You are here
Home > အနုပညာ > ခင်ဝင့်ဝါကို မွေးနေ့အကြို ပုံတူပန်းချီကားကြီးပေးပြီး Surprise လုပ်ခဲ့တဲ့ ဟန်နေတာ

ခင်ဝင့်ဝါကို မွေးနေ့အကြို ပုံတူပန်းချီကားကြီးပေးပြီး Surprise လုပ်ခဲ့တဲ့ ဟန်နေတာ

Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံရဲ့ လူငယ် Rock Band တွေထဲမှာ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေကို ဖျော်ဖြေတတ်တဲ့ Eternal Goshအဖွဲ့ကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ Eternal Gosh အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင် ဟန်နေတာကလည်း ချောမောပြပြစ်ပြီး ယောကျာ်းဆန်တဲ့ စတိုင်လ်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဟန်နေတာက ကောင်လေးတွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါအတွက် Surprise မွေးနေ့လက်ဆောင်လေး ပေးခဲ့ပါတယ်။

ဟန်နေတာက မနက်ဖြန် စက်တင်ဘာလ(၂၁) ရက်နေ့မှာ ကျရောက်မယ့် ခင်ဝင့်ဝါရဲ့ မွေးနေ့အတွက် ခင်ဝင့်ဝါရဲ့ပုံတူ ပန်းချီကားကြီး လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဟန်နေတာ လက်ဆောင်ပေးခဲ့တဲ့ ခင်ဝင့်ဝါရဲ့ ပုံတူပန်းချီကား

ခင်ဝင့်ဝါကတော့ ဟန်နေတာရဲ့ မွေးနေ့လက်ဆောင်ကြောင့် တော်တော်လေး ဝမ်းသာနေမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။

Source : momolay

Top
//thaudray.com/4/3018672