ခင်ပွန်းဖြစ်သူဆီက တရားဝင် ကွာရှင်းခွင့် ရခဲ့ပြီ ဆိုတဲ့ မျိုးစန္ဒီကျော်

ကီးကျော်ကြားခဲ့တဲ့ မျိုးစန္ဒီကျော် နဲ့ ဖြိုးကျော်ကျော်မြတ် တို့ရဲ့ အိမ်ထောင်ရေးပဋိပက္ခ နဲ့ပတ်သက်ပြီး ယနေ့မှာတော့ နှစ်ဦးသဘောတူ ကွာရှင်းခွင့်ရရှိခဲ့ပြီလို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ထဲက တရားဝင်မကွာရှင်းရသေးတာဘဲ ရှိပြီး အိမ်ခွဲနေကြပြီ ဖြစ်ပါတယ်။ သမီးလေးက မိခင်ဖြစ်သူ သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ အတူနေထိုင်ခဲ့ပြီး ဒီကြားထဲမှာ ကလေးနဲ့ ပတ်သက်ပြီး တရားရုံးမှာတရားရင်ဆိုင်နေရတယ်လို့လဲ သိရပါတယ်။

သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ သူမအနေနဲ့ ကလေးတစ်ဖက်အလုပ်တစ်ဖက်နဲ့ ရုံးချိန်းသွားနေရတဲ့ အလုပ်ကို မလုပ်ချင်တော့တာကြောင့် သူလိုချင်တာတွေကိုပေးပြီးကွာရှင်းလက်မှတ်ရယူခဲ့တယ်လို့လဲ သိရပါတယ်။ သရုပ်ဆောင်မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ဟာ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့မှာ တော့ နှစ်ဦးသဘောတူ တရားဝင် ကွာရှင်းခဲ့ကြပြီး ဖြစ်ကာ ဖြိုးကျော်ကျော်မြတ် ဆီမှ ကလေးစရိတ်မရခဲ့တဲ့အပြင် ကားတစ်စီးနဲ့ ကလေးတွေ့ခွင့်ကိုပါ ပြန်လာပေးခဲ့ရတယ်လို့ Oasis Journal ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာတော့ “19.9.2019 Change Of My Life The Beginning Of A New Life ” “ဖြူစင်ရိုးသားတဲ့သူတွေက အမြဲခံရတယ် ကွာရှင်းစာချုပ်မှာလက်မှတ်ရဖို့အတွက် ဒါပေမယ့် တစ်သက်လုံးလိပ်ပြာလုံတယ် သမီးလေးအတွက်အမြဲရှေ့က ရပ်တည်မယ့် မေမေ Fighting for me ” ဆိုပြီးရေးသားခဲ့ပါတယ်။

ဖြိုးကျော်ကျော်မြတ်နဲ့ မျိုးစန္ဒီကျော် တို့ ဟာ ၂၀၁၀ခုနှစ် ဧပြီလ (၇)ရက်နေ့က လက်ထပ်ခဲ့ကြပြီး ၂၀၁၆ခုနှစ် ဧပြီလ(၄)၇က်နေ့ကစတင်ကာ လင်မယားအဖြစ်ပေါင်းသင်းခြင်းမရှိတော့ဘဲ သီးခြားစီနေထိုင်ခဲ့ကြကာ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့မှာတော့ တရားရုံးတော်ရဲ့ ရှေ့မှောက်မှာ တရားဝင် ကွာရှင်းပြတ်ဆဲလိုက်ကြပြီဘဲ ဖြစ်ပါတယ်။ သူတို့မှာ ၅နှစ်ပြည့်တော့မယ့် သမီးလေး တစ်ယောက်ကိုရရှိပိုင်ဆိုင်ထားပြီး နောက်ပိုင်းမှာတော့ အလှည့်ကြ အုပ်ထိန်းခွင့်နဲ့ သမီးလေးရဲ့ အနာဂတ်ကို ဖန်တီးပုံဖော်သွားကြမှာဖြစ်တယ်လို့လဲသိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – myo sandi kyaw၊ Oasis Journal