
For Zawgyi
ပထမဆံုး ရုပ္ရွင္ရိုက္ကူးမယ့္ ၿဖိဳးျမတ္ေအာင္နဲ႔ သရုပ္ေဆာင္သစ္ေတြကို ၾကိဳးစားပါလို႔ ဆိုလိုက္တဲ့ သင္ဇာ၀င့္ေက်ာ္
အြန္လိုင္းေပၚမွာ နာမည္ၾကီးေနခဲ့တဲ့ ျမျမသရဲမေလးနဲ႕ ပတ္သက္ၿပီး ဒါရိုက္တာ ညိဳမင္းလြင္ဟာ ရုပ္ရွင္ကားၾကီးအျဖစ္ ျပန္လည္ ရိုက္ကူးမွာျဖစ္ၿပီး သရုပ္ေဆာင္ေတြကိုလဲ ရွာေဖြစုေဆာင္းၿပီးျဖစ္လို႔ မၾကာခင္မွာ ရိုက္ကူးေတာ့မွာလဲ ျဖစ္ပါတယ္ ။ အဆိုပါ ရုပ္ရွင္ ဇာတ္ကားၾကီးမွာ ျမျမအျဖစ္ သရုပ္ေဆာင္ခြင့္ရခဲ့တဲ့ သင္ဇာ၀င့္ေက်ာ္က သူမပါ၀င္ ရိုက္ကူးျဖစ္တဲ့ အေၾကာင္းနဲ႕ အသစ္၀င္လာတဲ့ မင္းသားေတြကိုလဲ အားေပးစကား ဆိုခဲ့ပါတယ္ ။
သင္ဇာေျပာျပခဲ့တာကေတာ့ “ ဇာတ္လမ္းကို စဖတ္ကတည္းက ဒီဇာတ္လမ္းေလးကေပးတဲ့ မက္ေစ့ခ်္ကိုသေဘာၾကလို႔ ဇာတ္လမ္းေလးကိုလဲ အရမ္းၾကိဳက္လို႕လက္ခံျဖစ္သြားတာပါ ။ ကိုညိဳ႕ ကိုလဲယံုၾကည္တယ္ ၊ ကိုညိုနဲ႕ကလဲ အလုပ္ေတြအမ်ားၾကီး တြဲလုပ္ဖူးတယ္ ။ ေနာက္ၿပီးေတာ့ ဒီဇာတ္ကိုလဲ သင္ဇာကိုဘဲ ျမင္ျပီး ယံုယံုၾကည္ၾကည္နဲ႕ ေခၚရိုက္တာျဖစ္လို႕သင္ဇာကလဲ ဘာျဖစ္လို႕ သတၱိရွိရွိနဲ႕ မရိုက္ရဲရမွာလဲ”
“ သရုပ္ေဆာင္တစ္ေယာက္ ျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ္သရုပ္ေဆာင္မယ့္ ဇာတ္ရုပ္ကိုလဲ အေကာင္း ဆံုးျပင္ဆင္ၿပီးသား ေရြးခ်ယ္ေပးတဲ့ ကိုညို႕ကိုလဲ ေက်းဇူးတင္ပါတယ္ ။ သင္ဇာေနာက္ထပ္ ေျခလွမ္းတစ္ခု တက္ခြင့္ရသြားလို႔ပါ ။ ေက်ာေလာက္ဘဲ တက္တူးေလးကို ဖ်က္ၿပီး ရိုက္မွာေပါ့ေနာ္”
“ ၿဖိဳးျမတ္ေအာင္ဆိုတာ မသိဘူး တကယ္မသိဘူး ။ ပထမ ကိုညိဳေျပာတာကေတာ့ တျခား အဆိုေတာ္တစ္ေယာက္ ေပါ့ေနာ္ ေနာက္ၿပီးေရြးလိုက္ေတာ့မွ ၿဖိဳးျမတ္ေအာင္ျဖစ္သြားတာ ဘာဘဲျဖစ္ျဖစ္ ၾကိဳဆိုပါတယ္ ။ ၾကိဳးစားပါလို႔” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။
ျမျမ ရုပ္ရွင္ဇာတ္ကားၾကီးကို သင္ဇာ၀င့္ေက်ာ္ ၊ သရုပ္ေဆာင္ မင္းသားသစ္ ႏွစ္ေယာက္အျဖစ္ DeDe နဲ႕ ၿဖိဳးျမတ္အာင္တို႔က ပါ၀င္ သရုပ္ေဆာင္သြားၾကမွာ ျဖစ္တယ္လို႔ သိရပါတယ္ ။ ဖတ္ရႈႈ႕ေပးၾကတဲ့ ခ်စ္ပရိသတ္ၾကီး ကုိေက်းဇူး အထူးတင္ရွိပါတယ္ ။
Source – momolay tv
For Unicode
