You are here
Home > အနုပညာ > ဆေးရုံတက်ရ တဲ့ထိ နေမကောင်းဖြစ် ခဲ့လို့ ဆေးလိပ်ဖြတ်ဖို့ မိခင်ကို ကတိပေး ခဲ့တဲ့ ဘုန်းမင်းနေလ

ဆေးရုံတက်ရ တဲ့ထိ နေမကောင်းဖြစ် ခဲ့လို့ ဆေးလိပ်ဖြတ်ဖို့ မိခင်ကို ကတိပေး ခဲ့တဲ့ ဘုန်းမင်းနေလ

အကယ်ဒမီ ခင်ဇာခြည်ကျော် ရဲ့ သားအကြီး ဘုန်းမင်းနေလက အမေ နဲ့တူပြီး ခန့်ညားချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် လူကြီး လူငယ်မရွေး ချစ်ခင်ကြတာဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလက ပြီးခဲ့တဲ့ မတ်လအတွင်းက ကျင်းပပြုလုပ်တဲ့ အကယ်ဒမီ ဆုပေးပွဲကြီးမှာလဲ ရွှေကြိုအဖြစ် ဆောင်ရွက်ပေးခဲ့ရင်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရသူဖြစ်ပါတယ်။

ဘုန်းမင်းနေလက လတ်တလောမှာတော့ စင်္ကာပူမှာ ကျောင်းပိတ်တာ မို့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မြန်မာပြည်ကို ရောက်ခိုက် ဘုန်းမင်းနေလက မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ရွှင်စွာ အချိန်ကုန်နေတာ တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘုန်းမင်းနေလက ပြီးခဲ့တဲ့နှစ် သူဆေးရုံတက်တုန်းက မေမေခင်ဇာခြည်ကျော်ကို ဆေးလိပ်ဖြတ်ဖို့ ကတိပေးခဲ့တဲ့ ဗီဒီယိုလေးကို အမှတ်တရအနေနဲ့ ပြန်လည် မျှဝေထားပါတယ်။

ဘုန်းမင်းနေလကို ဆေးလိပ်ဖြတ်ဖို့ ကတိတောင်းနေ တဲ့ ခင်ဇာခြည်ကျော်

ဘုန်းမင်းနေလနဲ့ ခင်ဇာခြည်ကျော်တို့ သားအမိက အရမ်းကို ချစ်စရာကောင်းကြတာပဲနော်။ ပရိသတ်ကြီးလည်း ခင်ဇာခြည်ကျော်တို့ သားအမိရဲ့ ပုံရိပ်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Top
//kiksajex.com/4/3018672