You are here
Home > Health > “သွေးကြောပိတ်ရောဂါ အတွက် မြန်မာ့ ဆေးနည်း”

“သွေးကြောပိတ်ရောဂါ အတွက် မြန်မာ့ ဆေးနည်း”

မြန်မာဆေး မြန်မာဆေးပညာ သွေးကြောပိတ်ရောဂါ

အငန် အချဉ် အစပ် အပူ အချွဲ စသော အစားများကို အလွန်အကဲစားသောက်သူများ ရေအနီးနေ ၊အသားမ် ားကုိ အလြန္စားတတ္သူမ် ား မုန္လာဥ ပဲဗိဇာတ္ စသည္ကုိအလြန္စားသူမ် ား အသားခြောက်များ

ဒိန်ချဉ် အရက် စသည်ကိုအလွန်စားသောက်သူများ အလွန်ဝဖြိုးလျှက် ကိုယ်လက်လှုပ်ရှားမှု့ကို မပြုဘဲ ငြိမ်းချမ်းစွာတနေရာတည်းတွင် ကြာမြင့်စွာနေထိုင်တတ်သူများ

ယာဥ္မ် ားကုိ အစီးမ် ားသူမ် ား အမျက်ဒေါသလွန်ကဲသူများ နေ့အခါအလွန်အိပ်တတ်သူများ ညအခါ၌ မအိပ်တတ်သူများအား ခြေထောက်တွင် သွေးကြောပိတ်ရောဂါ ဖြစ်လာတတ်သည်။

ထိုအခါ ဖောက်ပြန်ပျက်စီးသော သွေးတို့သည်၎င်း အဆီတိုသည်၎င်း လေသွားသောလမ်းတွင် ပိတ်ဆို့ကြသည်။ အထက်ကဆိုခဲ့သည့်အတိုင်း ပင်ကိုယ်ကပင် ဖေါက်ပြန်ပျက်စီးနေသော လေသည် သွေးနှင့် အဆီတို့၏ ပိတ်ဆို့ခံရသောကြောင့် ရှေ့သို့တိုးသွားနိုင်စွမ်း မရှိဘဲ ရပ်တန့်နေရသည်။

ထိုသို့လေသွားနိုင်စွမ်း မရှိသောကြောင့် လေကယူ ဆောင်သွားမှ ကိုယ်တွင် ပျံ့နှံ့ရသော သွေးသည် သွေးသည် ခြေထောက်များသို့ မဆင်နိင်ဘဲရှိတော့သည်။ ထိုရောဂါကို သွေးကြောပိတ် ရောဂါဟု ခေါ်သည်။

မှတ်ချက်

သွေးကြောပိတ်ရောဂါဟူသည် လေကြောပိတ်ရောဂါပင်ဖြစ်သည်။ လေကြောပိတ်၍ သွေးလည်း ပိတ်ရသည်။

အဘယ်ကြောင့် သွေးကြောများပိတ်ရသနည်း ဟူမူ မကောင်းသော သွေးနှင့်အဆီများသည် သွေးလေသွားလာသောလမ်းတွင် ပိတ်ဆို့ သောကြောင့် သွေးကြောများသည် ပိတ်ရသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။

သွေးကြောပိတ်ရောဂါ ဖြစ်လာနိင်သော အကြောင်းတို့မှာ

၁။ ပါဒရက်ရောဂါမှ၎င်း သွေးကြောပိတ်ရောဂါ ဖြစ်လာသည်။အကြောင်မူ ပါဒရက်ရောဂါသည်လည်း ခြေထောက်တွင် သွေးလေ ဖေါက်ပြန်သောကြောင့်ပင် ဖြစ်သောကြောင့်တည်။

၂။ နှင်ခူရောဂါမှ၎င်း သွေးကြောပိတ်ရောဂါ ဖြစ်လာနိုင်သည်။အကြောင်မူ ခြေထောက်တွင် ကြီးကျယ်သော နှင်းခူရောဂါဖြစ်ပါက အကြောများကိုထိုနှင်းခူရောဂါ၏ ဆို့ ပိတ်မှုကြောင့်လည်း သွေးကြောပိတ် ရောဂါ ဖြစ်လာနိုင်သည်။

