You are here
Home > Facebook သတင္းစံု > ကမၻာ့အဆင့္ရပ္တည္မႈမွာ ၁၀ဆင့္အထိ နိမ့္က်သြားခဲ့တဲ့ ျမန္မာ့လက္ေရြးစင္အသင္း

ကမၻာ့အဆင့္ရပ္တည္မႈမွာ ၁၀ဆင့္အထိ နိမ့္က်သြားခဲ့တဲ့ ျမန္မာ့လက္ေရြးစင္အသင္း

၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲစဥ္ေတြအျပီးမွာေတာ့ ဖီဖာက ကမၻာ့အဆင့္ရပ္တည္မႈေတြကို ထုတ္ျပန္ေၾကညာလိုက္ျပီျဖစ္ပါတယ္။ စုစုေပါင္း ၂ပြဲစီကစားေပးခဲ့ၾကအျပီးမွာ အဆင့္ရပ္တည္မႈေတြ အေျပာင္းအလဲျဖစ္ေပၚခဲ့ျပီး အာဆီယံေဒသမွာေတာ့ ျမန္မာအသင္းနဲ႔ အင္ဒိုနီးရွားတို႔ဟာ အဆင့္သတ္မွတ္ခ်က္ေတာ္ေတာ္ေလးကို နိမ့္က်သြားခဲ့တာကို ေတြ႕ရွိခဲ့ရပါတယ္။

အာဆီယံရဲ႕ အေကာင္းဆံုးအသင္းအျဖစ္ ဗီယက္နမ္က ဆက္လက္ရပ္တည္ႏိုင္ခဲ့ျပီး ကမၻာ့အဆင့္ ၉၈ ေနရာမွာ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ဗီယက္နမ္အသင္းဟာ အာရွရဲ႕ထိပ္ဆံုးအသင္း ၁၅သင္းထဲမွာေတာ့ ပါ၀င္ခဲ့ျခင္းမရွိေတာ့ပါဘူး။ ထိုင္းအသင္းကေတာ့ ဗီယက္နမ္ကို ဂိုးမရွိသေရ၊ အင္ဒိုနီးရွားကို ဂိုးျပတ္အႏိုင္ယူခဲ့ျပီးေနာက္မွာ အဆင့္ ၁၁၄ ကို ေရာက္ရွိခဲ့ျပီး တစ္ဆင့္ျမင့္သြားခဲ့ပါတယ္။

ဖိလစ္ပိုင္က အဆင့္ ၁၂၇ နဲ႔ အာဆီယံရဲ႕ တတိယအေကာင္းဆံုးအသင္းျဖစ္ေနျပီး မြန္ဂိုလီးယား နဲ႔ ဂ်ပန္တို႔ကို အေရးနိမ့္ခဲ့တဲ့ ျမန္မာအသင္းဟာ အဆင့္ ၁၄၅ ေနရာကို ေရာက္ရွိသြားခဲ့ပါတယ္။ ျမန္မာအသင္းအေနနဲ႔ အဆင့္ ၁၀ဆင့္ထိ နိမ့္ဆင္းသြားခဲ့တာျဖစ္ျပီး ဒီတစ္ၾကိမ္အဆင့္သတ္မွတ္မႈမွာ ျမန္မာထက္နိမ့္က်မႈအမ်ားဆံုးအသင္းေတြအျဖစ္ နီကာရာဂြာ နဲ႔ အက္၀က္တီနီ အသင္းနွစ္သင္းသာ ရွိခဲ့တယ္လုိ႔ သိရပါတယ္။

ျမန္မာအသင္းက အာဆီယံရဲ႕ နံပါတ္ေလးအသင္းအျဖစ္ ရွိေနတာျဖစ္ျပီး စင္ကာပူက ၁၅၇၊ မေလးရွားက ၁၅၈၊ အင္ဒိုနီးရွားက ၁၆၇၊ ကေမၻာဒီးယားက ၁၆၉၊ လာအိုနဲ႔ ဘရူႏိုင္းတို႔ကေတာ့ အဆင့္ ၁၈၇ နဲ႔ ၁၉၁ ေနရာတို႔မွာ ရွိေနၾကပါတယ္။ အာရွရဲ႕ အေကာင္းဆံုးအသင္း
အျဖစ္ အီရန္က ကမၻာ့အဆင့္ ၂၃ေနရာနဲ႔အတူရွိေနျပီး ဒုတိယေနရာမွာ ဂ်ပန္၊ တတိယေနရာမွာ ကိုရီးယားတို႔က ရပ္တည္ခဲ့ၾကပါတယ္။

Credit to Fox Sports Asia

Unicode

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအပြီးမှာတော့ ဖီဖာက ကမ္ဘာ့အဆင့်ရပ်တည်မှုတွေကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ စုစုပေါင်း ၂ပွဲစီကစားပေးခဲ့ကြအပြီးမှာ အဆင့်ရပ်တည်မှုတွေ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး အာဆီယံဒေသမှာတော့ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားတို့ဟာ အဆင့်သတ်မှတ်ချက်တော်တော်လေးကို နိမ့်ကျသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

အာဆီယံရဲ့ အကောင်းဆုံးအသင်းအဖြစ် ဗီယက်နမ်က ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၉၈ နေရာမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီယက်နမ်အသင်းဟာ အာရှရဲ့ထိပ်ဆုံးအသင်း ၁၅သင်းထဲမှာတော့ ပါဝင်ခဲ့ခြင်းမရှိတော့ပါဘူး။ ထိုင်းအသင်းကတော့ ဗီယက်နမ်ကို ဂိုးမရှိသရေ၊ အင်ဒိုနီးရှားကို ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက်မှာ အဆင့် ၁၁၄ ကို ရောက်ရှိခဲ့ပြီး တစ်ဆင့်မြင့်သွားခဲ့ပါတယ်။

ဖိလစ်ပိုင်က အဆင့် ၁၂၇ နဲ့ အာဆီယံရဲ့ တတိယအကောင်းဆုံးအသင်းဖြစ်နေပြီး မွန်ဂိုလီးယား နဲ့ ဂျပန်တို့ကို အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ အဆင့် ၁၄၅ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ အဆင့် ၁ဝဆင့်ထိ နိမ့်ဆင်းသွားခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်အဆင့်သတ်မှတ်မှုမှာ မြန်မာထက်နိမ့်ကျမှုအများဆုံးအသင်းတွေအဖြစ် နီကာရာဂွာ နဲ့ အက်ဝက်တီနီ အသင်းနှစ်သင်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာအသင်းက အာဆီယံရဲ့ နံပါတ်လေးအသင်းအဖြစ် ရှိနေတာဖြစ်ပြီး စင်ကာပူက ၁၅၇၊ မလေးရှားက ၁၅၈၊ အင်ဒိုနီးရှားက ၁၆၇၊ ကမ္ဘောဒီးယားက ၁၆၉၊ လာအိုနဲ့ ဘရူနိုင်းတို့ကတော့ အဆင့် ၁၈၇ နဲ့ ၁၉၁ နေရာတို့မှာ ရှိနေကြပါတယ်။ အာရှရဲ့ အကောင်းဆုံးအသင်း
အဖြစ် အီရန်က ကမ္ဘာ့အဆင့် ၂၃နေရာနဲ့အတူရှိနေပြီး ဒုတိယနေရာမှာ ဂျပန်၊ တတိယနေရာမှာ ကိုရီးယားတို့က ရပ်တည်ခဲ့ကြပါတယ်။

 

Top
//itespurrom.com/4/3018672