
ပရိသတ္ေတြ “ခီ”ေမာင္ႏွံလို႔ စုံတြဲလိုက္ လက္ခံအားေပးတဲ့ မင္းသားေခ်ာ ဇဏ္ခီနဲ႔ ဒါ႐ိုက္တာ ခရစၥတီးနားခီ တို႔ စုံတြဲေလးဟာ ဇာတ္ကားေကာင္းေတြကို ႐ိုက္ကူးပုံေဖာ္ေနတဲ့ အႏုပညာရွင္စုံတြဲတစ္တြဲပဲျဖစ္ပါတယ္။ မင္းသားေခ်ာဇဏ္ခီဟာလည္း က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသားတစ္လက္ျဖစ္သလို ခရစၥတီးနားခီဟာဆိုရင္လည္း ႐ိုက္သမွ်ဇာတ္ကားတိုင္းက ပရိသတ္ အျပည့္အဝ အားေပးဝန္းရံျခင္းကို ရရွိထားတဲ့ ဒါ႐ိုက္တာေကာင္းတစ္ေယာက္ပဲျဖစ္ပါတယ္။
လတ္တေလာမွာ ဇဏ္ခီက မင္းသားအေနနဲ႔ပါဝင္ၿပီး ခရစၥတီနားခီရဲ႕ ဖန္တီးပုံေဖာ္မႈ တတိယေျမာက္လက္ရာျဖစ္တဲ့ “ထာဝရေႏွာင္ႀကိဳး”႐ုပ္ရွင္ဇာတ္ကားႀကီးဟာလည္း Offical Teaserေလးထြက္ရွိလာခ်ိန္မွာတင္ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈအျမင့္မားဆုံးရရွိခဲ့တဲ့ အထိ ေအာင္ျမင္မႈရရွိခဲ့ျပန္ပါတယ္။ပရိသတ္ေတြ စိတ္ဝင္တစားနဲ႔ေစာင့္ၾကည့္အားေပးဖို႔ အသင့္ျဖစ္ေနတဲ့ ဒီ”ထာဝရေႏွာင္ႀကိဳး”႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ေအာက္တိုဘာလ (၃၁)ရက္ေန႔မွာ ႐ုံတင္ျပသမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
လက္ရွိ႐ုပ္ရွင္ေလာကမွာ ႐ုပ္ရွင္ထုတ္လုပ္သူေတြအတြက္ အခက္အခဲတစ္ခုလို႔ ဆိုရမယ့္ ႐ုပ္ရွင္ကား႐ုံတင္ရက္ကိစၥဟာလည္း ပရိသတ္ေတြသိရွိထားသလို အႏုပညာေလာကသားေတြအတြက္ အေတာ္ကို စိတ္ရႈပ္ေနရတဲ့ ကိစၥရပ္တစ္ခုလည္း ျဖစ္ပါတယ္။ဒီလို ႐ုံကိစၥနဲ႔ပတ္သက္လို႔ ဒါ႐ိုက္တာ ခရစၥတီးနားခီကေတာ့ “လူေတြအရမ္းသိခ်င္ေနတဲ့ ႐ုံကိစၥ။က်မကိုယ္စားထင္တာေတြ ဝင္ေျဖေပးေနတဲ့ကိစၥကို ေသေသခ်ာခ်ာ ရွင္းျပမွာပါေနာ္။
႐ုပ္ရွင္ဟာ လူမ်ိဳးတမ်ိဳးရဲ႕ ဂုဏ္သိကၡာလို႔ က်မသတ္မွတ္ခဲ့တဲ့အတိုင္း ေနထိုင္ခဲ့သလို က်မတို႔အႏုပညာသမားေတြအတြက္ အေကာင္းဆုံး လမ္းေၾကာင္းကို လိုက္ေလ်ာေပးမယ့္သူ လိုအပ္ပါတယ္။အတၱေတြ မာနေတြနဲ႔ ညႇိမရတဲ့ ႏိုင္ငံေတာ္သစ္ႀကီးမွာ ႐ုပ္ရွင္ဟာ ဘယ္လိုအခက္အခဲေတြနဲ႔ ႐ုန္းကန္ေနရဆဲဆိုတာလည္း သိပ္ကိုေျပာျပခ်င္ပါတယ္။ေျပာလည္းေျပာျပမွာပါ”လို႔ သူမရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန ေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရာ ခရစၥတီးနားခီရဲ႕ အျမင္ေလးကို လက္ခံၾကလား မွတ္ခ်က္ေလးေတြေပးခဲ့ပါဦး။
Source – Christina Kyi
Photo Credit From Christina Kyi
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။
“လူတွေအရမ်းသိချင်နေတဲ့ ရုံကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြမှာပါဆိုတဲ့ ခရစ္စတီးနားခီ”