ပထမဆုံး ရုပ်ရှင်ရိုက်ကူးမယ့် ဖြိုးမြတ်အောင်နဲ့ သရုပ်ဆောင်သစ်တွေကို ကြိုးစားပါလို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်
အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့တဲ့ မြမြသရဲမလေးနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်ဟာ ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည် ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေကိုလဲ ရှာဖွေစုဆောင်းပြီးဖြစ်လို့ မကြာခင်မှာ ရိုက်ကူးတော့မှာလဲ ဖြစ်ပါတယ် ။ အဆိုပါ ရုပ်ရှင် ဇာတ်ကားကြီးမှာ မြမြအဖြစ် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ သင်ဇာဝင့်ကျော်က သူမပါဝင် ရိုက်ကူးဖြစ်တဲ့ အကြောင်းနဲ့ အသစ်ဝင်လာတဲ့ မင်းသားတွေကိုလဲ အားပေးစကား ဆိုခဲ့ပါတယ် ။
သင်ဇာပြောပြခဲ့တာကတော့ “ ဇာတ်လမ်းကို စဖတ်ကတည်းက ဒီဇာတ်လမ်းလေးကပေးတဲ့ မက်စေ့ချ်ကိုသဘောကြလို့ ဇာတ်လမ်းလေးကိုလဲ အရမ်းကြိုက်လို့လက်ခံဖြစ်သွားတာပါ ။ ကိုညို့ ကိုလဲယုံကြည်တယ် ၊ ကိုညိုနဲ့ကလဲ အလုပ်တွေအများကြီး တွဲလုပ်ဖူးတယ် ။ နောက်ပြီးတော့ ဒီဇာတ်ကိုလဲ သင်ဇာကိုဘဲ မြင်ပြီး ယုံယုံကြည်ကြည်နဲ့ ခေါ်ရိုက်တာဖြစ်လို့သင်ဇာကလဲ ဘာဖြစ်လို့ သတ္တိရှိရှိနဲ့ မရိုက်ရဲရမှာလဲ”
“ သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်သရုပ်ဆောင်မယ့် ဇာတ်ရုပ်ကိုလဲ အကောင်း ဆုံးပြင်ဆင်ပြီးသား ရွေးချယ်ပေးတဲ့ ကိုညို့ကိုလဲ ကျေးဇူးတင်ပါတယ် ။ သင်ဇာနောက်ထပ် ခြေလှမ်းတစ်ခု တက်ခွင့်ရသွားလို့ပါ ။ ကျောလောက်ဘဲ တက်တူးလေးကို ဖျက်ပြီး ရိုက်မှာပေါ့နော်”
“ ဖြိုးမြတ်အောင်ဆိုတာ မသိဘူး တကယ်မသိဘူး ။ ပထမ ကိုညိုပြောတာကတော့ တခြား အဆိုတော်တစ်ယောက် ပေါ့နော် နောက်ပြီးရွေးလိုက်တော့မှ ဖြိုးမြတ်အောင်ဖြစ်သွားတာ ဘာဘဲဖြစ်ဖြစ် ကြိုဆိုပါတယ် ။ ကြိုးစားပါလို့” ဆိုပြီး ပြောပြခဲ့ပါတယ် ။
မြမြ ရုပ်ရှင်ဇာတ်ကားကြီးကို သင်ဇာဝင့်ကျော် ၊ သရုပ်ဆောင် မင်းသားသစ် နှစ်ယောက်အဖြစ် DeDe နဲ့ ဖြိုးမြတ်အာင်တို့က ပါဝင် သရုပ်ဆောင်သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ဖတ်ရှုှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကိုကျေးဇူး အထူးတင်ရှိပါတယ် ။
Source – momolay tv