
ျမန္မာႏိိုင္ငံမွာ ေပါေပါမ်ားမ်ားေတြ႕ရတဲ့ (Butterfly Pea Flower) ျမန္မာလို “ေအာင္မဲညိဳ”လို႔ေခၚၾကတဲ့ ဒီအျပာေရာင္ ပန္းေလးေတြ ဟာဆိုရင္ သူ႔ရဲ႕ေဆးဖက္ဝင္ အာနိသင္ေၾကာင့္ အခုေနာက္ပိုင္းမွာ ႏိုင္ငံတကာမွာေရာ ျမန္မာႏိုင္ငံမွာပါ ေရပန္းစားေနတာ ျဖစ္ပါတယ္။
ထိုိင္း၊ ဗီယက္နမ္နဲ႔ မေလးရွားႏိုင္ငံေတြမွာေတာ့ ေအာင္မဲညိဳပန္းကို အစားအစာေတြမွာ အေရာင္ထည့္သြင္း ျပဳလုပ္တဲ့အခါမ်ိဳးမွာ Food Colour အျဖစ္ အသုံးျပဳေလ့ရွိၾကပါတယ္။
မေလးရွားႏိိုင္ငံ မွာေတာ့ ထမင္းထဲထည့္သြင္း ခ်က္ျပဳတ္ၾကၿပီး ထိုင္းႏိုင္ငံမွာေတာ့ ေဖ်ာ္ရည္အျဖစ္ ျပဳလုပ္ေသာက္သုံး ေလ့ရွိၾကပါတယ္။
ႏိုင္ငံတကာမွာေတာ့ အိပ္ရာမဝင္ခင္္ Bed Time Tea အျဖစ္ ေအာင္မဲညိဳ လက္ဖက္ရည္ၾကမ္းကို ေသာက္သုံးေလ့ ရွိၾကၿပီး ဒီလိုေသာက္သုံးေပးရျခင္းရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြ ကလည္း အမ်ားအျပားပဲ ျဖစ္ပါတယ္။
(၁) ေအာင္မဲညိိဳ လက္ဖက္ရည္ၾကမ္းဟာ Green Tea လက္ဖက္ရည္ၾကမ္းမွာလိုပဲ Antioxidant ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ ခုခံအားစနစ္ကို ေကာင္းမြန္ေစၿပီး ႏွလုံးေရာဂါျဖစ္ပြားျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။
ဒါ့အျပင္ ရာသီဥတုေၾကာင့္ ေခါင္းကိုက္ျခင္္းနဲ႔ ေခါင္းတျခမ္း ကိုက္ျခင္းေတြကို ထိထိေရာက္ေရာက္ သက္သာေစႏိုင္ပါတယ္။
(၂) ေအာင္မဲညိဳ လက္ဖက္ရည္ၾကမ္းကိို ပုံမွန္ေသာက္သုံးေပးမယ္ဆိုရင္ မ်က္လုံးက်န္းမာေရးျပႆနာေတြျဖစ္တဲ့ မ်က္လုံးေညာင္းညာ ကိုက္ခဲျခင္းေတြနဲ႔ အျမင္အာ႐ုံမႈန္ဝါးျခင္းေတြကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။
ခႏၶာကိုယ္တြင္း ေရာင္ရမ္းျခင္းေတြနဲ႔ ဓာတ္မတည့္မႈႈေၾကာင့္ ျဖစ္ေပၚတဲ့ အေရျပားျပႆနာေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။
(၃) ၂၀၀၃ ခုႏွစ္မွာျပဳလုပ္ခဲ့တဲဲ့ ေလ့လာခ်က္ေတြအရ ေအာင္မဲညိဳပန္းဟာ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေစႏိုင္ၿပီး စိတ္က်ေရာဂါ အပါအဝင္ စိုးရိမ္ပူပန္မႈ လြန္ကဲတာနဲ႔ မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္းတို႔ကို ေပ်ာက္ကင္းသက္သာေစႏိုင္တယ္လို႔ သိရပါတယ္။
(၄) အခုေနာက္ပိုင္းမွာဆိုရင္ ေအာင္မဲညိဳပန္းကိုိ အေျခခံၿပီးထုတ္လုပ္ထားတဲ့ အလွကုန္ပစၥည္းေတြ ေပၚထြက္ လာေနၾကၿပီပဲျဖစ္ၿပီး ေအာင္မဲညိဳပန္းဟာ အသားအေရကို ႏုပ်ိဳတင္းရင္းေစႏိုင္ပါတယ္။
အသက္အ႐ြယ္ေၾကာင့္ ျဖစ္ေပၚလာတဲ့ဲ အေရးအေၾကာင္းေတြကို ေလ်ာ့က်ေစႏိုင္ၿပီး ဆံေကသာက်န္းမာေရးအတြက္လည္း အသုံးတည့္တဲ့ သဘာဝပစၥည္းတမ်ိဳးပဲ ျဖစ္ပါတယ္။
