
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သရုပ်ဆောင်၊ဒါရိုက်တာ ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ကတော့ အနုပညာခရီးလမ်းကြောင်းမှာ တစ်စထက်တစ်စအောင်မြင်မှုတွေ ရရှိထားသူပါ။ သူမရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေဟာလည်း ပရိသတ်တွေကိုချစ်မဝဖြစ်စေတာပါ။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်နေရတာပါ။
သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အနုပညာလှုပ်ရှားမှုပုံရိပ်တွေနဲ့ဗီဒီယိုလေးတွေကို ပရိသတ်တွေထံ ဝေမျှလေ့ရှိတာပါ။ သဲရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေမချစ်ဘဲမနေနိုင်အောင်ကို ဖြစ်ရတာပါ။ အခုမှာလည်း သူမရဲ့ကျန်းမာရေးအခြေနေလေးကို Facebook Myday လေးမှာတင်ထားတာပါ။
သဲဟာ နေမကောင်းတာကြောင့် ဆေးရုံတွင် ညတွင်းချင်းဆေးသွင်းခဲ့ရတာပါ။ သူမရဲ့ Facebook Myday တွင်လည်း ” ခုတော့နည်းနည်း သက်သာသွားပြီ ညတွင်းချင်းဆေးတွေသွင်းရ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Source – Thazin Htoo Myint’s Facebook Myday