You are here
Home > အနုပညာ > သရုပ္ေဆာင္လင္းလက္ဟိန္းရဲ႕ ရမ္းကားမႈအေၾကာင္းေျပာျပခဲ့တဲ့ ဆယ္သိန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး ဦးဝင္းေဇာ္ဦး

သရုပ္ေဆာင္လင္းလက္ဟိန္းရဲ႕ ရမ္းကားမႈအေၾကာင္းေျပာျပခဲ့တဲ့ ဆယ္သိန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး ဦးဝင္းေဇာ္ဦး

အႏုပညာေလာကမွာေလွ်ာက္လွမ္းခဲ့တာအခ်ိန္ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ဇာတ္ပို႔သရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ လင္းလက္ဟိန္းဟာဆိုရင္ မေန႔ကညဆယ္နာရီေလးဆယ့္ငါးမိနစ္မွာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အိမ္မွာ ရမ္းကားေနတာေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးက ထိုအမ်ိဳးသမီးကို စခန္းမွာအမႈဖြင့္တိုင္တန္းဖို႔ေျပာဆိုခဲ့ျပီး အမႈဖြင့္ေစခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ဆယ္သိန္းရပ္ကြက္ ရာအိမ္မႈး၊ အုပ္ခ်ဳပ္ေရးမႈးနဲ႔ အတူရဲတြပ္ဖြဲ႕ဝင္ေတြ က ည (၁၂) နာရီခြဲ (၁)နာရီအထိ ဝိုင္းဝန္းရွာေဖြခဲ့ေပမယ့္ ေတြ႕ရွိခဲ့ျခင္းမရွိဘူးလို႕ဆိုပါတယ္။

ဒီလိုရွာေဖြေနျပီး မနက္ (၅) နာရီဝန္းက်င္ ခန္႔မွာ လင္းလက္ဟိန္းတစ္ေယာက္ ရပ္ကြက္ထဲကို ေရာက္ရွိလာခဲ့ပါတယ္။ လက္ထဲမွာလဲ သံျပားခပ္ၾကီးၾကီးကိုကိုင္ထားျပီး ျပႆနာရွာကာ အနီးနားက ပစၥည္းေတြကိုလည္း အကုန္ရိုက္ျပီးဖ်က္ဆီးပစ္ခဲ့ပါတယ္။ အားလံုးဝိုင္းဝန္းျပီးလက္ႏွက္ခ်ခိုင္းေပမယ့္ လံုးဝမခ်ပဲ ေအာ္ဟစ္ေသာင္းက်န္းကာ ရန္မူလာေသာေၾကာင့္ အုပ္ခ်ဳပ္ေရးမႈးက ေနာက္ကိုေရွာင္လိုက္စဥ္မွာပဲ လက္ကိုအနည္းငယ္ထိခိုက္မိခဲ့ပါေသးတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြကို ရန္မူျပီးလိုက္ရိုက္တာေၾကာင့္ ေသနတ္နဲ႔ပစ္ခတ္ဖမ္းဆီးလိုက္တာပဲျဖစ္ပါတယ္။

လင္းလက္ဟိန္းဟာဆိုရင္ လက္ရွိေနတဲ့ရပ္ကြက္ထဲကိုေျပာင္းေရႊ႕လာခဲ့တာ ရွစ္လခန္႔သာၾကာျမင့္ ေသးျပီး ယခင္ကလည္း ျပႆနာအနည္းငယ္ရွိခဲ့ေပမယ့္ အုပ္ခ်ဳပ္ေရးမႈးက ေျဖရွင္းေပးျပီးေျပလည္သြားခဲ့တယ္လို႔ဆိုပါတယ္။ လက္အနည္းငယ္ ထိခိုက္ဒဏ္ရာရခဲ့တဲ့ အုပ္ခ်ဳပ္ေရးမႈးကေတာ့ အေျခအေနမစိုးရိမ္ရပဲ အဆင္ေျပတယ္ဆိုတဲ့အေၾကာင္းေျပာခဲ့ပါေသးတယ္။ လက္ရွိမွာေတာ့ ရဲစခန္းမွာထိန္းခ်ဳပ္ထားျပီး ေနာက္ပိုင္းအမႈကိစၥေတြကိုေတာ့ ရဲလုပ္ထံုးလုပ္နည္းအရဆက္လုပ္သြားမယ့္အေၾကာင္းကို လည္း ေျပာခဲ့ပါေသးတယ္။

