“ပန်းနာရင်ကျပ်၊ ပွေးယားနာ ပျောက်အောင်စွမ်းသည်ဆိုသော ကြောင်ဆေးပင်”










Credit- ယမင်းဖြူ

Unicode Version ဖြင့် ဖတ်ပါ

ကြောင်တွေတင်မက လူတွေအတွက်ပါ အလွန်ဆေးဖက်ဝင်တဲ့ ကြောင်ဆေးပင် အကြောင်း အပြည့်အစုံ

ကြောင်ဆေးပင်အကျိုးကျေးဇူး

[ကြောင်ဆေးပင်ဆေးနည်းတောင်းဆိုထား၍အများအတွက် တင်ပေးလိုက်ပါသည် ]

ဒီအပင်ရဲ့အမည်က(Acalypha indica plant)လို့ခေါ်ပါတယ်။ ဒီအပင်ဟာ ကြောင်တွေအတွက် ဆေးဖက်ဝင်အပင်တစ်မျိုးပါ။

ကြောင်တွေမှာ ဖြစ်တတ်တဲ့ ရောဂါဟူသမျှကို ကာကွယ်တားဆီးပေးသည့်အပြင် လူသားအတွက်လည်း များစွာဆေးဖက်ဝင်ပါတယ်။

ကြောင်ဆေးပင်ရဲ့အမြစ်ပြုတ်အရည်ဟာအစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း၊ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊ဆီးရောဂါ၊ပန်းနာရင်ကြပ်ရောဂါ၊အဆုပ်ရောင်ရောဂါများကို ပျောက်ကင်းစေပါတယ်။

ကြောင်ဆေးပင်အရွက်ရဲ့အရည်ဟာ ပွေး၊ဝဲ၊ယားနာနှင့်အရေပြားရောဂါအမျိုးမျိုးအတွက်အသုံးပြုနိုင်ပြီးအရွက်မှရရှိသော အရည်ကိုလည်း မျက်စိဝေနာများအတွက် မျက်စဉ်းခပ်ပေးနိုင်ပါသည်။

ကြောင်ဆေးပင်ပဉ္စငါးပါးကိုရေဆင်အောင်ဆေး၍ပန်းနာ ရင်ကြပ်သမားများ၎င်း ပဉ္စငါးပါးစလုံးကိုကန်ဇွန်းရွက်ကြော်သကဲ့သို ကြက်သွန်ဖြူဆီသပ်ပြီးလျှင် ဆားအချိုမှုန့်သင့်သလိုထည့်ပြီးကြော်စားပါ ။

ချွဲအရိအရွဲများဝမ်းသွားချိန်ပါသွားပြီးလျှင် ပန်းနာရင်ကြပ် ရောဂါသက်သာပျောက်ကင်းစေပါသည်။

Credit- ယမင်းဖြူ