၃။ နူနာရောဂါမှ၎င်း သွေးကြောပိတ်ရောဂါဖြစ်လာနိုင်သည်။အနူရောဂါသည်လည်း ခြေထောက်တွင် ကြီးကျယ်စွာ ဖြစ်ပ်ါက ခြေထောက်တွင် သွေးလေများ မလျှောက်ဘဲ သွေးကြောပိတ်ရောဂါဖြစ်လာနိုင်သည်။

၎။ သွေးလွတ်ကြောများ၏ ထူခြင်းမှ၎င်း သွေးကြောပိတ် ရောဂါဖြစ်လာနိုင်သည်။ သွေးလွတ်ကြောများသည် သူတပါးနှင့် မတူဘဲ မာကြောထူထဲလျှင်လည်း သွေးကြောပိတ်ရောဂါဖြစ်လာနိုင်သည်။

ထိုမှတပါး သွေးတိုးရောဂါ နှလုံးသားကြီးခြင်း ပြန့်ကျယ်ခြင်း နာတာရှည် ကျောက်ကပ်ရောဂါရှိခြင်း ကျောက်ကပ်တွင် ကျောက်တည်ရောဂါရှိခြင်း ခေါင်းကိုက်လွန်ခြင်း ခေါင်း

တခြမ်းကိုက်ခြင်း စသော အကြောအမျိုးမျိုးတို့၏ နာကျင်ကိုက်ခဲမှုများ တင်းခံသွေးပြန်ကြော ကိုက်ခဲခြင်း စသည်တို့မှ သွေးကြောပိတ်ရောဂါများ ဖြစ်လာနိုင်သည်။ကျားနှင့်မ အမျိုးသမီးများထက် ယောက်ျားများတွင် ပို၍ဖြစ်တတ်သည်။

ပင္မေရာဂါမ် ား

ဤသွေးကြောပိတ်ရောဂါသည် ၁။ နှလုံးသွေးကြောပိတ်ရောဂါမှ၎င်း ၂။ ဆီးချို ရောဂါများမှ၎င်း ၃။ သွေးတိုးရောဂါမှ၎င်း ၄။ ဦးဏှောက် သွေးကြောပိတ်ရောဂါ စသည်တို့မှ၎င်း ဆင်းသက်လာနိုင်သည်။

ဥပမာ

နှလုံးသွေးကြောပိတ်ရောဂါဟူသည် သွေးကြောများ ကြုံ့သွားခြင်း သွေးကြောများ ကျဉ်းမြောင်းသွားခြင်းကြောင့် အောက်ပိုင်း ခြေထောက်ရှိ သွေးကြောများတွင် သွေးအရ နည်းသွားသည်။ ထို့ကြောင့် ခြေသလုံး ကြွက်သားများသည် နာကျင်လာသည်။

တခါတရံတွင် ထိုကျဉ်းမြောင်း ကြုံ့နေသော သွေးကြောများတွင် သွေးခဲငယ်များ ဆို့ ပိတ်နေတတ်သည်။ ထို့ကြောင့် ခြေချောင်းကလေးများတွင် သွေးအသွားအလာ ရပ်ဆိုင်း၍ ပုတ်ပွသော အနာကလေးများ ဖြစ်လာတတ်သည်။ တရံတခါ ခြေချောင်းကလေးများ ခြောက်လာတတ်သည်ကိုလည်း တွေ့ရှိရပါသည်။

ရောဂါလက္ခဏာများ

၁။ ခြေသလုံးကြွက်သားများ(လမ်းလျှောက်လျှင်) နာကျင် လာတတ်သည်။်

၂။ ခြေချောင်းကလေးများ ပြာ၍ သို့မဟုတ် ညိုမဲ၍ အေးစက်နေခြင်း

၃။ အေးစက်နေသော ခြေထောက်ကို ပူအောင်လုပ်၍မရခြင်း

၎။ ခြေထောက်တွင် ထိခိုက်တွေ့ထိမှု့ကို မသိခြင်း

၅။ ခြေထောက်ရှိ အသားအရေများ ခြောက်သွေ့ပြောင်ချောလာခြင်း

၆။ ခြေထောက်ပေါ်တွင် လက်နှင့်ဖိထားပြီး ပြန်လွတ်လိုက်ပါက သွေးရောင်ချက်ခြင်း မလာခြင်း

