အပြော အရမ်းကောင်းပီး နှုတ်ချိုတာ သောကြာ။အဓိကမျက်လုံးရယ် နှုတ်ခမ်းရယ်ဆွဲဆောင်မှု့ရှိကြတယ်။စိတ်ခံစားမှု့အရမ်းလွယ်တတ်ပေမဲ့ ဟန်ဆောင်ကောင်းတဲ့သူတွေပါ။အချစ်လည်းအရမ်းကြီးသလို အမြတ်လည်း အရမ်းကြီးတတ်ကြတယ်။ဒေါသကြီးပီဆို ဘာကိုမှမမြင်တတ်ပဲ လုပ်ချင်ရာ တဇွတ်ထိုးလုပ်ပီးမှ နောင်တရနေတတ်တာ ။
လောဘကြီးတဲ့အထဲမှာ မပါဘူးရှိတာနဲ့ရောင့်ရဲတတ်သူတွေ။စကားများရန်ဖြစ်ရမှာကို မကြိုက်ဘူး။ အကြောက်ဆုံးက သူများအပေါ်အကြွေးတင်နေတာ။အရာရာကို စဉ်းစားချင့်ချိန်ပီးမှ လုပ်တတ်ကြတယ် ။လုပ်ရင်လည်းဘဘယ်တော့မှ နောက်မဆုတ်ဇွဲရှိကြတယ်။မိဘအပေါ်အရမ်းသိတတ်ကြပီး မျက်နှာရိပ်မျက်နှာကဲ အရမ်းသိသူတွေ။း
သူတို့ရဲ့ရိုးရာက စကားသိပ်များတတ်တာပါ။သူငယ်ချင်းတွေအထဲ သူတို့မပါရင် ပွဲမစီပွကြီးတွေပေါ့။သူတို့အများဆုံး(crush) တာ အင်္ဂါ/တနင်္ဂနွေ
မိတ်ဘက်အိမ်ထောင်ဘက်ဟာလည်း (Tue&Sun)။သူတို့နဲ့မတည့်တာ စနေ/ကြာသာပတေသူတို့(control) လုပ်နိုင်တာ တနင်္ဂနွေ။အနုပညာနဲ့အလှအပမှာ အများနဲ့မတူ တမူထူးခြားသူတွေပါ။အများနဲ့မတူ ဆန်းသစ်တဲ့ အတွေးများရှိသောသူတွေချစ်သူကို အရစ်သန်တာ သောကြာပါ။
ထပ်တလဲလဲ ပြောတတ်တာလည်း သူတို့ပဲ။စိတ်ကောက်တတ်တာလည်း သူတို့ပဲ။စိတ်ပြေလွယ်တာလည်းသူတိုပဲ။အစွဲအလမ်းကြီးပီး သနားတတ်တာလည်းသူတို့ပဲ။နောက်ကြောဓါးနဲ့ အထိုးခံရတာအများဆုံး သောကြာ။ခင်ပီဆို ကိုယ့်အကြောင်း တခုမကျန်ပြောတတ်တာ သောကြာ။ပွင့်လင်းဖော်ရွေတာလည်း သောကြာ။Qစယား လုံး၀ ရှင်းတာ သောကြာ။ကိုယ့်အပေါ်(၁)ကျပ်ဖိုးကောင်းရင် (၁၀၀) ဖိုးလောက်ပြန်ကောင်းတန်တာသောကြာ။
အနစ်နာခံပေးဆပ်နိုင်ဆုံးသောသူတို့။ဟင်ဆိုရင်လှည့်မကြည့်တော့တာသောကြာ။သူတို့အပေါ်မကောင်းရင်တော့ ဘယ်လောက်ချစ်ချစ် စွန့်လွှတ်ပီးပြန်မလှည့်ကြည့်တတ်တော့ပါဘူး။