ဒါေပမယ့္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြမ်ားစြာ ရွိတဲ့ ေအာင္မဲညိဳပန္းကို ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြအဖို႔ေတာ့ ေသာက္သုံးဖို႔ မသင့္ပါဘူး။ ဒါ့အျပင္ မိမိက်န္းမာေရးေၾကာင့္ ေဆးဝါးေတြ ေသာက္သုံးေနရသူေတြမွာလည္း ေအာင္မဲညိဳပန္းကို ေဆးဝါးေတြနဲ႔ တြဲဖက္မေသာက္သုံးသင့္ပါဘူး။
ေအာင္မဲညိဳပန္းပြင့္ ေလးငါးေျခာက္ပြင့္ ေလာက္ကုိေန႔စဥ္ ေသာက္သံုးရံုနဲ႔ မ်က္စိအျမင္ကုိၾကည္လင္ေစျခင္း ၊ တိမ္ျဖစ္ျခင္းမွ ကာကြယ္ေပးျခင္း ၊ ဆံပင္ကြၽက္ျခင္း/ျဖဴျခင္းမ်ားကုိ သက္သာေစျခင္း ၊ ေသြးလည္ပတ္မႈ႕ အားေကာင္းေစျခင္း ၊ ဆီးခ်ဳိ/ေသြးခ်ဳိ သက္သာေစျခင္း ၊ သံပုရာရည္+ပ်ားရည္ ႏွင့္တြဲၿပီးေသာက္သံုးပါက ကုိယ္လက္လန္းဆန္းေပါ႔ပါးေစပါတယ္။
အသံုးျပဳပံုကေတာ့ ေရေႏြးျဖဴထဲကုိ ၅/၆ ပြင့္ေလာက္ထည့္ၿပီး ၃ မိနစ္ေလာက္ေနရင္ေသာက္သံုးလုိ႔ရပါၿပီ ေဖ်ာ္ရည္အျဖစ္လဲေသာက္သံုးလုိ႔ရပါတယ္
ေအာင္မဲညိဳအရည္ထဲကုိ သံပုရာသီးနဲ႔ ပ်ားရည္ထည့္ၿပီးေသာက္္ရင္ ပိုေကာင္းပါတယ္။
ကေလးငယ္မ်ား မ်က္ခံုးေမြး/ဆံပင္ေမြး မသန္ပါက ေအာင္မဲညိဳ ပန္းပြင့္ကုိေရဆြတ္ၿပီး မ်က္ခံုးေမြးႏွင့္ဦးေခါင္းမွာ ပြတ္ေပးျခင္းျဖင့္ သန္မာလာေစပါတယ္
မုန္႕လုံးေရေပၚတို႕ မုန္႕ျကာစိတို႕လုပ္စားရင္သူ႕ကိုထည့္သံုးရင္အေရာင္ေလးေတြ လွေနေကာ တခ်ိဳ႕ဆို ထမင္းခ်က္ရင္လဲ အသံုးျပၾကပါတယ္ေဘးထြက္ဆိုးက်ိဳးမရွိပါဘူး။
ထုိင္းႏိုင္ငံက ေဟာ္တယ္ႀကီး ေတြမွာဆို ိWelcome Drink အျဖစ္ဝန္ေဆာင္မႈ႕ေပးၾကပါတယ္။
Credit:thadinyatkwat
Unicode Version ဖြင့် ဖတ်ပါ
မြန်မာနိုင်ငံမှာ ပေါပေါများများတွေ့ရတဲ့ (Butterfly Pea Flower) မြန်မာလို “အောင်မဲညို”လို့ခေါ်ကြတဲ့ ဒီအပြာရောင် ပန်းလေးတွေ ဟာဆိုရင် သူ့ရဲ့ဆေးဖက်ဝင် အာနိသင်ကြောင့် အခုနောက်ပိုင်းမှာ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ရေပန်းစားနေတာ ဖြစ်ပါတယ်။
ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေမှာတော့ အောင်မဲညိုပန်းကို အစားအစာတွေမှာ အရောင်ထည့်သွင်း ပြုလုပ်တဲ့အခါမျိုးမှာ Food Colour အဖြစ် အသုံးပြုလေ့ရှိကြပါတယ်။
မလေးရှားနိုင်ငံ မှာတော့ ထမင်းထဲထည့်သွင်း ချက်ပြုတ်ကြပြီး ထိုင်းနိုင်ငံမှာတော့ ဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံး လေ့ရှိကြပါတယ်။
နိုင်ငံတကာမှာတော့ အိပ်ရာမဝင်ခင် Bed Time Tea အဖြစ် အောင်မဲညို လက်ဖက်ရည်ကြမ်းကို သောက်သုံးလေ့ ရှိကြပြီး ဒီလိုသောက်သုံးပေးရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေ ကလည်း အများအပြားပဲ ဖြစ်ပါတယ်။
(၁) အောင်မဲညို လက်ဖက်ရည်ကြမ်းဟာ Green Tea လက်ဖက်ရည်ကြမ်းမှာလိုပဲ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတခြမ်း ကိုက်ခြင်းတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။
