You are here
Home > အနုပညာ > တစ်ခေါင်းလုံး ဆံပင်ကောက်ကောက်လေးတွေ နဲ့ ဘိုမ အရုပ်လေးလို အရမ်း ချစ်စရာကောင်းနေတဲ့ မအေးသောင်း

တစ်ခေါင်းလုံး ဆံပင်ကောက်ကောက်လေးတွေ နဲ့ ဘိုမ အရုပ်လေးလို အရမ်း ချစ်စရာကောင်းနေတဲ့ မအေးသောင်း

ယဉ်ကျေးသိမ်မွေ့တဲ့ အလှပိုင်ရှင်လေးဖြစ်တဲ့ အေးဝတ်ရည်သောင်း ဟာဆိုရင် အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မြန်မာဆန်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကလည်း အရမ်းလှတာကြောင့် တစ်ခေတ်မှာ အလှမယ်ဆုကိုရရှိခဲ့တာပါနော်။ယနေ့အချိန်ထိလည်း မပျက်စီးမယိုယွင်းသေးဘဲ လှ ပနုပျိုနေဆဲဖြစ်လို့ ပရိသတ်တွေ ကတောင် ချီးကျူး ရပါတယ်နော်။

မအေးသောင်းက ကြားကာလမှာ အနုပညာ အလုပ်တွေ ကိုရပ်နားလိုက်ပြီး စီးပွားရေးသာ လုပ်ဆောင်ခဲ့ပါတယ်။၂၀၁၇လောက်ရောက်ချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း ပြန်လည်လုပ်ဆောင်လာပြီး ပရိသတ်တွေကလည်းတစ်ခဲနက်အားပေးခဲ့ကြပါတယ်။မအေးသောင်းရဲ့ အနုပညာ အရည်အသွေးတွေကလည်း နည်းနည်း မှမလျော့သွားဘဲ ပိုပြီးတောင် ကောင်းလာပါသေးတယ်နော်။

မအေးသောင်းကတော့ တစ်နေ့တစ်ခြား ပိုပိုလှလာပြီး ပုရိသတွေကလည်း မအေးသောင်း ရဲ့အလှတွေအောက်မှာ ကျရှုံးရပါတယ်နော်။အခုဆိုရင်လည်း မအေးသောင်းက ရှုတင်မှာ ကြော်ငြာတစ်ခုရိုက်ကူးနေပြီး မြန်မာဆန်ဆန်လေးနဲ့လည်း နန်းဆန်စွာလှပသလို လူငယ်ဆန်ဆန်လေးဝတ်လိုက်တဲ့အခါမှာလည်း အရမ်းမိုက်သွားပြီး လန်းနေတာကြောင့် မအေးသောင်း ရဲ့ ဒီဇိုင်းနှစ်မျိုး ပုံရိပ်လေးတွေ ကို မျှဝေပေး လိုက်ပါရစေနော်။

credit-myanmarload

Top
//whairtoa.com/4/3018672