You are here
Home > Health > “ဆင္တုပ္ေကြးက ခ်န္ရစ္ခဲ့တဲ့ အဆစ္နာေတြကို သက္သာေအာင္လုပ္ႏိုင္မယ့္ အေကာင္ဆုံးနည္းလမ္း..”

“ဆင္တုပ္ေကြးက ခ်န္ရစ္ခဲ့တဲ့ အဆစ္နာေတြကို သက္သာေအာင္လုပ္ႏိုင္မယ့္ အေကာင္ဆုံးနည္းလမ္း..”

တုပ္ေကြးတို႔ရဲ႕ သဘာဝကိုက တစ္ကိုယ္လံုးကိုက္ခဲျပီး ဖ်ားတယ္၊ တုပ္ေကြးေကြးတယ္ေပါ့။ ေပ်ာက္ျပီဆို အကုန္သက္သာသြားတာပဲ။

ဒါေပမယ့္ ဆင္တုပ္ေကြးျဖစ္ထားတာ သက္သာလားလို႔ ေမးလိုက္ရင္ အဆစ္အျမစ္ေတြနာေနတုန္း၊ ကိုက္ခဲေနတုန္းပဲ။

လမ္းလည္းသိပ္မေလွ်ာက္နုိင္၊ ပစၥည္းေတြေတာင္ လက္က ျမဲေအာင္မကိုင္နိုင္ဘူးလို႔ဆိုတဲ့ စကားေတြ ၾကားရပါတယ္။ တကယ္ေတာ့ လူကေနျပန္ေကာင္းေနပါျပီ၊ ဒီေဝဒနာေတြက မေပ်ာက္ေသးဘူး

ဆင္တုပ္ေကြးေၾကာင့္ အျဖစ္မ်ားတဲ့ အဆစ္နာေတြက လက္ဆစ္ေတြ၊ လက္ေကာက္ဝတ္နဲ႔ တံေတာင္ဆစ္၊ ေျခက်င္းဝတ္၊ ေျခဆစ္ေတြ၊ တင္ပါးဆံုရိုး တစ္စိတ္တစ္ပိုင္းတို႔မွာ ျဖစ္တတ္ပါတယ္။

ဘယ္ေလာက္ၾကာတတ္လဲ

ဆင္တုပ္ေကြးလက္က်န္ အဆစ္နာေဝဒနာက သံုးလေလာက္ထိ ခံစားရနိုင္သလို တခ်ိဳ႕လူေတြမွာ တစ္ႏွစ္ေလာက္အထိ ျဖစ္တတ္ပါတယ္။

ခႏၶာကိုယ္က က်န္းမာေလ၊ အားနည္းက်န္ရစ္ခဲ့နုိင္ေျခ ပိုနည္းေလ ျဖစ္တာမို႔ က်န္းမာအားျပည့္ေအာင္ စားေသာက္ေနထိုင္တတ္သူေတြဆို သူမ်ားထက္ ပိုျပီးျမန္ျမန္သက္သာ လာတတ္ပါတယ္။

ကိုယ္ခံအားနည္းသူေတြမွာ ပိုျပီးဒဏ္ခံရတတ္ပါတယ္။

ဘယ္လိုသက္သာေအာင္ လုပ္ရမလဲ

အဆစ္နာေဝဒနာေၾကာင့္ ထိခိုက္အားနည္းေနရသူေတြမွာ ေန႔စဥ္အလုပ္ေတြေတာင္ အရင္လို မလုပ္နုိင္တဲ့အထိ ခံစားရနိုင္တယ္။ ဒီေဝဒနာေတြကို သက္သာဖို႔က နည္းလမ္း (၃) မ်ိဳးရွိပါတယ္။

(၁) ေလ့က်င့္ခန္း

နာလုိ႔ နားေနရာကေန အရိုးအဆစ္ေတြကို သိပ္မလႈပ္ရွားျဖစ္တဲ့အခါ နာက်င္မႈက တိုးလာပါတယ္။ ညဘက္သိပ္မလႈပ္ရွားျဖစ္ေတာ့ မနက္အိပ္ရာထတဲ့အခါ တစ္ကိုယ္လံုးပိုျပီး နာက်င္ေတာင့္တင္းေနရတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္။