(၂) အောင်မဲညို လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မျက်လုံးကျန်းမာရေးပြဿနာတွေဖြစ်တဲ့ မျက်လုံးညောင်းညာ ကိုက်ခဲခြင်းတွေနဲ့ အမြင်အာရုံမှုန်ဝါးခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေနဲ့ ဓာတ်မတည့်မှုှုကြောင့် ဖြစ်ပေါ်တဲ့ အရေပြားပြဿနာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၃) ၂၀၀၃ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ အောင်မဲညိုပန်းဟာ စိတ်ဖိစီးမှုကို လျှော့ချစေနိုင်ပြီး စိတ်ကျရောဂါ အပါအဝင် စိုးရိမ်ပူပန်မှု လွန်ကဲတာနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ကို ပျောက်ကင်းသက်သာစေနိုင်တယ်လို့ သိရပါတယ်။
(၄) အခုနောက်ပိုင်းမှာဆိုရင် အောင်မဲညိုပန်းကို အခြေခံပြီးထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေ ပေါ်ထွက် လာနေကြပြီပဲဖြစ်ပြီး အောင်မဲညိုပန်းဟာ အသားအရေကို နုပျိုတင်းရင်းစေနိုင်ပါတယ်။
အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ဲ အရေးအကြောင်းတွေကို လျော့ကျစေနိုင်ပြီး ဆံကေသာကျန်းမာရေးအတွက်လည်း အသုံးတည့်တဲ့ သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိတဲ့ အောင်မဲညိုပန်းကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအဖို့တော့ သောက်သုံးဖို့ မသင့်ပါဘူး။ ဒါ့အပြင် မိမိကျန်းမာရေးကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာလည်း အောင်မဲညိုပန်းကို ဆေးဝါးတွေနဲ့ တွဲဖက်မသောက်သုံးသင့်ပါဘူး။
အောင်မဲညိုပန်းပွင့် လေးငါးခြောက်ပွင့် လောက်ကိုနေ့စဉ် သောက်သုံးရုံနဲ့ မျက်စိအမြင်ကိုကြည်လင်စေခြင်း ၊ တိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း ၊ ဆံပင်ကျွက်ခြင်း/ဖြူခြင်းများကို သက်သာစေခြင်း ၊ သွေးလည်ပတ်မှု့ အားကောင်းစေခြင်း ၊ ဆီးချို/သွေးချို သက်သာစေခြင်း ၊ သံပုရာရည်+ပျားရည် နှင့်တွဲပြီးသောက်သုံးပါက ကိုယ်လက်လန်းဆန်းပေါ့ပါးစေပါတယ်။
အသုံးပြုပုံကတော့ ရေနွေးဖြူထဲကို ၅/၆ ပွင့်လောက်ထည့်ပြီး ၃ မိနစ်လောက်နေရင်သောက်သုံးလို့ရပါပြီ ဖျော်ရည်အဖြစ်လဲသောက်သုံးလို့ရပါတယ်
အောင်မဲညိုအရည်ထဲကို သံပုရာသီးနဲ့ ပျားရည်ထည့်ပြီးသောက်ရင် ပိုကောင်းပါတယ်။
ကလေးငယ်များ မျက်ခုံးမွေး/ဆံပင်မွေး မသန်ပါက အောင်မဲညို ပန်းပွင့်ကိုရေဆွတ်ပြီး မျက်ခုံးမွေးနှင့်ဦးခေါင်းမှာ ပွတ်ပေးခြင်းဖြင့် သန်မာလာစေပါတယ်
မုန့်လုံးရေပေါ်တို့ မုန့်ကြာစိတို့လုပ်စားရင်သူ့ကိုထည့်သုံးရင်အရောင်လေးတွေ လှနေကော တချို့ဆို ထမင်းချက်ရင်လဲ အသုံးပြကြပါတယ်ဘေးထွက်ဆိုးကျိုးမရှိပါဘူး။
ထိုင်းနိုင်ငံက ဟော်တယ်ကြီး တွေမှာဆို ိWelcome Drink အဖြစ်ဝန်ဆောင်မှု့ပေးကြပါတယ်။
Credit:thadinyatkwat