You are here
Home > အနုပညာ > ဧရာဝတီေျမပဲဆီစက္ပိုင္ သူေဌး ကိုယ္တိုင္ေရးထားတဲ့ ျမန္မာျပည္က ပဲဆီမ်ား အေျခအေန

ဧရာဝတီေျမပဲဆီစက္ပိုင္ သူေဌး ကိုယ္တိုင္ေရးထားတဲ့ ျမန္မာျပည္က ပဲဆီမ်ား အေျခအေန

ဧရာဝတီေျမပဲဆီစက္ပိုင္ သူေဌး ကိုယ္တိုင္ေရးတာပါေနာ္

ေရးသင့္ၿပီထင္လို့ေရး လိုက္ရပါတယ္ခင္ဗ်ာ။ ျမန္မာနိုင္ငံရဲ့စားသုံးဆီေလာက ထဲကိုဓာတုအနံ့ ေျမပဲဆီ၊ႏွမ္းဆီေရာက္တာ 2012/13 ခုႏွစ္ကတည္းကပါ။ တ႐ုတ္နိုင္ငံသားလူငယ္တေယာက္ဘာသာျပန္နဲ႔အတူ အိမ္ေရာက္လာၿပီးနမူနာ ပုလင္းေလးေတြျပၿပီး ရွင္းျပပါတယ္။ က်ေနာ့္အေနနဲ႔ဒါသည္စားသုံးသူကိုလိမ္လည္တာဘဲျဖစ္ တယ္မလုပ္သင့္ဘူး လို့ေျပာျပပါတယ္။ ေနာက္ဓာတုအနံ့ျဖစ္လို့ဆိုးက်ိဳးေတြျဖစ္လာနိုင္တယ္၊ အနံ့ကျပင္းလြန္းတယ္၊လို့ေျပာျပပါတယ္ ၊သူ႔ကေတာ့နမူနာ ပုလင္းငယ္၄ပုလင္း ထားၿပီးျပန္သြားခဲ့ပါတယ္။
က်ေနာ္လည္း FDA မွတာဝန္ရွိ သူတဦးကိုေျပာျပၿပီးနမူနာ ပုလင္းငယ္မ်ားကို FDA ရန္ကုန္႐ုံးခြဲကိုပို့ေပးခဲ့ပါတယ္။ ခုေတာ့ဓာတုအနံ့ေျမပဲဆီ အတုႏွမ္းဆီအတုက တနိုင္ငံလုံး ျပန္႔လို့ေနပါၿပီ၊ စားသုံးသူေရးရာမွာ က်ေနာ္စတင္ပါသည့္ 2014 ခုႏွစ္ကတည္းက အစည္းအေဝးတက္တိုင္း ဒီဓာတုအနံ့ရဲ့ေစ်းကြက္ကို လႊမ္းမိုးမွုကတေျဖးေျဖးႀကီး လာပါၿပီ၊အခ်ိန္မီတားဆီးေပးဖို့ ေျပာရင္းနဲ႔ကို 2016/17 မွာ ေစ်းကြက္ရဲ့ 80%ျဖစ္သြားပါၿပီ။

ျမန္မာနိုင္ငံရဲ့စားသုံးဆီေစ်းကြက္မွာစားအုန္းဆီ၊ေနၾကာဆီ၊ ပဲပုတ္ဆီေတြျပန္ေၾကာ္ဆီေတြကိုဓာတု အနံ့ေပးေျမပဲဆီအတုႏွမ္းဆီ အတုလုပ္ေရာင္းေနတာကို မတားျမစ္နိုင္တာကစၿပီး တိုင္းျပည္ရဲ့အေျခခံလယ္ယာ ဆီထြက္သီးႏွံစိုက္ပ်ိဳး ေရး၊ေမြးျမဴေရး၊အလုပ္အကိုင္ အခြင့္အလမ္း၊စားသုံးသူ က်န္းမာေရး၊သြင္းကုန္အစားထိုး ပို့ကုန္ျမႇင့္တင္ေရး၊ ဆီစက္မ်ားစဥ္ဆက္မျပတ္တိုးတက္ေရးေတြကိုပါထိခိုက္သြာပါၿပီ၊ အခ်ိန္က 2012-2016 ဆိုတာေလးပါ။

