
ဒီနေ့မနက်၁၀နာရီဝန်းကျင်က ဖြစ်သွားတာပါ အနုကြမ်းစီးတာလား ဓားပြတိုက်တာလားမသိတော့ပါ ကျမအသက်မသေလို့ပဲကံကောင်းတယ်မှတ်ရမယ်ဖြစ်စဉ်လေးပြောပြပါမယ် ဖြစ်တာက အင်းစိန်ပေါက်တောဝမုဒိတာအိမ်ရာ၂ပါ ကျမအခန်းက၈လွှာအပေါ်ဆုံးထပ်ပါ အပေါ်မှာမျက်နှာကျက်ပဲရှိပါတော့တယ် မနက်၁၀နာရီဝန်းကျင်ပါ ကျမအခန်းထဲမှာအိပ်နေတုန်း ကျမအိပ်ခန်းရဲ့အရှေ့ဘက်မှာအခန်းလွတ်တစ်ခုရှိပါသေးတယ်။
အဲ့အခန်းမျက်နှာကျက်ကိုဖောက်ပြီး လူဝင်တာပါ အဲ့ကဝင်ပြီးကျမအိပ်ခန်းထဲကိုဝင်လာပါတယ် အိပ်နေရင်းခြေသံကြားလို့ ခေါင်းရင်းမှာရှိတဲ့ဓားကိုလှမ်းအဆွဲ မျက်နှာအောက်ပိုင်းတဝက်အဝတ်စနဲ့စည်းထားတဲ့အဲ့သူခိုးက သူအသင့်ကိုင်လာတဲ့ဓားနဲ့ပြေးထောက်ပါတယ် ခုခံဖို့ကြိုးစားရင်သတ်ပစ်မည်ဟုခြိမ်းခြောက်တယ် ကိုယ့်လက်ကဓားက ဓားအိမ်နဲ့ဆိုတော့ သူကအရင်လက်ဦးသွားပါတယ် ကိုယ်ဓားချလိုက်ရတယ် ကျမတျောက်တည်းနဲ့အဲ့သူခိုးနဲ့ပါ မျက်နှာကျက်အပေါ်မှာ သူ့အဖွဲ့ပါသေးတယ်ပြောတယ်အော်ရင်သတ်ပစ်မယ် ခုခံရင်သတ်ပစ်မယ်ဆိုတော့ မိန်းမတျောက်အားနဲ့မနိုင်ပါဘူး ရှိတာတွေပေးဖို့ထုတ်ခိုင်းပါတယ် ကျမလည်းဘာမှမရှိကြောင်းတောင်းတောင်းပန်ပန်ပြောရပါတယ်။
လူကိုဘာမှမလုပ်ဖို့ သူခိုးကအကုန်မွှေနှောက်ရှာပါတယ် ကျမကိုအိပ်ရာပေါ်မှာဖက်လုံးစွပ်ကိုချွတ်ပြီးအော်မှာစိုးလို့ပါးစပ်ကိုပိတ်စည်းပါတယ် အဝတ်ကြိုးတစ်ခုနဲ့ လက်ပြန်ကြိုးတုပ်ပါတယ် ပြီးတော့ဗီရိုတွေအကုန်မွှေနှောက်ရှာတယ် ပိုက်ဆံအိတ်တွေမွှေတယ် အိတ်ထဲရှိတဲ့ပိုက်ဆံ၂သောင်းကျော်နဲ့ huawei730ဖုန်းတစ်လုံးပါသွားပါတယ် ယူပြီးတော့သူဆင်းလာတဲ့အရှေ့အခန်းအပေါက်ကနေပြန်တက်သွားပါတယ် အော်လို့သူမိတာနဲ့သတ်ပစ်မယ်ဟုခြိမ်းခြောက်တယ်
ကျမလည်းလက်ကကြိုးတွေရုန်းကန်ပြီးဆွဲဖြုတ် ပါးစပ်စည်းတွေဖြုတ်ပြီးမှ ဘေးအခန်းတွေအကူအညီတောင်းနိုင်ပါတယ် မိနစ်အနည်းငယ်အတွင်းမှာ အဲ့သူခိုးကိုမမိလိုက်ပါဘူး အိမ်ရာလုံခြုံရေးနဲ့ရဲတွေရောက်လာပြီးစစ်ချက်တော့ယူသွားပါပြီ ဘာတွေထပ်ဖြစ်မယ်မသိသေးပါ ကိုယ်ကိုတိုင်ကြုံမှတကယ်ကိုထိတ်လန့်ကြောက်ရွံ့မိပါတယ် ကျမသာခုခံခဲ့မိလို့ လူသတ်မိရင် သူသာကျမကိုတကယ်ဓားနဲ့ထိုးသွားရင်ဆိုတဲ့အတွေးက ခုထိတွေးပြီးကျမကြောက်နေမိတယ်။
Credit-Lin Lat Myint Mo