ဘဝမွာအၿပီးျပည့္စုံဆုံးေမြးေန႔ေလးျဖစ္ခဲ့ရတဲ့အေၾကာင္းအရင္းကို မၾကာခင္သိရပါေတာ့မယ္ဆိုတဲ့ ေ႐ႊထူး

ၿပီးခဲ့တဲ့ 19.9.2019 မွာ က်ေရာက္တဲ့အဆိုေတာ္ေ႐ႊထူးရဲ႕ အသက္ (၂၇) ႏွစ္ျပည့္ေမြးေန႔ေလးဟာ တကယ့္ကိုေပ်ာ္႐ႊင္စရာေကာင္းခဲ့ပါ တယ္။ ခ်စ္ရတဲ့ဇနီး Fun ေတြအျပင္ မိသားစုေတြနဲ႔ပါ ေပ်ာ္ေပ်ာ္ပါးပါးဆင္ႏႊဲခဲ့တဲ့ ဒီေမြးေန႔ေလးဟာ သူ႔ဘဝအတြက္ အဓိပၸါယ္အရွိဆုံးနဲ႔ အၿပီးျပည့္စုံဆုံး ေမြးေန႔ေလးျဖစ္ခဲ့တယ္ဆိုတဲ့အေၾကာင္းနဲ႔ သူ႔ေမြးေန႔ကိုဆုေတာင္းေပးသူအားလုံးကိုလည္း ေက်းဇူးတင္ေၾကာင္းကို လူမႈကြန္ယက္မွာေဝမွ်လိုက္တာပဲျဖစ္ပါတယ္။

ေမြးေန႔မေရာက္ခင္တစ္ရက္ကလည္း သဲတစ္ေယာက္ က်ားက်ားကို Surprise လက္ေဆာင္ေလး ေပးဖို႔လုပ္ေနတဲ့ Video ေလးကို တင္ထားပါေသးတယ္။ ဒီလက္ေဆာင္ေလးေပးဖို႔ကို သူမကိုယ္တိုင္လည္း ရင္တခုန္ခုန္ရွိေနၿပီး လက္ေဆာင္ရမယ့္ ခင္ပြန္းျဖစ္သူ ကလည္း စိတ္လႈပ္ရွားလို႔ ေခြၽးေတြေတာင္ပ်ံလာတဲ့အထိပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္သူဘဝကတည္းက တန္ဖိုးႀကီး လက္ေဆာင္ေတြကို ခ်စ္ေမတၱာနဲ႔ အျပန္အလွန္ေပးေနက်ျဖစ္ၿပီး ဒီတစ္ေခါက္လက္ေဆာင္ေလးက ဘာျဖစ္မယ္ဆိုတာကို အားလုံးကို အသိမေပးေသးပါဘူး။

ဒီအေၾကာင္းေလးကို ” ဘဝမွာပထမဆုံးေသာ အျပည့္စုံဆုံးေသာ အေပ်ာ္႐ႊင္ရဆုံးေသာ ေမြးေန႔ေလးျဖစ္ခဲ့ရပါတယ္ဗ်ာ… ခ်စ္ၾက ခင္ၾက တန္ဖိုးထားၾကတဲ့ ကြၽန္ေတာ့္ကိုခ်စ္ေသာ ကြၽန္ေတာ္ခ်စ္ရေသာ မိတ္ေဆြ ပရိသတ္ ညီအကိုေမာင္ႏွမ သူငယ္ခ်င္း ေမြးေန႔ဆုေတာင္း ေပးၾကသူ အေပါင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ ( ဘာေၾကာင့္အဲ့ေလာက္ေပ်ာ္႐ႊင္ရတဲ့ ၂၇ ႏွစ္ျပည့္ေမြးေန႔ျဖစ္လည္းဆိုတာ မၾကာခင္သိရပါမယ္ခင္ဗ်ာ ) ” ဆိုၿပီး ကိုေ႐ႊထူးတစ္ေယာက္ ပေဟဠိဖြက္ခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရာ ဘာေလးျဖစ္မယ္ထင္လဲ။

Photo – Htoo Khant
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ဘဝမှာအပြီးပြည့်စုံဆုံးမွေးနေ့လေးဖြစ်ခဲ့ရတဲ့အကြောင်းအရင်းကို မကြာခင်သိရပါတော့မယ်ဆိုတဲ့ ရွှေထူး ”

ပြီးခဲ့တဲ့ 19.9.2019 မှာ ကျရောက်တဲ့အဆိုတော်ရွှေထူးရဲ့ အသက် (၂၇) နှစ်ပြည့်မွေးနေ့လေးဟာ တကယ့်ကိုပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ချစ်ရတဲ့ဇနီး Fun တွေအပြင် မိသားစုတွေနဲ့ပါ ပျော်ပျော်ပါးပါးဆင်နွှဲခဲ့တဲ့ ဒီမွေးနေ့လေးဟာ သူ့ဘဝအတွက် အဓိပ္ပါယ်အရှိဆုံးနဲ့ အပြီးပြည့်စုံဆုံး မွေးနေ့လေးဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ သူ့မွေးနေ့ကိုဆုတောင်းပေးသူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။

မွေးနေ့မရောက်ခင်တစ်ရက်ကလည်း သဲတစ်ယောက် ကျားကျားကို Surprise လက်ဆောင်လေး ပေးဖို့လုပ်နေတဲ့ Video လေးကို တင်ထားပါသေးတယ်။ ဒီလက်ဆောင်လေးပေးဖို့ကို သူမကိုယ်တိုင်လည်း ရင်တခုန်ခုန်ရှိနေပြီး လက်ဆောင်ရမယ့် ခင်ပွန်းဖြစ်သူကလည်း စိတ်လှုပ်ရှားလို့ ချွေးတွေတောင်ပျံလာတဲ့အထိပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ချစ်သူဘဝကတည်းက တန်ဖိုးကြီး လက်ဆောင်တွေကို ချစ်မေတ္တာနဲ့ အပြန်အလှန်ပေးနေကျဖြစ်ပြီး ဒီတစ်ခေါက်လက်ဆောင်လေးက ဘာဖြစ်မယ်ဆိုတာကို အားလုံးကိုအသိမပေးသေးပါဘူး။

ဒီအကြောင်းလေးကို ” ဘဝမှာပထမဆုံးသော အပြည့်စုံဆုံးသော အပျော်ရွှင်ရဆုံးသော မွေးနေ့လေးဖြစ်ခဲ့ရပါတယ်ဗျာ… ချစ်ကြ ခင်ကြ တန်ဖိုးထားကြတဲ့ ကျွန်တော့်ကိုချစ်သော ကျွန်တော်ချစ်ရသော မိတ်ဆွေ ပရိသတ် ညီအကိုမောင်နှမ သူငယ်ချင်း မွေးနေ့ဆုတောင်းပေးကြသူ အပေါင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ( ဘာကြောင့်အဲ့လောက်ပျော်ရွှင်ရတဲ့ ၂၇ နှစ်ပြည့်မွေးနေ့ဖြစ်လည်းဆိုတာ မကြာခင်သိရပါမယ်ခင်ဗျာ ) ” ဆိုပြီး ကိုရွှေထူးတစ်ယောက် ပဟေဠိဖွက်ခဲ့ပါသေးတယ်။ ပရိသတ်ကြီးရော ဘာလေးဖြစ်မယ်ထင်လဲ။

Photo – Htoo Khant
Happy – Cele Gabar