
သက္ရွိသက္မဲ့အားလံုးႏွင့္ ကံတရား၏ မ်က္ႏွာသာေပးျခင္းကို ခံရျခင္း ၊ စိတ္ခ်မ္းသာလို႔ ကိုယ္က်န္းမာျခင္း ၊ ကုိယ္ပိုင္ဟန္ ကိုယ္ပိုင္ဥာဏ္မ်ားျဖင့္ေအာင္ျမင္ျခင္း ၊ မိတ္ေဆြရင္း လူရင္းမ်ားက သစၥာေဖာက္ျခင္း ၊ ေအာက္လက္ငယ္သား ဆန္႔က်င္ေတာ္လွန္ျခင္း ၊ ေဆြမ်ဳိးသားခ်င္းတို႔၏ ကူညီမစခံရျခင္း ၊ လူအမ်ား ပရိတ္သတ္ႏွင့္ လုပ္ေဆာင္ရေသာအလုပ္မ်ားတြင္ ႀကီးႀကီးက်ယ္က်ယ္ေအာင္ျမင္ျခင္း ၊ စုတ္ေရာ လာဘ္ေရာပြင့္ေနျခင္း ၊ ျပည္တြင္းျပည္ပခရီးကိစၥမ်ားေအာင္ျမင္ျခင္း ၊ နာမည္ဂုဏ္သတင္း ထင္ေပၚေက်ာေဇာျခင္း ၊ အေကာင္းေျပာခ်ီးမြမ္းခံရျခင္း ၊ တို႔ မုခ်ႀကံဳေတြ႔ရလတၱံ႔။ ကံဇာတာပြင့္လန္းတိုးတက္အံ့။
လုပ္သမွ် ႀကံသမွ် ေအာင္ျမင္ထေျမာက္လတၱံ႔။ အႀကံအစည္ ရည္ရြယ္ခ်က္မ်ားကို ျမနျ္မန္ဆန္ဆန္ အေကာင္အထည္ေဖာ္ေဆာင္ရြက္သင့္အံ့။စီးပြားလုပ္ငန္းမ်ားကို အင္ႏွင့္အားႏွင့္တိုးခ်ဲ႕သင့္အံ့။အခက္အခဲ အၾကပ္အတည္းမ်ားကုိ ျဖတ္ေက်ာ္ႏိုင္စြမ္းရွိအံ့။ ျပႆနာမ်ားကို ေျဖရွင္းႏိုင္အံ့။ အမ်ဳိးသမီးတစ္ေယက္၏အကူအညီ ႀကီးႀကီးမားမားရအံ့။ အလုပ္အေျပာင္းအလဲ ေနရာအေျပာင္းအလဲမ်ားႀကံဳရအံ့။ ၄င္းအေျပာင္းအလဲမ်ားသည္ ေကာင္းေသာအေျပာင္းအလဲမ်ားျဖစ္လတၱံ႔။
ေငြေရးေၾကးေရး – မိမိရည္မွန္းထားသေလာက္ ေအာင္ျမင္အံ့ ။ စိတ္ပူၿပီးမွ ေအာင္ျမင္အံ့ ။ ၀င္သမွ်ေငြမ်ားလည္း စုမိေဆာင္းမိျဖစ္ၿပီး အဖတ္တင္အံ့ ။ မိမိကုိယ္တိုင္ကလည္း အသံုးအျဖဳန္း ဂရုစိုက္သင့္။ ေဆြမ်ား မိတ္ေဆြမ်ားကိုလည္း ေငြေၾကးကိစၥမ်ား ကူညီပံ့ပိုးႏိုင္အံ့ ။ အလွဴအတန္း ပရဟိတမ်ားလည္း လုပ္ရအံ့ ။
ေငြေရးေၾကးေရး အထူးယၾတာ – မလိုပါ ။ ေငြေတြ၀င္လာလွ်င္ သိမ္းဆည္းဖို႔ ေသတၱာႀကီးႀကီး ၊ အိတ္ႀကီးႀကီးအသင့္ေဆာင္ထားပါ ။ သံုးဖို႔စြဲဖို႔ ၀ယ္ဖို႔ျခမ္းဖို႔ အားေမြးထားပါ ။
ေငြေရးေၾကးေရးအတြက္ ယၾတာလုပ္ခ်င္သပဆိုရင္ေတာ့ လမ္းမွာေတြ႕တဲ့ ဘုန္းႀကီးတစ္ပါးကို မ်က္ႏွာသုတ္ပ၀ါ အစိမ္းေရာင္ မၾကာခဏ လွဴေပးပါ ။ ကေလးမ်ားကို ေကာ္ရည္ေခါက္ဆြဲ မၾကာခဏေကၽြးပါ။
ထီထိုးကံစမ္းရန္ – ေပါင္မုန္႔ေထာပတ္သုပ္ ဘုရားလွဴပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ဒါနလုပ္ပါ ။ ၿပီးလွ်င္ ပ ဖ ဘ ဗ မ ၊ စ ဆ ဇ စ် ည ပါေသာထီဆိုင္တြင္ (၃) ႏွင့္ (၅) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးထိုးပါ။ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ရြတ္ၿပီးထိုးပါ …။
အခ်စ္ေရး – အပ်ဳိလူပ်ဳိမ်ား မ်က္ႏွာပြင့္လန္းၿပီး စိတ္၀င္စားသူမ်ား ၀ိုင္း၀ိုင္းလည္ေနအံ့။ အခ်စ္စစ္ အခ်စ္မွန္ ဖူးစာမွန္မ်ားႏွင့္ ဆံုေတြ႕ရလတၱံ႔။ မိမိကိုတန္ဖိုးထား ဂရုစိုက္ေသာ ခ်စ္သူႏွင့္ဆံုေတြ႔ရအံ့။ အလြန္လိုက္ဖက္ေသာစံုတြဲဟု ပတ္၀န္းက်င္၏ အထင္ႀကီးအားက်ျခင္းကို ခံရလတၱံ႔။အခ်စ္ေရးႏွင့္ပက္သက္သည့္ အႀကံအစည္ရည္ရြယ္မ်ား ေအာင္ျမင္လတၱံ႔။