Exclusively on Cele Gabar
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” သရုပ်ဆောင်လင်းလက်ဟိန်းရဲ့ ရမ်းကားမှုအကြောင်းပြောပြခဲ့တဲ့ ဆယ်သိန်းရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးဝင်းဇော်ဦး ”

အနုပညာလောကမှာလျှောက်လှမ်းခဲ့တာအချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လင်းလက်ဟိန်းဟာဆိုရင် မနေ့ကညဆယ်နာရီလေးဆယ့်ငါးမိနစ်မှာ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မှာ ရမ်းကားနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးက ထိုအမျိုးသမီးကို စခန်းမှာအမှုဖွင့်တိုင်တန်းဖို့ပြောဆိုခဲ့ပြီး အမှုဖွင့်စေခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆယ်သိန်းရပ်ကွက် ရာအိမ်မှုး၊ အုပ်ချုပ်ရေးမှုးနဲ့ အတူရဲတွပ်ဖွဲ့ဝင်တွေ က ည (၁၂) နာရီခွဲ (၁)နာရီအထိ ဝိုင်းဝန်းရှာဖွေခဲ့ပေမယ့် တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။

ဒီလိုရှာဖွေနေပြီး မနက် (၅) နာရီဝန်းကျင် ခန့်မှာ လင်းလက်ဟိန်းတစ်ယောက် ရပ်ကွက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ လက်ထဲမှာလဲ သံပြားခပ်ကြီးကြီးကိုကိုင်ထားပြီး ပြဿနာရှာကာ အနီးနားက ပစ္စည်းတွေကိုလည်း အကုန်ရိုက်ပြီးဖျက်ဆီးပစ်ခဲ့ပါတယ်။ အားလုံးဝိုင်းဝန်းပြီးလက်နှက်ချခိုင်းပေမယ့် လုံးဝမချပဲ အော်ဟစ်သောင်းကျန်းကာ ရန်မူလာသောကြောင့် အုပ်ချုပ်ရေးမှုးက နောက်ကိုရှောင်လိုက်စဉ်မှာပဲ လက်ကိုအနည်းငယ်ထိခိုက်မိခဲ့ပါသေးတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ရန်မူပြီးလိုက်ရိုက်တာကြောင့် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးလိုက်တာပဲဖြစ်ပါတယ်။

လင်းလက်ဟိန်းဟာဆိုရင် လက်ရှိနေတဲ့ရပ်ကွက်ထဲကိုပြောင်းရွှေ့လာခဲ့တာ ရှစ်လခန့်သာကြာမြင့် သေးပြီး ယခင်ကလည်း ပြဿနာအနည်းငယ်ရှိခဲ့ပေမယ့် အုပ်ချုပ်ရေးမှုးက ဖြေရှင်းပေးပြီးပြေလည်သွားခဲ့တယ်လို့ဆိုပါတယ်။ လက်အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အုပ်ချုပ်ရေးမှုးကတော့ အခြေအနေမစိုးရိမ်ရပဲ အဆင်ပြေတယ်ဆိုတဲ့အကြောင်းပြောခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ရဲစခန်းမှာထိန်းချုပ်ထားပြီး နောက်ပိုင်းအမှုကိစ္စတွေကိုတော့ ရဲလုပ်ထုံးလုပ်နည်းအရဆက်လုပ်သွားမယ့်အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

Exclusively on Cele Gabar
Happy – Cele Gabar

Top
//dukingdraon.com/4/3018672