ပရိသတ်တွေ “ခီ”မောင်နှံလို့ စုံတွဲလိုက် လက်ခံအားပေးတဲ့ မင်းသားချော ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ စုံတွဲလေးဟာ ဇာတ်ကားကောင်းတွေကို ရိုက်ကူးပုံဖော်နေတဲ့ အနုပညာရှင်စုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ မင်းသားချောဇဏ်ခီဟာလည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဖြစ်သလို ခရစ္စတီးနားခီဟာဆိုရင်လည်း ရိုက်သမျှဇာတ်ကားတိုင်းက ပရိသတ် အပြည့်အဝ အားပေးဝန်းရံခြင်းကို ရရှိထားတဲ့ ဒါရိုက်တာကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
လတ်တလောမှာ ဇဏ်ခီက မင်းသားအနေနဲ့ပါဝင်ပြီး ခရစ္စတီနားခီရဲ့ ဖန်တီးပုံဖော်မှု တတိယမြောက်လက်ရာဖြစ်တဲ့ “ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း Offical Teaserလေးထွက်ရှိလာချိန်မှာတင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအမြင့်မားဆုံးရရှိခဲ့တဲ့ အထိ အောင်မြင်မှုရရှိခဲ့ပြန်ပါတယ်။ပရိသတ်တွေ စိတ်ဝင်တစားနဲ့စောင့်ကြည့်အားပေးဖို့ အသင့်ဖြစ်နေတဲ့ ဒီ”ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ (၃၁)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိရုပ်ရှင်လောကမှာ ရုပ်ရှင်ထုတ်လုပ်သူတွေအတွက် အခက်အခဲတစ်ခုလို့ ဆိုရမယ့် ရုပ်ရှင်ကားရုံတင်ရက်ကိစ္စဟာလည်း ပရိသတ်တွေသိရှိထားသလို အနုပညာလောကသားတွေအတွက် အတော်ကို စိတ်ရှုပ်နေရတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။ဒီလို ရုံကိစ္စနဲ့ပတ်သက်လို့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ “လူတွေအရမ်းသိချင်နေတဲ့ ရုံကိစ္စ။ကျမကိုယ်စားထင်တာတွေ ဝင်ဖြေပေးနေတဲ့ကိစ္စကို သေသေချာချာ ရှင်းပြမှာပါနော်။ရုပ်ရှင်ဟာ လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာလို့ ကျမသတ်မှတ်ခဲ့တဲ့အတိုင်း နေထိုင်ခဲ့သလို
ကျမတို့အနုပညာသမားတွေအတွက် အကောင်းဆုံး လမ်းကြောင်းကို လိုက်လျောပေးမယ့်သူ လိုအပ်ပါတယ်။အတ္တတွေ မာနတွေနဲ့ ညှိမရတဲ့ နိုင်ငံတော်သစ်ကြီးမှာ ရုပ်ရှင်ဟာ ဘယ်လိုအခက်အခဲတွေနဲ့ ရုန်းကန်နေရဆဲဆိုတာလည်း သိပ်ကိုပြောပြချင်ပါတယ်။ပြောလည်းပြောပြမှာပါ”လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော ခရစ္စတီးနားခီရဲ့ အမြင်လေးကို လက်ခံကြလား မှတ်ချက်လေးတွေပေးခဲ့ပါဦး။
Source – Christina Kyi
Photo Credit From Christina Kyi
Chilli – CeleGabar