အိမ္ေထာင္ေရး – အိမ္ေထာင္ေရးကံေကာင္းေနေသာ္လည္း ကိုယ္က်င့္တရားကို အထူးဂရုစိုက္ထိမ္းသိမ္းသင့္။ မိမိအိမ္ေထာင္ဖက္အေပၚသစၥာရွိပါ။ မိမိအိမ္ေထာင္ဖက္ကို တန္ဖိုးထားပါ။ အိမ္ေထာင္ဖက္၏အက်ဳိးျပဳျခင္းကိုရရွိအံ့။ စိတ္တူကိုယ္တူျဖင့္ ၾကည္ျဖဴေနအံ့။ ပတ္၀န္းက်င္၏ေသြးထိုးမႈကိုေတာ့သတိထားပါ။
အခ်စ္ေရးအိမ္ေထာင္ေရးတြင္ အဂၤါသားသမီးမ်ား ၊ နာမည္တြင္ စ ဆ ဇ စ် ည ပါေသာသူမ်ား ၊ေဆးရံုေဆးခန္း ၊ စစ္ဖက္ ၊ စာသင္ ၊ စကားေျပာ ၊ စက္မႈလက္မႈ ၊ စားေသာက္ကုန္ ၊ စားေသာက္ဆိုင္ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။
အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – အေထြးအထူးလုပ္ရန္မလိုပါ ။ လုပ္ခ်င္သပဆိုလွ်င္ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ေကာ္ဖီႏွင့္ကိတ္မုန္႔ မၾကာခဏဒါနလုပ္ပါ။
ပညာေရး – မိမိရည္မွန္းထားသည္ထက္ ပိုမိုေအာင္ျမင္လတၱံ႔။ နည္းနည္းႀကိဳးစားယံုမွ်ျဖင့္ မ်ားမ်ားေအာင္ျမင္လတၱံ႔။ ဆရာေကာင္း သမားေကာင္းေတြ႔အံ့။ ပညာေရးႏွင့္ပက္သက္ၿပီး အကူအညီေကာင္း အဆက္အသြယ္ေကာင္းမ်ားေပၚလာလတၱံ႔။
ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ ေပါင္မုန္႔(၅)ခ်ပ္၊ ပန္းအ၀ါ(၅)ပြင့္၊ ေသာက္ေတာ္ေရ(၅)ခြက္၊ ဖေယာင္းတိုင္(၅)တိုင္ ဘုရားလွဴၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။ ခ်ဳိးမယ့္ေရထဲမွာ ပန္းအျဖဴဳ(၂)ပြင့္ထည့္ၿပီးေရးခ်ဳိးရင္းလည္းဆုေတာင္းပါ။
( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္)
က်န္းမာေရး – ဆီး ၊ ေသြး ၊ အစာမွား ၊ ေဆးမွား ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)
က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – တနဂၤေႏြည …။ အိုးတစ္လံုးထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။ အက်ီအစုတ္ ၊ လံုခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ေနာက္ေမ႔မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလုိက္ပါ …။ မေကာင္းတဲ့အခို္ကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။
ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို ႏွင္းဆီပန္းနဲ႔ရုိက္ေပးပါ …။ ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဥာဏ္ရွိသလိုုလုပ္ပါ …။
ယၾတာ။ ။ မည္သည့္ေန႔တြင္မဆို မနက္ (၅)နာရီ(၆)မိနစ္ တိတိတြင္ သစ္သီး(၆)လံုး ၊ ကိတ္မုန္႔(၂)ခ်ပ္ ၊ ပန္းအ၀ါ (၅)ပြင့္ ၊ ေသာက္ေတာ္ေရ (၅)ခြက္ ၊ ဖေယာင္းတိုင္ (၅) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ မၾကာခဏလွဴဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)
မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း
Unicodeဖြင့်ဖတ်ရန်
★★★
သက်ရှိသက်မဲ့အားလုံးနှင့် ကံတရား၏ မျက်နှာသာပေးခြင်းကို ခံရခြင်း ၊ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာခြင်း ၊ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဉာဏ်များဖြင့်အောင်မြင်ခြင်း ၊ မိတ်ဆွေရင်း လူရင်းများက သစ္စာဖောက်ခြင်း ၊ အောက်လက်ငယ်သား ဆန့်ကျင်တော်လှန်ခြင်း ၊ ဆွေမျိုးသားချင်းတို့၏ ကူညီမစခံရခြင်း ၊ လူအများ ပရိတ်သတ်နှင့် လုပ်ဆောင်ရသောအလုပ်များတွင် ကြီးကြီးကျယ်ကျယ်အောင်မြင်ခြင်း ၊ စုတ်ရော လာဘ်ရောပွင့်နေခြင်း ၊ ပြည်တွင်းပြည်ပခရီးကိစ္စများအောင်မြင်ခြင်း ၊ နာမည်ဂုဏ်သတင်း ထင်ပေါ်ကျောဇောခြင်း ၊ အကောင်းပြောချီးမွမ်းခံရခြင်း ၊ တို့ မုချကြုံတွေ့ရလတ္တံ့။ ကံဇာတာပွင့်လန်းတိုးတက်အံ့။
လုပ်သမျှ ကြံသမျှ အောင်မြင်ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ်ချက်များကို မြြန်မန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်သင့်အံ့။စီးပွားလုပ်ငန်းများကို အင်နှင့်အားနှင့်တိုးချဲ့သင့်အံ့။အခက်အခဲ အကြပ်အတည်းများကို ဖြတ်ကျော်နိုင်စွမ်းရှိအံ့။ ပြဿနာများကို ဖြေရှင်းနိုင်အံ့။ အမျိုးသမီးတစ်ယေက်၏အကူအညီ ကြီးကြီးမားမားရအံ့။ အလုပ်အပြောင်းအလဲ နေရာအပြောင်းအလဲများကြုံရအံ့။ ၎င်းအပြောင်းအလဲများသည် ကောင်းသောအပြောင်းအလဲများဖြစ်လတ္တံ့။
ငွေရေးကြေးရေး – မိမိရည်မှန်းထားသလောက် အောင်မြင်အံ့ ။ စိတ်ပူပြီးမှ အောင်မြင်အံ့ ။ ဝင်သမျှငွေများလည်း စုမိဆောင်းမိဖြစ်ပြီး အဖတ်တင်အံ့ ။ မိမိကိုယ်တိုင်ကလည်း အသုံးအဖြုန်း ဂရုစိုက်သင့်။ ဆွေများ မိတ်ဆွေများကိုလည်း ငွေကြေးကိစ္စများ ကူညီပံ့ပိုးနိုင်အံ့ ။ အလှူအတန်း ပရဟိတများလည်း လုပ်ရအံ့ ။
ငွေရေးကြေးရေး အထူးယတြာ – မလိုပါ ။ ငွေတွေဝင်လာလျှင် သိမ်းဆည်းဖို့ သေတ္တာကြီးကြီး ၊ အိတ်ကြီးကြီးအသင့်ဆောင်ထားပါ ။ သုံးဖို့စွဲဖို့ ဝယ်ဖို့ခြမ်းဖို့ အားမွေးထားပါ ။
ငွေရေးကြေးရေးအတွက် ယတြာလုပ်ချင်သပဆိုရင်တော့ လမ်းမှာတွေ့တဲ့ ဘုန်းကြီးတစ်ပါးကို မျက်နှာသုတ်ပဝါ အစိမ်းရောင် မကြာခဏ လှူပေးပါ ။ ကလေးများကို ကော်ရည်ခေါက်ဆွဲ မကြာခဏကျွေးပါ။
ထီထိုးကံစမ်းရန် – ပေါင်မုန့်ထောပတ်သုပ် ဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။ ပြီးလျှင် ပ ဖ ဘ ဗ မ ၊ စ ဆ ဇ ဈ ည ပါသောထီဆိုင်တွင် (၃) နှင့် (၅) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။
