You are here
Home > အနုပညာ > ေရခ်ိဳးေနစဥ္ အားသြင္းေနတဲ့ ဖုန္းက ေရခ်ဳိးကန္ထဲကုိ ျပဳတ္က်သြားလုိ႔ ဓါတ္လုိက္ ေသဆုံးခဲ့ရွာတဲ့ သူ

ေရခ်ိဳးေနစဥ္ အားသြင္းေနတဲ့ ဖုန္းက ေရခ်ဳိးကန္ထဲကုိ ျပဳတ္က်သြားလုိ႔ ဓါတ္လုိက္ ေသဆုံးခဲ့ရွာတဲ့ သူ

ဖုန္းက လူေတြအတြက္ အလြန္ အသုံး၀င္ပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ေလ ဖုန္းေႀကာင့္ လူေတြ ေသဆုံးေနႀက ပါတယ္ ဥပမာ…ဖုန္းသြင္းေနရင္း ဂိမ္းေဆာ့လုိ႔၊ ဖုန္းေျပာလုိ႔၊ ဖုန္းေပါက္လုိ႔ စတာေႀကာင့္ လူေတြ ေသဆုံးႀကရ ပါတယ္။ အခုလည္း ရုရွားႏုိင္ငံက အမ်ဳိးသမီး တစ္ဦးဟာ ေရခ်ဳိးေနတုန္း အားသြင္းတဲ့ ဖုန္းက ေရခ်ဳိးကန္ထဲကုိ မထင္မွတ္ဘဲ ျပဳတ္က်သြားတဲ့ အတြက္ေႀကာင့္ ေရခ်ိဳးခန္းမွာပဲ ပဲြၿပီးခ်င္း ဆုံးသြားခဲ့ပါတယ္။

Unilad သတင္းက (၃၆) ႏွစ္အရြယ္ စာရင္းကုိင္ အလုပ္လုပ္သူ အီဂ်ီနီးယား (Evgenia) ဟာ ေရခ်ဳိးကန္ထဲမွာ ဓါတ္လုိက္လုိ႔ ေသဆုံးသြားခဲ့တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ သူဟာ ေရခ်ဳိးကန္မွာ ဖုန္း သုံးေနလား၊ မသုံးခဲ့ဘူးလား ဆိုတာကုိေတာ့ မသိရတာ ျဖစ္ပါတယ္။

မိခင္္ျဖစ္သူ ေရခ်ဳိးခန္းမွာ သူသမီးကုိ ျမင္လုိက္တဲ့ အခ်ိန္မွာ ေဆးရုံကုိ ဖုန္းဆက္ အေႀကာင္းႀကားခဲ့ေပမဲ့လည္း အဲဒီအခ်ိန္မွာ သူ႔ရဲ႕ သမီးက ေသေနၿပီ ျဖစ္ပါတယ္။အီဂ်ီနီးယား ေသသြားၿပီျဖစ္ေႀကာင္း သူ႔ရဲ႕သူငယ္ခ်င္းေတြက သိႀကတဲ့ အခါမွာ သူ႔ရဲ႕အေႀကာင္းကို Facebook မွာ ေရးသားခဲ့ႀကပါတယ္။

သူ႔ရဲ႕ သူငယ္ခ်င္း အယ္လီနာ (Elena) က “ညီမေလး… ၿငိမ္းခ်မ္းစြာနဲ႔ အနားယူပါ။ ေကာင္းမြန္စြာ အိပ္စက္ပါ။ နင္ဟာ ငါ့ရဲ႕ ႏွလုံးသားထဲမွာ ထာ၀ရ ရွိေနမွာပါ။ မနက္ျဖန္က်ရင္ ငါ့ကုိ ဖုန္းေခၚၿပီး ဒါေတြက အိပ္မက္ေတြပါ၊ ဒါေတြက မမွန္ပါဘူးလုိ႔ ငါ့ကုိ ေျပာပါ” လုိ႔ ၀မ္းနည္းစြာ ေရးခဲ့ပါတယ္။