အမွိုက္ကစျပႆတ္ မီးေလာင္၊အပ္နဲ႔ထြင္းရမွာ ပုဆိန္နဲ႔ထြင္းတဲ့အလုပ္ျဖစ္ေနရၿပီ၊ မၾကာခင္ေျမပဲဆံႏွမ္းေတြေပၚလာပါေတာ့မယ္၊ ေတာင္သူ ေတြငိုရပါဦးမယ္၊ စိုက္စရိတ္ထက္နိမ့္ေသာ သီးႏွံေစ်းေတြနဲ႔ေရာင္းရ ပါဦးေတာ့မယ္၊ ၂၀၁၆ခုႏွစ္က ေျမပဲဆီ တပိႆာ ၃၀၀၀က်ပ္ ႏွမ္းဆီ တပိႆာ ၂၅၀၀က်ပ္ေရာင္းတာေတာင္ျမန္မာေတြ ကဓာတုအနံ့ေျမပဲဆီတု ၂၂၀၀က်ပ္ႏွမ္းဆီတု ၂၀၀၀က်ပ္ တန္ေလာက္ရွာစားေနၾကခ်ိန္မွာ ဒီအခ်ိန္မွာတ႐ုတ္ကုန္သည္ေတြကေျမပဲလုံးဆန္အေကာင္းႏွမ္းေတြကိုေအာက္ေစ်းနဲ႔ ဝယ္သူ႔နိုင္ငံမွာေျမပဲဆီတပိႆာတေသာင္းေက်ာ္ ႏွမ္းကိုဆန္ကာခ်အဆင့္ျမႇင့္ စက္ကိယာသုံးဂ်ပန္ကိုေရာင္းဖို့ျပင္ေနၾကၿပီဆိုတာလူႀကီးေတြ သိေစခ်င္ပါတယ္။

CODEX STANDARD ေၾကာင့္ FDA ကဓာတုအနံ့ကိုအေရးယူလို့မရဘူးလား၊ စားသုံးသူေရးရာ ဥပေဒထဲမွာဓာတုအနံ့ကိုအေရးယူဖို့ဥပေဒမပါဘူးလား၊ ျမန္မာနိုင္ငံအမ်ိဳ းသားအက်ိဳးစီးပြား တခုလုံးကိုဝိသမသမားလက္ တဆုပ္စာဓာတုအနံ့ေရာင္းတဲ့ ၂၆လမ္း၂၇လမ္းကုန္ေစ်းတန္း လမ္းသိမ္ႀကီးေစ်း(A)႐ုံမွာရွိတဲ့ဆိုင္၆၀ေလာက္ကခ်ယ္လွယ္ေနတာကိုေတာ့အံ့ၾသေနမိပါတယ္။

က်ေနာ္ေျပာသင့္လို့ေျပာခဲ့ေပါင္း လည္းမ်ားခဲ့ပါၿပီ၊ ခုေရးသင့္လို့ေရးလိုက္ရပါတယ္။ ျမန္မာျပည္သူျပည္သား အေပါင္းလိမ္ညာမွုေဘးမွကင္းေဝးပါေစ။ တိုင္းျပည္ရဲ့အေျခခံကုန္ထုတ္လုပ္သူေတာင္သူလယ္သမားေမြးျမဴေရးသမားစက္သမားမ်ားလည္းႀကီးပြာခ်မ္းသာၾကပါေစ။ တနိုင္ငံလုံး၇၀% အေျခခံလူတန္းစားမ်ားျပည့္စုံခ်မ္းသာၿပီးက်န္ ၃၀%လူတန္းစားမ်ား တိုးတက္ၾကပါေစ။ ေကာင္းမြန္တိုးတက္ေသာအနာဂါတ္ျမန္မာနိုင္ငံေတာ္ႀကီး အျမန္ဆုံးျဖစ္တည္လာပါေစလို့ ဆုေတာင္းလိုက္ပါတယ္။

ဧရာဝတီဦးခင္စိုး

Unicode

ဧရာဝတီမြေပဲဆီစက်ပိုင် သူဌေး ကိုယ်တိုင်ရေးတာပါနော်

ရေးသင့်ပြီထင်လို့ရေး လိုက်ရပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံရဲ့စားသုံးဆီလောက ထဲကိုဓာတုအနံ့ မြေပဲဆီ၊နှမ်းဆီရောက်တာ 2012/13 ခုနှစ်ကတည်းကပါ။ တရုတ်နိုင်ငံသားလူငယ်တယောက်ဘာသာပြန်နဲ့အတူ အိမ်ရောက်လာပြီးနမူနာ ပုလင်းလေးတွေပြပြီး ရှင်းပြပါတယ်။ ကျနော့်အနေနဲ့ဒါသည်စားသုံးသူကိုလိမ်လည်တာဘဲဖြစ် တယ်မလုပ်သင့်ဘူး လို့ပြောပြပါတယ်။ နောက်ဓာတုအနံ့ဖြစ်လို့ဆိုးကျိုးတွေဖြစ်လာနိုင်တယ်၊ အနံ့ကပြင်းလွန်းတယ်၊လို့ပြောပြပါတယ် ၊သူ့ကတော့နမူနာ ပုလင်းငယ်၄ပုလင်း ထားပြီးပြန်သွားခဲ့ပါတယ်။