၇။ ခြေသဲထိပ်များတွင် အသားမာများနှင့် ခြေဖနောင့်များတွင် အနာများ ဖြစ်ပေါ်လာတတ်ခြင်း

၈။ အနည်းငယ် ထိခိုက်ရုံမျှနှင့် အနာများ ဖြစ်တတ်ခြင်း

၉။ သွေးကြောပိတ်၍ ဖြစ်တတ်သောအနာများတွင် အချို့ တဖြည်းဖြည်း ဖြစ်ပွားတတ်ခြင်း

၁၀။ ဖျားတတ်ခြင်း

၁၁။ စားသောက်မကောင်းခြင်း

၁၂။ အစာမကြေခြင်း

၁၃။ ခြေချောင်းများထုံခြင်း

၁၄။ ခြေချောင်းများလေးလံခြင်း စသော လက္ခဏာ များသည် ဖြစ်လာတတ်ကုန်၏။

သွေးကြောပိတ်ရောဂါ အတွက်သောက်ဆေးလက်တွေ့ စမ်းသပ် ပျောက်ဆေးမို့ဆေးအခက်တွေ့သူ ငွေကျေး မပြည့် စုံသူ များအတွက် ဆေးနည်းလေး တင်ပြလိုက်ရပါသည်။

၁။ ပိတ်ချင်း ၂ ပဲသား၂။ သစ်ဆိမ့်သီး ။၃။ သစ်ဆိမ့်မြစ် ။၎။ကြဇုသီး ။၅။ ဇီးဖြူသီး ။၆။ စမြိတ် ။၇။ အိပ့်မွေ့သီး ။၈။ ဖါလာစိမ်း ။၉။ ကုလာဝေးရွက်။

ဝ။ သစ်ကြပိုးခေါက် ။၁။ ဂျင်းချောက် ။၂။ ငရုတ်ကောင်း ။၃။ ဆီမီးတောက်ဥ ၈ ပဲ၎။ မိတ်သလင် ၂ ပဲသား ၅။ ပတဲကောသီး ။ ၆။ တိလင်္ကာ ။ ၇။ ပုန်ညှက်ခေါက် ။ ၈။ ငဖုန်းဆေး ။ ၉။ ကပ္ပိုလ် ။

ဝ။ ပန်နု ။ ၁။ကွိက္ကရာ ။ ၂။ လေးညှင်း ။ ၃။ ဇာတိပ္ဖိုသီး ။ ၄။ ကန့်ချုပ်နီ ။ ၅။မရကန် ။ ၆။ စမုံနက် ။ ၇။လက်ချား ။ ၈။ သိန္ဓော ။ ၉ ။ကလောဆံ ။

ဝ။ ချီးသီး ။ ၁။ ကြာပာင်းရွက် ၈ ကျပ်သား ၂။ ဆေးပုလဲ ၁၆ ။ ၃။ ပိတ်ချင်းမြစ် ၂ ပဲသား ၄။ ကြက်မအုပ်စေ့ ။ ၅။ ပန်းမ ၁ ကျပ်သား ၆။ နှပ်ချို ၄ ။

အထက်ပါဆေးစုတို့ကို အားလုံးအမှုန့်ပြု၍ သမအောင်ပြုလုပ်ထားပါ။ သွေးကြောပိတ် ရောဂါဝေဒနာရှင်များအား ဆေးကို လဘက်ရည်ဇွန်း အသေးတဇွန် (သို့) ရွေးစေ့ကြီးခန့်လုံးပြီး ၅ လုံးခန့် နံနက်တကြိမ် ညတကြိမ် ရေနွေးဖြင့် သောက်ပေးသွားပါက သွေးကြောပိတ်ရောဂါကို သက်သာပျောက်ကင်းလာပါလိမ့်မည်။

ဦးဝင်းမြင့် နေပြည်တော် လယ်ဝေးမြိုနယ် အေလာ ၀၉ ၉၇၉၂၉၀၈၆၈

Top
//nossairt.net/4/3018672