လုံးဝ အမေးဇင်းပါ အောင်မင်္ဂလာအဝေးပြေးကားကွင်းသွားဖို့ Taxi ခ ၈၀၀၀ ကုန်စရာမလိုတော့ဘူး

တံခါး ၃ ပေါက်ပါ SCANIA ကားများဖြင့် မြို့ပတ်ဘတ်စ်ကားလိုင်း ယခုလ ၂၃ ရက်တွင် စတင် ပြေးဆွဲမည်။

တံခါးပေါက် ၃ ပေါက်ပါရှိသည့် SCANIA ကားသစ်များဖြင့် YBS ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းကို စက်တင်ဘာလ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။ (J-10) ယာဉ်စီးခ အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံ =၅၀၀ကျပ် ၊ သခင်မြပန်းခြံမှ အောင်မင်္ဂလာအဝေးပြေး=၅၀၀ကျပ် ၊ အစအဆုံးမြို့ပတ်ခရီးစဉ် = ၁၀၀၀ကျပ်

ချစ်သူစုံတွဲတွေ မြို့ပတ်ပြီးရိုချင်လား၊ ဖေဖေ၊မေမေတွေက ပိတ်ရက်မှာ သားသားမီးမီးတွေကို မြို့ပတ်ပြီး အဲယားကွန်းကားသစ်ကြီးစီးပြီးစမတ်ကျကျ လိုက်ပို့ချင်လား၊ FA တွေကလဲ အိမ်မှာမီးပျက်တာဘဲဖြစ်ဖြစ် ရုံးပိတ်ရက်နေ့ အိမ်မှာအဲယားကွန်းဖွင့်လို့ မီတာခကုန်မှာကြောက်နေရင် ဒီအေးစိမ့်တဲ့အဲယားကွန်းကားမြို့တစ်ပတ်တစ်နေကုန်စီးပြီး ဖုန်းလေးနဲ့ ဇာတ်လမ်းတွဲတွေ အမုန်းကြည့်မလား ၊အောင်မင်္ဂလာအဝေးပြေးသွားမယ့်သူတွေလဲ တက္ကစီသက်သာပီနော်၊ကံကောင်းရင် မြို့ပတ်ကားလေးစီးပြီး FA တွေတောင်ချစ်သူရမယ့်အခွင့်အရေးလာပီနော်။

ယခုလ ၂၃ရက်နေ့တွင် ပြေးဆွဲမည့် တံခါးပေါက် ၃ပေါက်ပါရှိသည့် SCANIA ကားသစ်များဖြင့် YBS ရန်ကုန်မြို့ပတ်ဘတ်စ်ကားလိုင်းပြေးဆွဲမည့် ယာဉ်မှတ်တိုင်မျာ ပြေးဆွဲမည့် ခရီးစဉ် လမ်းကြောင်း ၁ မှတ်တိုင်များမှာ အောင်မင်္ဂလာအဝေးပြေးမှ စတင်ကာ ဓမ္မာရုံ၊ ၆ကွေ့၊ဧ ရာ(ဘုမ္မာ)၊ဥဇ္ဇနာ၊ဝဇီရာ၊ ဃဈေး၊မြောက်ဥက္ကလာအဝိုင်း၊ဘုန်းကြီးလမ်း၊(၅)လမ်း၊ ဂန္ဓမာဟိုးဆေး၊ညောင်ပင်(ပါ ရမီ)၊ပင်းယ၊မြင်သာဈေး၊ဥက္ကလာပဘုရား၊မိုးဆွေ၊စီမံကိန်း၊စံပြဈေး၊သစ်စက်၊ချမ်းအေး(သွားဆေးတက္ကသိုလ်)၊သုဝဏ္ဏဈေး၊ကျောင်းလမ်း၊သုဝဏ္ဏလမ်းဆုံ၊ဈေးလေး(ကြက်ဘဲဈေး)၊၆လမ်း(ပုသိမ်ညွန့်)၊အေဘီစီ၊အသင်းတိုက်(စက်ဆန်း)၊ပုဇွန်တောင်စာတိုက်၊ပုဇွန်တောင်ဈေး၊ဗိုလ်တထောင်ဘုရား၊စာတိုက်ကြီး(ဘိုကလေးဈေး)၊ပန်းဆိုးတန်း၊ခြောက်ထပ်ရုံး၊၁၅လမ်း(ညောင်ပင်လေးဈေး)၊မော်တင်နှင့်သခင်မြပန်းခြံမှတ်တိုင်များသို့ပြေးဆွဲမည်ဖြစ်သည်။

ထိုအလုံမြို့နယ်ရှိ သခင်မြပန်းခြံကားမှတ်တိုင်မှ တဆင့် အလုံဒယ်အိုးစက်၊ဆင်မင်းဈေး၊ ဟုမ်းလမ်း၊စာတိုက် (ကြည့်မြင်တိုင်)၊ညဈေး၊ဆင်မလိုက်၊သင်္ဘောကျင်း၊ရေကြောင်းသိပ္ပံ၊ချောင်းဝ၊ဘူတာရုံလမ်း၊ပိတောက်ချောင်း(သီရိမင်္ဂလာဈေး)၊အုတ်ကျင်း၊ဈေးဘူတာ၊ကျောင်းရှေ့(သမိုင်း)၊သမိုင်းလမ်းဆုံ၊ကျိုက်ဝိုင်း၊ရဲဘော်ဟောင်း၊၈မိုင်လမ်းဆုံ၊၈မိုင်ပန်းခြံ၊နဝဒေး၊လမ်းဝ၊၅လမ်း၊ဘုန်းကြီးလမ်း၊မြောက်ဥက္ကလာအဝိုင်း၊ဃဈေး၊ဝဇီရာ၊ဥဇ္ဇနာ၊ဧရာ(ဘုမ္မာ)၊၆ကွေ့၊ဓမ္မာရုံမှတဆင့် အောင်မင်္ဂလာအဝေးပြေးမှတ်တိုင်သို့ အသွားအပြန်ပြေးဆွဲမည်ဖြစ်သည်။

မသန်စွမ်းသူများအတွက် အဆင်ပြေစေသည့်အချက် SCANIA ယာဉ်ပေါ်တွင် သက်ကြီးရွယ်အိုများအတွက် ထိုင်ခုံနေရာ၊ဝှီးချဲဖြင့် မသန်စွမ်းသူများအတွက် ယာဉ် အတက်အဆင်း၊ထိုင်ခုံများ၊မျက်မမြင်များအတွက်အသံစနစ်နှင့်စီးနင်းသူများ ကို သတင်းအချက်အလက် ပေးသည့်စနစ် စသည်တို့ ပါဝင်မှာဖြစ်ပါတယ်။

Credit-Wai Linn