
For Zawgyi
Moekalay
Source;aye myat thu
For Unicode
ချစ်သူဝတ်ဖို့ ချည်ပုဆိုးလေးတွေ ရွေးနေတယ်ဆိုတဲ့ အေးမြတ်သူ
သရုပ်ဆောင် မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေ တင်ဆင်ပေးခဲ့တဲ့သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု များစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အေးမြတ်သူ က ချစ်သူအတွက် ပုဆိုးဝယ်ပေးဖို့ ရွေးနေတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော် ။
သရုပ်ဆောင် အေးမြတ်သူက စစ်ကား ရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး ၊ ကျော်ကျော်ဗို ၊ ထူးအောင် ၊ အနုပညာရှင် များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ် ။ သူမအပါအဝင် ၊ ထွန်းထွန်း ၊ ရန်အောင်တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှု များစွာရရှိခဲ့ပါတယ် ။
အေးမြတ်သူက မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်တဲ့ အခါ ကျက်သရှိတဲ့ အလှကို ပိုင်ဆိုင်သလို လူငယ်ဆန်တဲ့ ဖက်ရှင်များနဲ့လည်း စမတ်ကျကျလှပသူပါ ။
ဒီတစ်ခါမှာတော့ အေးမြတ်သူ က သူမချစ်သူအတွက် ပုဆိုးလက်ဆောင်ပေးဖို့ ရွေးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုဖော်ပြထားပါတယ် ။
အေးမြတ်သူက ” အသက်အရွယ်ရ … အမျိုးသမီးတွေက ပြောင်းလဲလာကြတယ် မမြတ်လေး …လက်ရှိအသက်အရွယ်မှာ ။ ဈေးသွားလို့ … ချည်ထည်ဆိုင်တွေရောက်ရင် အသွေးအသားထဲ က ကို အမျိုးသား ဝတ်လုံချည်တွေ အရမ်းဝယ်ချင်တာ…။ မြန်မာ အမျိုးသားဝတ်လုံချည် တွေကို အမြတ်တနိုးဝတ်တဲ့သူကို မမြတ်လေး အရမ်းမြတ်နိုးတဲ့ သူပါ….ချစ်သူ … ကို ပုဆိုး ၊ လုံချည် တွေ လက်ဆောင်ဝယ်ပေးပြီး … တန်ဖိုးထားကြောင်း ပြသနိုင်ပါစေနော် ……. ချစ်သူရေ …… ချစ်သူ အမြတ်တနိုးဝတ်တဲ့ ချည်ပုဆိုးလေး … တွေမမြတ်လေး ဝယ်နေပါတယ်လို့စ်…” ဆိုပြီးပြောထားပါတယ် ။
ပရိသတ်ကြီးလည်း အေးမြတ်သူ ရဲ့ ပုံရိပ်ကလေးတွေကို သဘောကျလိမ့်မယ် ထင်ပါတယ် ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီကို ကျေးဇူးအထူး တင်ရှိပါတယ် ။
Moekalay
Source;aye myat thu