပါတယ်….

ဒါ့အပြင် သူရုံးချိန်း မတက်နိုင်တဲ့အချိန်တုန်းက တရားလိုဘက်က ပြောခဲ့တာတွေ နဲ့ ပတ်သက်ပြီးတော့လည်း ဝေဠုကျော်က ယခုလို ပြန်ဖြေရှင်းခဲ့ပါတယ်….

“ကျွန်တော့်ကို သူငယ်ချင်းတွေက လာပြောတဲ့ အထဲမှာ တစ်ခုတော့ ရှိတယ်…ကျွန်တော့် ဘက်က သွားညှိတယ်ဆိုတဲ့ စကား တစ်ခုကတော့ ကျွန်တော်မညှိပါဘူး… တကယ်ညှိခဲ့တယ်ဆိုရင် သက်သေပြပါ… ကျွန်တော်မညှိခဲ့ပါဘူး…ကျွန်တော်အနေနဲ့ တောင်းပန်ဖို့လည်း အစီအစဉ်မရှိပါဘူး… အမှန်အမှားက တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်” လို့ ဖြေရှင်းခဲ့တာပါ….

ဒီနေ့ရုံးချိန်းမှာတော့ တရားလိုဘက်က သက်သေခံအဖြစ် တင်သွင်းထားတဲ့ သက်သေခံ ဖုန်းမှတ်တမ်း များကို တင်သွင်းခွင့်ပြုကြောင်း ရုံးတော်က အမိန့်ချမှတ်ခဲ့ပါတယ်။ စက်တင်ဘာ(၅)ရက်နေ့က တရားစွဲဆိုခံထားရတဲ့ ရှေ့နေက ဒီအသံဖိုင်တွေကို ကန့်ကွက်ခဲ့ပေမယ့်လည်း အမှုစစ်ဖို့အတွက် သက်သေခံအဖြစ် လိုအပ်တာတွေ ဖြစ်နေတာကြောင့် ရုံးတော်က တင်သွင်းဖို့ ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်….

ဒီအမှုစစစ်တဲ့ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘတွေက သိန်း(၅၀)နဲ့ အချုပ် လွတ်အာမခံရခဲ့တာပဲ ဖြစ်ပါတယ်…. နာမည်ကျော် ပရဟိတ မင်းသား ဝေဠုကျော်နဲ့ သင်းသင်းတို့ရဲ့ ဒီအမှုဟာ စစ်ဆေးနေတုန်းသာ ဖြစ်ပြီး မပြီးပြတ်သေးတာကြောင့် ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်…

credit – shwe yaung lan

Top
//doruffleton.com/4/3018672