
ေဘာလုံးပြဲခ်ိန္ အတြင္း မုိးႀကိဳးပစ္ခ်လုိက္လုိ႔၊ ကစားသမားႏွစ္ဦး မုိးႀကိဳး ထိမွန္ခဲ့တဲ့ (ဗြီဒီယိုဖိုင္)
ဂ်ေမကာႏုိင္ငံ၊ Kingston ၿမိဳ႕မွာ Stadium East မွာ က်င္းပခဲ့တဲ့ Wolmer’s Boys’ School နဲ႔ Jamaica College တုိ႔ရဲ႕ ေဘာလုံးပြဲစဥ္မွာ ပြဲကစားေနစဥ္အတြင္း မုိးႀကိဳးပစ္ခ်လုိက္တာေၾကာင့္ ကစားသမားႏွစ္ဦး မုိးႀကိဳးထိမွန္မႈ ျဖစ္ပြားခဲ့ပါတယ္။
ပြဲခ်ိန္ (၈၄)မိနစ္မွာ မုိးႀကိဳးပစ္ခ်တာကို ခံလုိက္ရတာျဖစ္ၿပီး ေက်ာင္းသား ေဘာလုံးသမားႏွစ္ဦး ဒဏ္ရာေတြ ရရွိခဲ့ကာ နီးစပ္ရာေဆး႐ုံကို အျမန္ပုိ႔ေပးခဲ့ရပါတယ္။ ဒုိင္လူႀကီးကလည္း ပြဲကို ေခတၱရပ္နားထားခဲ့ရၿပီး၊ ေလးဦး လဲက်ခဲ့ေပမယ့္ Jamaica College မွ ကစားသမားႏွစ္ဦးသာ ဒဏ္ရာရရွိခဲ့တာပါ။
ဒဏ္ရာရွရိခဲ့တဲ့ ကစားသမားႏွစ္ဦးကေတာ့ Terrence Francis နဲ႔ Dwayne Allen တုိ႔ျဖစ္ၿပီး၊ သတိလစ္သြားတဲ့အတြက္ အနီးအနားက ေဆး႐ုံကို အျမန္ပုိ႔ေပးခဲ့ရတယ္လုိ႔ သိရပါတယ္။ သူတုိ႔ကုိ ပုိ႔ေပးခဲ့တဲ့ ေဆး႐ုံကေတာ့ University Hospital of the West Indies (UHWI) မွာလုိ႔ သိပါတယ္။
ဒါေပမယ့္ ေလာေလာဆယ္အထိ သူတုိ႔ႏွစ္ေယာက္ ဘယ္လုိအေျခအေနေတြ ရွိလဲဆုိတာ သက္ဆုိင္ရာက မထုတ္ျပန္ေသးပါဘူး။ သူတုိ႔ကစားခဲ့တဲ့ပြဲစဥ္ကေတာ့ ISSA/Digicel Manning Cup ပြဲစဥ္ျဖစ္ၿပီး၊ ဒုိင္လူႀကီးက လက္က်န္မိနစ္ကို ဆက္မကစားဖုိ႔ အေရးေပၚ ဆုံးျဖတ္ခဲ့ပါသတဲ့။
ရုပ္သံၾကည့္ရန္ ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္
Credit to နတ္သူႀကီး ( Apannpyay )
Unicode
ဘောလုံးပွဲချိန် အတွင်း မိုးကြိုးပစ်ချလိုက်လို့၊ ကစားသမားနှစ်ဦး မိုးကြိုး ထိမှန်ခဲ့တဲ့ (ဗွီဒီယိုဖိုင်)
ဂျမေကာနိုင်ငံ၊ Kingston မြို့မှာ Stadium East မှာ ကျင်းပခဲ့တဲ့ Wolmer’s Boys’ School နဲ့ Jamaica College တို့ရဲ့ ဘောလုံးပွဲစဉ်မှာ ပွဲကစားနေစဉ်အတွင်း မိုးကြိုးပစ်ချလိုက်တာကြောင့် ကစားသမားနှစ်ဦး မိုးကြိုးထိမှန်မှု ဖြစ်ပွားခဲ့ပါတယ်။
ပွဲချိန် (၈၄)မိနစ်မှာ မိုးကြိုးပစ်ချတာကို ခံလိုက်ရတာဖြစ်ပြီး ကျောင်းသား ဘောလုံးသမားနှစ်ဦး ဒဏ်ရာတွေ ရရှိခဲ့ကာ နီးစပ်ရာဆေးရုံကို အမြန်ပို့ပေးခဲ့ရပါတယ်။ ဒိုင်လူကြီးကလည်း ပွဲကို ခေတ္တရပ်နားထားခဲ့ရပြီး၊ လေးဦး လဲကျခဲ့ပေမယ့် Jamaica College မှ ကစားသမားနှစ်ဦးသာ ဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာရှရိခဲ့တဲ့ ကစားသမားနှစ်ဦးကတော့ Terrence Francis နဲ့ Dwayne Allen တို့ဖြစ်ပြီး၊ သတိလစ်သွားတဲ့အတွက် အနီးအနားက ဆေးရုံကို အမြန်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ သူတို့ကို ပို့ပေးခဲ့တဲ့ ဆေးရုံကတော့ University Hospital of the West Indies (UHWI) မှာလို့ သိပါတယ်။
ဒါပေမယ့် လောလောဆယ်အထိ သူတို့နှစ်ယောက် ဘယ်လိုအခြေအနေတွေ ရှိလဲဆိုတာ သက်ဆိုင်ရာက မထုတ်ပြန်သေးပါဘူး။ သူတို့ကစားခဲ့တဲ့ပွဲစဉ်ကတော့ ISSA/Digicel Manning Cup ပွဲစဉ်ဖြစ်ပြီး၊ ဒိုင်လူကြီးက လက်ကျန်မိနစ်ကို ဆက်မကစားဖို့ အရေးပေါ် ဆုံးဖြတ်ခဲ့ပါသတဲ့။
ရုပ်သံကြည့်ရန်
Credit to နတ်သူကြီး ( Apannpyay )