အချစ်ရေး – အပျိုလူပျိုများ မျက်နှာပွင့်လန်းပြီး စိတ်ဝင်စားသူများ ဝိုင်းဝိုင်းလည်နေအံ့။ အချစ်စစ် အချစ်မှန် ဖူးစာမှန်များနှင့် ဆုံတွေ့ရလတ္တံ့။ မိမိကိုတန်ဖိုးထား ဂရုစိုက်သော ချစ်သူနှင့်ဆုံတွေ့ရအံ့။ အလွန်လိုက်ဖက်သောစုံတွဲဟု ပတ်ဝန်းကျင်၏ အထင်ကြီးအားကျခြင်းကို ခံရလတ္တံ့။အချစ်ရေးနှင့်ပက်သက်သည့် အကြံအစည်ရည်ရွယ်များ အောင်မြင်လတ္တံ့။
အိမ်ထောင်ရေး – အိမ်ထောင်ရေးကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက်ထိမ်းသိမ်းသင့်။ မိမိအိမ်ထောင်ဖက်အပေါ်သစ္စာရှိပါ။ မိမိအိမ်ထောင်ဖက်ကို တန်ဖိုးထားပါ။ အိမ်ထောင်ဖက်၏အကျိုးပြုခြင်းကိုရရှိအံ့။ စိတ်တူကိုယ်တူဖြင့် ကြည်ဖြူနေအံ့။ ပတ်ဝန်းကျင်၏သွေးထိုးမှုကိုတော့သတိထားပါ။
အချစ်ရေးအိမ်ထောင်ရေးတွင် အင်္ဂါသားသမီးများ ၊ နာမည်တွင် စ ဆ ဇ ဈ ည ပါသောသူများ ၊ဆေးရုံဆေးခန်း ၊ စစ်ဖက် ၊ စာသင် ၊ စကားပြော ၊ စက်မှုလက်မှု ၊ စားသောက်ကုန် ၊ စားသောက်ဆိုင်နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။
အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – အထွေးအထူးလုပ်ရန်မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများကို ကော်ဖီနှင့်ကိတ်မုန့် မကြာခဏဒါနလုပ်ပါ။
ပညာရေး – မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။ နည်းနည်းကြိုးစားယုံမျှဖြင့် များများအောင်မြင်လတ္တံ့။ ဆရာကောင်း သမားကောင်းတွေ့အံ့။ ပညာရေးနှင့်ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်းများပေါ်လာလတ္တံ့။
ပညာရေးကံကောင်းစေရန် – မနက်စောစော ပေါင်မုန့်(၅)ချပ်၊ ပန်းအဝါ(၅)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ ပန်းအဖြူု(၂)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ။
( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)
ကျန်းမာရေး – ဆီး ၊ သွေး ၊ အစာမှား ၊ ဆေးမှား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)
ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – တနင်္ဂနွေည …။ အိုးတစ်လုံးထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။ အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။ မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။
ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို နှင်းဆီပန်းနဲ့ရိုက်ပေးပါ …။ ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။
ယတြာ။ ။ မည်သည့်နေ့တွင်မဆို မနက် (၅)နာရီ(၆)မိနစ် တိတိတွင် သစ်သီး(၆)လုံး ၊ ကိတ်မုန့်(၂)ချပ် ၊ ပန်းအဝါ (၅)ပွင့် ၊ သောက်တော်ရေ (၅)ခွက် ၊ ဖယောင်းတိုင် (၅) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် မကြာခဏလှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)
မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း