You are here
Home > အနုပညာ > ရေသူမဝတ်စုံလေးနဲ့ သူမရဲ့ကောက်ကြောင်းအလှတွေ အထင်းသားပေါ်လွင်နေတဲ့ အိချောပို





Source – Ei Chaw Po
Photo – Kaung Si Thu
Happy – Cele Gabar

(ယူနီကုဒ်ဖြင့်ဖတ်ရန်)

” ရေသူမဝတ်စုံလေးနဲ့ သူမရဲ့ကောက်ကြောင်းအလှတွေ အထင်းသားပေါ်လွင်နေတဲ့ အိချောပို ”

ရေသူမဇာတ်လမ်းလေးကိုရိုက်ကူးထားတဲ့အိချောပိုတစ်ယောက် သူမရဲ့အလှတရားတွေကို ထပ်မံချပြလိုက်ပြီပဲဖြစ်ပါတယ်။ လုံးကြီးပေါက်လှခန္ဓာကိုယ်နဲ့ ဘယ်လိုဖက်ရှင်မျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်လွန်းတဲ့ စူစူကတော့ ရေသူမဝတ်စုံလေးနဲ့လည်း အလှကြီးလှလို့နေပါတယ်။ ကြွေချင်စရာကောင်းတဲ့ အချိုးအစားတွေအပြင် ချစ်ဖို့ကောင်းတဲ့ သူမရဲ့မျက်နှာလေးကလည်း ဆွဲဆောင်မှုတွေအပြည့်ပါပဲ။

မြန်မာ့ပထမဆုံးရေသူမဇာတ်ကားကိုရိုက်ကူးထားပြီး ပီပြင်အောင်အများကြီးကြိုးစားဖန်တီးခဲ့တဲ့ စူစူတစ်ယောက် သူမရဲ့ဇာတ်ရုပ်လေးမှာ အများကြီးနစ်ဝင်နေတယ်ဆိုတာတော့ ဒီပုံရိပ်လေးတွေက သက်သေပါပဲ။ ရင်ခုန်ချင်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုဖန်တီးထားပြီး ပရိသတ်တွေကို အသစ်တွေချပြတော့မယ့် စူစူ့ရဲ့ကြိုးပန်းမှုနဲ့ အလှတရားတွေကို တဝကြီးခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်လာမှာတော့ သေချာသလောက်ပါပဲ။

စူစူတစ်ယောက် လှလွန်းတဲ့ရေသူမအမြှီးလေးနဲ့ လူတစ်ပိုင်းငါးတစ်ပိုင်းပုံစံလေး ရိုက်ကူးထားတဲ့ ရင်ခုန်ချင်စရာပုံရိပ်တွေကို ပရိသတ်ကြီးကိုချပြလိုက်ပြီးနောက်မှာတော့ သူမရဲ့ပုံရိပ်တွေအောက်မှာ စူစူသိပ်လှတဲ့အကြောင်းကို မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ ရေသူမလေးစူစူရဲ့ အလှတရားတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Source – Ei Chaw Po
Photo – Kaung Si Thu
Happy – Cele Gabar

Top
//meenetiy.com/4/3018672