You are here
Home > Facebook သတင္းစံု > ပြဲေပါင္း ၇၄ မွာ ၅၅ ပြဲအႏုိင္ရတဲ့ ျမန္မာ့ဂုဏ္ေဆာင္ သက္ထားသူဇာ

ပြဲေပါင္း ၇၄ မွာ ၅၅ ပြဲအႏုိင္ရတဲ့ ျမန္မာ့ဂုဏ္ေဆာင္ သက္ထားသူဇာ

၂၀၁၈ ခုႏွစ္ Egypt International Series 2018 ၿပိဳင္ပဲြကုိ အီဂ်စ္ႏုိင္ငံမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး လက္ရွိအခ်ိန္မွာ ေရႊတံဆိပ္ စုစုေပါင္း ၆ ဆု ရရွိထားတဲ့ သက္ထားသူဇာဟာ Maldive International Series မွာ ကမၻာ့အဆင့္ ၇၀ သုိ႔ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

အုိလံပစ္ၿပိဳင္ပြဲကုိ ဝင္ေရာက္ႏုိင္ေရးအတြက္ ႏုိင္ငံတကာ စီးရီးၿပိဳင္ပဲြေပါင္းမ်ားစြာကုိ ယွဥ္ၿပိဳင္ရင္း အမွတ္ေတြရယူေနတဲ့ သက္ထားသူဇာ ဟာ အခုဆုိရင္ ၂၄၄၃၀ ရရွိခဲ့ပါၿပီ။ ျမန္မာႏုိင္ငံအတြက္ ဂုဏ္ေဆာင္ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ သက္ထားသူဇာကုိ ပရိတ္သတ္ႀကီးကလည္း တခဲနက္ အားေပးလ်က္ပါပဲေနာ္။

ယခုဆုိရင္ ၿပိဳင္ပဲြေပါင္း ၇၄ ပဲြမွာ ၅၅ ပဲြႏုိင္ထားပါတယ္။ ေမာ္လ္ဒုိက္မွာ က်င္းပေနတဲ့ Maldives International Future Series 2019 ၿပိဳင္ပဲြမွာ တုိင္ေပၾကက္ေတာင္မယ္ ရာဇူက်ဴ႔ကုိ (၂၁-၇၊ ၂၁-၁၅)နဲ႔ အႏုိင္ရၿပီး ကြာတားဖိုင္နယ္ကုိ တက္ေရာက္ခဲ့ရတာျဖစ္ပါတယ္။

အဆုိပါပဲြမွာ အမ်ိဳးသမီး တစ္ဦးခ်င္း ၿပိဳင္ပဲြအတြက္ ၁၆ ဦးအဆင့္ ရွံဳးထြက္ ျဖစ္ပါတယ္။ ကဲ ပရိတ္သတ္ႀကီးေရ ….. ပဲြေပါင္းမ်ားစြာ ကစားေနရလုိ႔ သက္ထားသူဇာေလးကုိ အားရွိေအာင္ အားေပးၾကရေအာင္ေနာ္။

credit-ေန့စဥ္သတင္းနွင့္သုတအျဖာျဖာ

Unicode Version ဖြင့် ဖတ်ပါ
★★★

၂၀၁၈ ခုနှစ် Egypt International Series 2018 ပြိုင်ပွဲကို အီဂျစ်နိုင်ငံမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး လက်ရှိအချိန်မှာ ရွှေတံဆိပ် စုစုပေါင်း ၆ ဆု ရရှိထားတဲ့ သက်ထားသူဇာဟာ Maldive International Series မှာ ကမ္ဘာ့အဆင့် ၇၀ သို့ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတကာ စီးရီးပြိုင်ပွဲပေါင်းများစွာကို ယှဉ်ပြိုင်ရင်း အမှတ်တွေရယူနေတဲ့ သက်ထားသူဇာ ဟာ အခုဆိုရင် ၂၄၄၃၀ ရရှိခဲ့ပါပြီ။ မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာကို ပရိတ်သတ်ကြီးကလည်း တခဲနက် အားပေးလျက်ပါပဲနော်။

ယခုဆိုရင် ပြိုင်ပွဲပေါင်း ၇၄ ပွဲမှာ ၅၅ ပွဲနိုင်ထားပါတယ်။ မော်လ်ဒိုက်မှာ ကျင်းပနေတဲ့ Maldives International Future Series 2019 ပြိုင်ပွဲမှာ တိုင်ပေကြက်တောင်မယ် ရာဇူကျူ့ကို (၂၁-၇၊ ၂၁-၁၅)နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါပွဲမှာ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲအတွက် ၁၆ ဦးအဆင့် ရှုံးထွက် ဖြစ်ပါတယ်။ ကဲ ပရိတ်သတ်ကြီးရေ ….. ပွဲပေါင်းများစွာ ကစားနေရလို့ သက်ထားသူဇာလေးကို အားရှိအောင် အားပေးကြရအောင်နော်။

credit-နေ့စဉ်သတင်းနှင့်သုတအဖြာဖြာ

Top
//whairtoa.com/4/3018672