လက္ရွိမွာ ရုရွားစုံစမ္းစစ္ေရးအဖဲြ႔က စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ၿပီး ဒီလုိအလားတူ ျဖစ္စဥ္ေတြဟာ ရုရွားႏုိင္ငံမွာ အေတာ္ေလး အျဖစ္မ်ားပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလကတင္ပဲ… အနာစတာစီယား (Anastasia) ဟာ ဖုန္းေႀကာင့္ ေသသြားခဲ့ၿပီး အီဂ်ီနီးယားလုိပဲ သူ႔အေမက သူ႔ကုိ ေတြ႔ခဲ့တာပါ။ ရုရွားႏုိင္ငံက သူ႔ရဲ႕ ႏုိင္ငံသူ၊ ႏုိင္ငံသားေတြကုိ ဖုန္းအားသြင္းေနခ်ိန္ အသုံးမျပဳႀကဖုိ႔ သတိေပးေနတယ္လုိ႔ Unilad သတင္းက ေဖာ္ျပသြားပါတယ္။

Ko Khant ( D Nae Khit Media )

Unicode

ဖုန်းက လူတွေအတွက် အလွန် အသုံးဝင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ ဖုန်းကြောင့် လူတွေ သေဆုံးနေကြ ပါတယ် ဥပမာ…ဖုန်းသွင်းနေရင်း ဂိမ်းဆော့လို့၊ ဖုန်းပြောလို့၊ ဖုန်းပေါက်လို့ စတာကြောင့် လူတွေ သေဆုံးကြရ ပါတယ်။ အခုလည်း ရုရှားနိုင်ငံက အမျိုးသမီး တစ်ဦးဟာ ရေချိုးနေတုန်း အားသွင်းတဲ့ ဖုန်းက ရေချိုးကန်ထဲကို မထင်မှတ်ဘဲ ပြုတ်ကျသွားတဲ့ အတွက်ကြောင့် ရေချိုးခန်းမှာပဲ ပွဲပြီးချင်း ဆုံးသွားခဲ့ပါတယ်။

Unilad သတင်းက (၃၆) နှစ်အရွယ် စာရင်းကိုင် အလုပ်လုပ်သူ အီဂျီနီးယား (Evgenia) ဟာ ရေချိုးကန်ထဲမှာ ဓါတ်လိုက်လို့ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူဟာ ရေချိုးကန်မှာ ဖုန်း သုံးနေလား၊ မသုံးခဲ့ဘူးလား ဆိုတာကိုတော့ မသိရတာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ ရေချိုးခန်းမှာ သူသမီးကို မြင်လိုက်တဲ့ အချိန်မှာ ဆေးရုံကို ဖုန်းဆက် အကြောင်းကြားခဲ့ပေမဲ့လည်း အဲဒီအချိန်မှာ သူ့ရဲ့ သမီးက သေနေပြီ ဖြစ်ပါတယ်။အီဂျီနီးယား သေသွားပြီဖြစ်ကြောင်း သူ့ရဲ့သူငယ်ချင်းတွေက သိကြတဲ့ အခါမှာ သူ့ရဲ့အကြောင်းကို Facebook မှာ ရေးသားခဲ့ကြပါတယ်။

သူ့ရဲ့ သူငယ်ချင်း အယ်လီနာ (Elena) က “ညီမလေး… ငြိမ်းချမ်းစွာနဲ့ အနားယူပါ။ ကောင်းမွန်စွာ အိပ်စက်ပါ။ နင်ဟာ ငါ့ရဲ့ နှလုံးသားထဲမှာ ထာဝရ ရှိနေမှာပါ။ မနက်ဖြန်ကျရင် ငါ့ကို ဖုန်းခေါ်ပြီး ဒါတွေက အိပ်မက်တွေပါ၊ ဒါတွေက မမှန်ပါဘူးလို့ ငါ့ကို ပြောပါ” လို့ ဝမ်းနည်းစွာ ရေးခဲ့ပါတယ်။

လက်ရှိမှာ ရုရှားစုံစမ်းစစ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ဒီလိုအလားတူ ဖြစ်စဉ်တွေဟာ ရုရှားနိုင်ငံမှာ အတော်လေး အဖြစ်များပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတင်ပဲ… အနာစတာစီယား (Anastasia) ဟာ ဖုန်းကြောင့် သေသွားခဲ့ပြီး အီဂျီနီးယားလိုပဲ သူ့အမေက သူ့ကို တွေ့ခဲ့တာပါ။ ရုရှားနိုင်ငံက သူ့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို ဖုန်းအားသွင်းနေချိန် အသုံးမပြုကြဖို့ သတိပေးနေတယ်လို့ Unilad သတင်းက ဖော်ပြသွားပါတယ်။

Ko Khant ( D Nae Khit Media )

Top
//doruffleton.com/4/3018672