You are here
Home > Facebook သတင်းစုံ > အနောက်တောင် မုတ်သုံလေ ဆုတ်ခွာချိန်တွင် မိုးကြိုးနှ င့်လေပြင်းအန္တရာယ် ရှိနိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်သတိပေး

အနောက်တောင် မုတ်သုံလေ ဆုတ်ခွာချိန်တွင် မိုးကြိုးနှ င့်လေပြင်းအန္တရာယ် ရှိနိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်သတိပေး




Unicode ဖြင့်ဖတ်ရန်

မြန် မာနိုင်ငံ အလယ်ပိုင်း ဒေသလမ်းကြောင်းမှ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာချိန်မှာ မိုးကြိုးနဲ့ လေပြင်း အန္တရာယ်ကို သတိထားနိုင်ကြစေဖို့အတွက် မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးပြောကြားလိုက်ပါတယ်။

အနောက်တောင်မုတ်သုံ လေ ဟာ မေလဆန်းက မြန်မာ နိုင်ငံကို ၀င်ရောက်ခဲ့တာ ဖြစ်ပြီးတော့ စက်တင် ဘာ ၁၃ ရက်တွင် မြောက်ပိုင်းဒေသမှ ပြန်လည်ဆုတ်ခွာနေတယ်လို့လည်း သူက ပြောဆိုပါတယ်။ ဒီအတွက် စက်တင်ဘာလကုန်ခန့်တွင် မြစ်၀ကျွန်းပေါ်ဒေသသို့ ရောက်ရှိနိုင်ပြီး အဲ့ဒီကနေ တောင်ပိုင်းဒေသသို့ ဖြတ်ကျော် ကာ အပြီးသတ်ဆုတ်ခွာသွားနိုင် သည်ဟု ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

မိုးလေ၀ သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ အတွက် မြန်မာနိုင်ငံဒေသအနှံ့တွင် မိုးအနည်းငယ် ရွာသွန်းနိုင်ပြီး နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီး၌ နေရာကွက်မိုးကြီးနိုင်တယ်လို့ ရာသီဥတုအခြေအနေကို သတင်း ထုတ်ပြန်ထားပါတယ်။

 

Top
//whoursie.com/4/3018672