
ဘာလုပ်လုပ် ပရိသတ်ကို ရှေ့တန်းတင်ပြီး လုပ်လေ့ရှိတဲ့ အဆိုတော် G Fatt ကတော့ အနုပညာနဲ့ပတ်သတ်ပြီး သူ့ရဲ့ ဖန်တီးမှုစွမ်းရည်ကြောင့် လူငယ်ပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးခြင်းကို ရရှိထားသူတစ်ဦးပါ။
လတ်တလောမှာတော့ G Fatt က နေပြည်တော်က အထက်တန်းကျောင်းတစ်ခုမှာ ဖျော်ဖြေရေးအတွက်သွားရင်း ကျောင်းသူလေးတွေအုပ်စုလိုက်ကြီးရဲ့ အားပေးခြင်းကို ရရှိခဲ့တဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သီချင်းဆိုနေတုန်း G Fatt ကို စင်ပေါ်အထိ တက်ပြီး ပြေးဖက်ခဲ့ကြတဲ့ ကျောင်းသူလေးတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အထက်တန်းကျောင်းသူလေး တွေရဲ့ သည်းသည်းလှုပ် ဝန်းရံခြင်းကို ခံလိုက်ရတဲ့ G Fatt ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
G fatt ကတော့ “နေပြည်တော်က မဟာပညာကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဒီနေ့သွားဆိုတယ်နောက်ဆုံးအပုဒ်နဲ့လဲနှုတ်ဆက်ရော အားလုံးပြေးဖက်ကြပါလေရော အရမ်းပျော်ခဲ့ရတယ် .. အခုလို ချစ်ရတဲ့ကလေးတွေနဲ့ ဆုံခွင့်ပေးတဲ့ဆရာဆရာမ တွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် Gfatt” ဆိုပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတွေကြောင့် အရမ်းပျော်ခဲ့တဲ့အကြောင်း တင်ထားတာပါ။
ကလေးတွေရဲ့ ဝန်းရံမှုကြောင့် G Fatt ကိုတောင် မမြင်ရတော့ဘူးနော်…။
အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ သူရဲ့စိတ်ကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေတိုးလာတဲ့ အဆိုတော် G Fatt ကတော့ လက်ရှိမှာလည်း သီချင်းသစ်တွေ ဖန်တီးရင်း ပရိသတ်တွေကို ချပြဖို့ ကြိုးစားနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကျောင်းသူလေးတွေရဲ့ အားပေးမှုကို ကြောက်ခမန်းလိလိ ရရှိခဲ့တဲ့ G Fatt ကို အားကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:G Fatt’s Facebook