ကျနော်လည်း FDA မှတာဝန်ရှိ သူတဦးကိုပြောပြပြီးနမူနာ ပုလင်းငယ်များကို FDA ရန်ကုန်ရုံးခွဲကိုပို့ပေးခဲ့ပါတယ်။ ခုတော့ဓာတုအနံ့မြေပဲဆီ အတုနှမ်းဆီအတုက တနိုင်ငံလုံး ပြန့်လို့နေပါပြီ၊ စားသုံးသူရေးရာမှာ ကျနော်စတင်ပါသည့် 2014 ခုနှစ်ကတည်းက အစည်းအဝေးတက်တိုင်း ဒီဓာတုအနံ့ရဲ့ဈေးကွက်ကို လွှမ်းမိုးမှုကတဖြေးဖြေးကြီး လာပါပြီ၊အချိန်မီတားဆီးပေးဖို့ ပြောရင်းနဲ့ကို 2016/17 မှာ ဈေးကွက်ရဲ့ 80%ဖြစ်သွားပါပြီ။

မြန်မာနိုင်ငံရဲ့စားသုံးဆီဈေးကွက်မှာစားအုန်းဆီ၊နေကြာဆီ၊ ပဲပုတ်ဆီတွေပြန်ကြော်ဆီတွေကိုဓာတု အနံ့ပေးမြေပဲဆီအတုနှမ်းဆီ အတုလုပ်ရောင်းနေတာကို မတားမြစ်နိုင်တာကစပြီး တိုင်းပြည်ရဲ့အခြေခံလယ်ယာ ဆီထွက်သီးနှံစိုက်ပျိုး ရေး၊မွေးမြူရေး၊အလုပ်အကိုင် အခွင့်အလမ်း၊စားသုံးသူ ကျန်းမာရေး၊သွင်းကုန်အစားထိုး ပို့ကုန်မြှင့်တင်ရေး၊ ဆီစက်များစဉ်ဆက်မပြတ်တိုးတက်ရေးတွေကိုပါထိခိုက်သွာပါပြီ၊ အချိန်က 2012-2016 ဆိုတာလေးပါ။

အမှိုက်ကစပြဿတ် မီးလောင်၊အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ထွင်းတဲ့အလုပ်ဖြစ်နေရပြီ၊ မကြာခင်မြေပဲဆံနှမ်းတွေပေါ်လာပါတော့မယ်၊ တောင်သူ တွေငိုရပါဦးမယ်၊ စိုက်စရိတ်ထက်နိမ့်သော သီးနှံဈေးတွေနဲ့ရောင်းရ ပါဦးတော့မယ်၊ ၂၀၁၆ခုနှစ်က မြေပဲဆီ တပိဿာ ၃၀၀၀ကျပ် နှမ်းဆီ တပိဿာ ၂၅၀၀ကျပ်ရောင်းတာတောင်မြန်မာတွေ ကဓာတုအနံ့မြေပဲဆီတု ၂၂၀၀ကျပ်နှမ်းဆီတု ၂၀၀၀ကျပ် တန်လောက်ရှာစားနေကြချိန်မှာ ဒီအချိန်မှာတရုတ်ကုန်သည်တွေကမြေပဲလုံးဆန်အကောင်းနှမ်းတွေကိုအောက်ဈေးနဲ့ ဝယ်သူ့နိုင်ငံမှာမြေပဲဆီတပိဿာတသောင်းကျော် နှမ်းကိုဆန်ကာချအဆင့်မြှင့် စက်ကိယာသုံးဂျပန်ကိုရောင်းဖို့ပြင်နေကြပြီဆိုတာလူကြီးတွေ သိစေချင်ပါတယ်။

CODEX STANDARD ကြောင့် FDA ကဓာတုအနံ့ကိုအရေးယူလို့မရဘူးလား၊ စားသုံးသူရေးရာ ဥပဒေထဲမှာဓာတုအနံ့ကိုအရေးယူဖို့ဥပဒေမပါဘူးလား၊ မြန်မာနိုင်ငံအမျို းသားအကျိုးစီးပွား တခုလုံးကိုဝိသမသမားလက် တဆုပ်စာဓာတုအနံ့ရောင်းတဲ့ ၂၆လမ်း၂၇လမ်းကုန်ဈေးတန်း လမ်းသိမ်ကြီးဈေး(A)ရုံမှာရှိတဲ့ဆိုင်၆၀လောက်ကချယ်လှယ်နေတာကိုတော့အံ့သြနေမိပါတယ်။

ကျနော်ပြောသင့်လို့ပြောခဲ့ပေါင်း လည်းများခဲ့ပါပြီ၊ ခုရေးသင့်လို့ရေးလိုက်ရပါတယ်။ မြန်မာပြည်သူပြည်သား အပေါင်းလိမ်ညာမှုဘေးမှကင်းဝေးပါစေ။ တိုင်းပြည်ရဲ့အခြေခံကုန်ထုတ်လုပ်သူတောင်သူလယ်သမားမွေးမြူရေးသမားစက်သမားများလည်းကြီးပွာချမ်းသာကြပါစေ။ တနိုင်ငံလုံး၇၀% အခြေခံလူတန်းစားများပြည့်စုံချမ်းသာပြီးကျန် ၃၀%လူတန်းစားများ တိုးတက်ကြပါစေ။ ကောင်းမွန်တိုးတက်သောအနာဂါတ်မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးဖြစ်တည်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဧရာဝတီဦးခင်စိုး

Top
//nossairt.net/4/3018672