ဒါ့ေၾကာင့္ မနက္ပိုင္းမွာ အဆစ္အျမစ္ေတြ အားလံုးကို အနည္းဆံုးႏွစ္ၾကိမ္ေလာက္ေတာ့ ျဖည္းျဖည္းခ်င္း လႈပ္ရွားေပးပါ။ ဒါေလ့က်င့္ခန္းေလးေတြ ညင္ညင္သာသာလုပ္ရင္ ရပါျပီ –

ထိုင္ခံုမွာ ထိုင္ျပီး ေျခေထာက္ကို ျဖည္းျဖည္းခ်င္း ဆန္႔တန္းပါ။

မတ္တပ္ရပ္ျပီး ေျခေထာက္တစ္ဖက္ခ်င္းစီ ေျမွာက္ပါ။

မတ္တပ္ရပ္ျပီး ခႏၶာကိုယ္တစ္ဖက္စီကို ေစာင္းလွည့္ပါ။

အေလးအပင္ေတြ မ မပါနဲ႔။

ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္းေတြ မလုပ္ပါနဲ႔။

(၂) ေရခဲ

နာက်င္ေရာင္ရမ္းေနတဲ့ ေနရာေတြကို ေရခဲဝတ္ကပ္ေပးပါ။ နာက်င္မႈ သက္သာသြားပါလိမ့္မယ္။

(၃) အကိုက္အခဲေပ်ာက္ေဆး

ဒီေဝဒနာအတြက္ သင့္ေတာ္တဲ့ အကိုက္အခဲေပ်ာက္ေဆးကို ဆရာဝန္ကညႊန္းေပးလိုက္မွာပါ။ ဆရာဝန္ညႊန္ၾကားတဲ့အမ်ိဳးအစားနဲ႔ ပမာဏကိုပဲ ေသာက္ပါ။ အကိုက္အခဲေပ်ာက္ေဆးနဲ႔ ယာယီသက္သာေစနိုင္ေပမယ့္ အလြန္အကြ်ံမေသာက္သင့္ပါဘူး။

ကိုယ့္သေဘာနဲ႔ကိုယ္ ေသာက္တာမ်ားလြန္းရင္ အစာအိမ္ေသြးယိုတာ၊ အသည္းနဲ႔ေက်ာက္ကပ္ကို ထိခိုက္တာေတြျဖစ္လာနုိင္ပါတယ္။ သီတင္းပတ္ ၃ ပတ္ထက္ေက်ာ္ျပီး နာက်င္ကိုက္ခဲမႈတာရွည္ေနရင္ေတာ့ ဆရာဝန္နဲ႔ျပန္ျပျပီး တိုင္ပင္သင့္ပါတယ္။

ခရက္ဒစ္ ဟယ္လိုဆရာ၀န္

Unicode

တုပ်ကွေးတို့ရဲ့ သဘာဝကိုက တစ်ကိုယ်လုံးကိုက်ခဲပြီး ဖျားတယ်၊ တုပ်ကွေးကွေးတယ်ပေါ့။ ပျောက်ပြီဆို အကုန်သက်သာသွားတာပဲ။

ဒါပေမယ့် ဆင်တုပ်ကွေးဖြစ်ထားတာ သက်သာလားလို့ မေးလိုက်ရင် အဆစ်အမြစ်တွေနာနေတုန်း၊ ကိုက်ခဲနေတုန်းပဲ။

လမ်းလည်းသိပ်မလျှောက်နိုင်၊ ပစ္စည်းတွေတောင် လက်က မြဲအောင်မကိုင်နိုင်ဘူးလို့ဆိုတဲ့ စကားတွေ ကြားရပါတယ်။ တကယ်တော့ လူကနေပြန်ကောင်းနေပါပြီ၊ ဒီဝေဒနာတွေက မပျောက်သေးဘူး

ဆင်တုပ်ကွေးကြောင့် အဖြစ်များတဲ့ အဆစ်နာတွေက လက်ဆစ်တွေ၊ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်၊ ခြေကျင်းဝတ်၊ ခြေဆစ်တွေ၊ တင်ပါးဆုံရိုး တစ်စိတ်တစ်ပိုင်းတို့မှာ ဖြစ်တတ်ပါတယ်။

