You are here
Home > အနုပညာ > ကျွန်တော်လိုပဲ ငတ်မှာစိုးလို့ သားသမီးတွေကို အနုပညာအမွေ မပေးနိုင်ဘူးလို့ပြောလာတဲ့ လူကြမ်းသရုပ်ဆောင် ထင်ကျော်

ကျွန်တော်လိုပဲ ငတ်မှာစိုးလို့ သားသမီးတွေကို အနုပညာအမွေ မပေးနိုင်ဘူးလို့ပြောလာတဲ့ လူကြမ်းသရုပ်ဆောင် ထင်ကျော်

သရုပ်ဆောင်ထင်ကျော်ကတော့ ပရိသတ်တွေသိကြတဲ့အတိုင်း လူကြမ်းသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ

သရုပ်ဆောင်ပြီး ဇာတ်လမ်းသဘောတွေအရ လူမုန်းများခံရတဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ လူကြမ်းတွေရဲ့ ဘဝကိုသိလာရပြီး ပရိသတ်တွေက သနားစိတ်ပိုခဲ့ကြပါတယ်။သရုပ်ဆောင်ထင်ကျော်ကတော့ အနုပညာမှာ ဝါသနာပါခဲ့တာကြောင့်လုပ်ကိုင်ခဲ့ပေမယ့်

စီးပွားရေး လုပ်နေကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးက ချမ်းသာသွားကြပြီ။ အနုပညာက ဝါသနာ အရကောင်းပါတယ် ဒါပေမယ့် စီးပွားတော့ မဖြစ်ဘူး” လို့ပြောလာခဲ့ပါတယ်။

သရုပ်ဆောင် ထင်ကျော်ကတော့ အိမ်ထောင်သက် (၁၆) နှစ်ရှိပြီ သားသမီးတွေနဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ မိဘချင်း ရင်းနှီးလို့ တွေ့ပေးရင်း အိမ်ထောင်ကျသွားတာပါ။

သမီးကြီးက (၉) တန်းရောက်ပြီ။သားငယ်က ဒုတိယတန်း။ မြေကွက်လေးတစ်ကွက်ဝယ်ပြီး အိမ်လေးတစ်လုံးဆောက်နေမယ်လို့ ရည်ရွယ်ထားတယ်။

ရုပ်ရှင်လောကထဲ ဝင်လိုက်မှ ဘဝပျက်တာပဲ။ အနုပညာက ဝါသနာအရ ကောင်းပေမယ့် စီးပွားမဖြစ်ဘူး။သားသမီးတွေ ငတ်မှာစိုးလို့ အနုပညာအမွေ မပေးဘူး လို့ပြောခဲ့ပါတယ်။

Top
//grunoaph.net/4/3018672