
တေးသံရှင် လင်းလက်မြင့်မိုရ်က “ကိုအာလူး” ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပြီး ပရိသတ်တွေ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တေးသံရှင် လင်းလက်မြင့်မိုရ်က သူမရဲ့ နေအိမ်မှာ နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရတာနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ သတိထားနိုင်အောင် အခုလိုပဲ မျှဝေပြောပြထားပါတယ်။
“ကိုယ့်အိမ်ထဲကိုယ်နေတာတောင် စိတ်မချရတော့တဲ့ဘဝပါ။ ဒီနေ့မနက်၁၀နာရီဝန်းကျင်က ဖြစ်သွားတာပါ။ အနုကြမ်းစီးတာလား ဓားပြတိုက်တာလားမသိတော့ပါ။ ကျမအသက်မသေလို့ပဲကံကောင်းတယ်မှတ်ရမယ်။ ဖြစ်စဉ်လေးပြောပြပါမယ်။”
” ဖြစ်တာက အင်းစိန်ပေါက်တောဝမုဒိတာအိမ်ရာ၂ပါ ကျမအခန်းက၈လွှာအပေါ်ဆုံးထပ်ပါ။ အပေါ်မှာမျက်နှာကျက်ပဲရှိပါတော့တယ်။ မနက်၁၀နာရီဝန်းကျင်ပါ။ ကျမအခန်းထဲမှာအိပ်နေတုန်း ကျမအိပ်ခန်းရဲ့အရှေ့ဘက်မှာအခန်းလွတ်တစ်ခုရှိပါသေးတယ်။ အဲ့အခန်းမျက်နှာကျက်ကိုဖောက်ပြီး လူဝင်တာပါ။”
” အဲ့ကဝင်ပြီးကျမအိပ်ခန်းထဲကိုဝင်လာပါတယ်။ အိပ်နေရင်းခြေသံကြားလို့ ခေါင်းရင်းမှာရှိတဲ့ဓားကိုလှမ်းအဆွဲ မျက်နှာအောက်ပိုင်း တစ်ဝက်အဝတ်စနဲ့စည်းထားတဲ့အဲ့သူခိုးက သူအသင့်ကိုင်လာတဲ့ဓားနဲ့ပြေးထောက်ပါတယ်။ ခုခံဖို့ကြိုးစားရင်သတ်ပစ်မည်ဟုခြိမ်းခြောက်တယ်။ ကိုယ့်လက်ကဓားက ဓားအိမ်နဲ့ဆိုတော့ သူကအရင်လက်ဦးသွားပါတယ်။ ကိုယ်ဓားချလိုက်ရတယ်။”
“ကျမတစ်ယောက်တည်းနဲ့ အဲ့သူခိုးနဲ့ပါ မျက်နှာကျက်အပေါ်မှာ သူ့အဖွဲ့ပါသေးတယ်ပြောတယ်။ အော်ရင်သတ်ပစ်မယ် ခုခံရင်သတ်ပစ်မယ်ဆိုတော့ မိန်းမတစ်ယောက်အားနဲ့ မနိုင်ပါဘူး။ ရှိတာတွေပေးဖို့ထုတ်ခိုင်းပါတယ်။ ကျမလည်းဘာမှမရှိကြောင်း တောင်းတောင်းပန်ပန်ပြောရပါတယ် လူကိုဘာမှမလုပ်ဖို့။ သူခိုးကအကုန်မွှေနှောက်ရှာပါတယ်။”
” ကျမကိုအိပ်ရာပေါ်မှာ ဖက်လုံးစွပ်ကိုချွတ်ပြီး အော်မှာစိုးလို့ပါးစပ်ကိုပိတ်စည်းပါတယ်။ အဝတ်ကြိုးတစ်ခုနဲ့ လက်ပြန်ကြိုးတုပ်ပါတယ်။ ပြီးတော့ဗီရိုတွေအကုန်မွှေနှောက်ရှာတယ်။ ပိုက်ဆံအိတ်တွေမွှေတယ်။ အိတ်ထဲရှိတဲ့ပိုက်ဆံ၂သောင်းကျော်နဲ့ huawei730 ဖုန်းတစ်လုံးပါသွားပါတယ်။ ယူပြီးတော့သူဆင်းလာတဲ့ အရှေ့အခန်းအပေါက်ကနေ ပြန်တက်သွားပါတယ်။”
” အော်လို့သူမိတာနဲ့သတ်ပစ်မယ်ဟုခြိမ်းခြောက်တယ်။ ကျမလည်းလက်ကကြိုးတွေ ရုန်းကန်ပြီးဆွဲဖြုတ် ပါးစပ်စည်းတွေဖြုတ်ပြီးမှ ဘေးအခန်းတွေအကူအညီတောင်းနိုင်ပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာ အဲ့သူခိုးကိုမမိလိုက်ပါဘူး။”
“အိမ်ရာလုံခြုံရေးနဲ့ရဲတွေရောက်လာပြီးစစ်ချက်တော့ယူသွားပါပြီ။ ဘာတွေထပ်ဖြစ်မယ်မသိသေးပါ။ ကိုယ်ကိုတိုင်ကြုံမှတကယ်ကိုထိတ်လန့်ကြောက်ရွံ့မိပါတယ်။ ကျမသာခုခံခဲ့မိလို့ လူသတ်မိရင် သူသာကျမကိုတကယ်ဓားနဲ့ထိုးသွားရင်ဆိုတဲ့အတွေးက ခုထိတွေးပြီးကျမကြောက်နေမိတယ်။” ဆိုပြီး သူမရဲ့ အဖြစ်လေးကို မျှဝေလာပါတယ်။
ခေတ်ကြီးက ကိုယ့်အိမ်မှာကိုယ်နေတာတောင် သတိထားနေရတာမို့ မိုမိုလေးပရိသတ်တွေလဲ ဂရုစိုက်ကြပါလို့် တိုက်တွန်းလိုက်ပါတယ်။
Rowena
Source: Lin Lat Myint Mo’s fb