ဘယ်လောက်ကြာတတ်လဲ

ဆင်တုပ်ကွေးလက်ကျန် အဆစ်နာဝေဒနာက သုံးလလောက်ထိ ခံစားရနိုင်သလို တချို့လူတွေမှာ တစ်နှစ်လောက်အထိ ဖြစ်တတ်ပါတယ်။

ခန္ဓာကိုယ်က ကျန်းမာလေ၊ အားနည်းကျန်ရစ်ခဲ့နိုင်ခြေ ပိုနည်းလေ ဖြစ်တာမို့ ကျန်းမာအားပြည့်အောင် စားသောက်နေထိုင်တတ်သူတွေဆို သူများထက် ပိုပြီးမြန်မြန်သက်သာ လာတတ်ပါတယ်။

ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီးဒဏ်ခံရတတ်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်ရမလဲ

အဆစ်နာဝေဒနာကြောင့် ထိခိုက်အားနည်းနေရသူတွေမှာ နေ့စဉ်အလုပ်တွေတောင် အရင်လို မလုပ်နိုင်တဲ့အထိ ခံစားရနိုင်တယ်။ ဒီဝေဒနာတွေကို သက်သာဖို့က နည်းလမ်း (၃) မျိုးရှိပါတယ်။

(၁) လေ့ကျင့်ခန်း

နာလို့ နားနေရာကနေ အရိုးအဆစ်တွေကို သိပ်မလှုပ်ရှားဖြစ်တဲ့အခါ နာကျင်မှုက တိုးလာပါတယ်။ ညဘက်သိပ်မလှုပ်ရှားဖြစ်တော့ မနက်အိပ်ရာထတဲ့အခါ တစ်ကိုယ်လုံးပိုပြီး နာကျင်တောင့်တင်းနေရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

ဒါ့ကြောင့် မနက်ပိုင်းမှာ အဆစ်အမြစ်တွေ အားလုံးကို အနည်းဆုံးနှစ်ကြိမ်လောက်တော့ ဖြည်းဖြည်းချင်း လှုပ်ရှားပေးပါ။ ဒါလေ့ကျင့်ခန်းလေးတွေ ညင်ညင်သာသာလုပ်ရင် ရပါပြီ –

ထိုင်ခုံမှာ ထိုင်ပြီး ခြေထောက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းပါ။

မတ်တပ်ရပ်ပြီး ခြေထောက်တစ်ဖက်ချင်းစီ မြှောက်ပါ။

မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်တစ်ဖက်စီကို စောင်းလှည့်ပါ။

အလေးအပင်တွေ မ မပါနဲ့။

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

(၂) ရေခဲ

နာကျင်ရောင်ရမ်းနေတဲ့ နေရာတွေကို ရေခဲဝတ်ကပ်ပေးပါ။ နာကျင်မှု သက်သာသွားပါလိမ့်မယ်။

(၃) အကိုက်အခဲပျောက်ဆေး

ဒီဝေဒနာအတွက် သင့်တော်တဲ့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ကညွှန်းပေးလိုက်မှာပါ။ ဆရာဝန်ညွှန်ကြားတဲ့အမျိုးအစားနဲ့ ပမာဏကိုပဲ သောက်ပါ။ အကိုက်အခဲပျောက်ဆေးနဲ့ ယာယီသက်သာစေနိုင်ပေမယ့် အလွန်အကျွံမသောက်သင့်ပါဘူး။

ကိုယ့်သဘောနဲ့ကိုယ် သောက်တာများလွန်းရင် အစာအိမ်သွေးယိုတာ၊ အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ သီတင်းပတ် ၃ ပတ်ထက်ကျော်ပြီး နာကျင်ကိုက်ခဲမှုတာရှည်နေရင်တော့ ဆရာဝန်နဲ့ပြန်ပြပြီး တိုင်ပင်သင့်ပါတယ်။

ခရက်ဒစ် ဟယ်လိုဆရာဝန်

 

Top
//waufooke.com/4/3018672