
Video / Photo – Actor 99
Happy – Cele Gabar
(ယူနီကုဒ်ဖြင့်ဖတ်ရန်)
” မြင်သူတိုင်းကြည်နူးသွားစေမယ့် နိုင်းနိုင်းတို့မိသားစုရဲ့ အားလပ်ချိန်ဖြတ်သန်းမှု Video လေး ”
ဝါရင့်သရုပ်ဆောင်နိုင်းနိုင်းတစ်ယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်း သားသမီးလေးယာက် ထွန်းကားပြီး အမေရိကမှာပဲအခြေချခဲ့ တာဖြစ်ပါတယ်။ အနုပညာသမားဖြစ်တာကြောင့် ရိုက်ကူးရေးကိစ္စတွေနဲ့ မြန်မာပြည်ကိုမကြာခဏဆိုသလို ပြန်လာရသူတစ်ယောက် လည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နိုင်းနိုင်းတစ်ယောက် ချစ်ရတဲ့သားသမီးတွေနဲ့အတူ ဂိမ်းဆော့ပြီး ကစားနေတဲ့ ကြည်နူး စရာ Video လေးကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။
အရမ်းကိုချစ်ဖို့ကောင်းပြီးပွင့်လင်းတဲ့အမူအရာလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့သားသမီးလေးတွေဟာ ဖေဖေနဲ့ မေမေရဲ့အသက်ရှည် ဆေးလေးတွေပါပဲ။ ကြည်နူးစရာဒီမိသားစုလေးရဲ့ အားလပ်ချိန် ဖြတ်သန်းမှု Video လေးဟာလည်း မြင်သူတိုင်းကိုစိတ်ကြည်နူးစေ မှာတော့ အမှန်ပါပဲ။ မိဘနဲ့ သားသမီးလိုမဟုတ်ပဲ သူငယ်ချင်းတွေအတူတူဆော့နေတဲ့ပုံစံလေးနဲ့ ပေါ့ပါးလွတ်လပ်နေတဲ့ မိသားစု အချိန်လေးကတော့ တန်ဖိုးရှိလွန်းပါတယ်။
ချစ်ရတဲ့သားသမီးတွေနဲ့ အတူတူဖြတ်သန်းနေတဲ့ အမှတ်တရအချိန်လေးတွေကို ” ကျွန်တော့် ရဲဘော်များနှင့် ၁၉၉၃ ခုနစ် သို့ပြန်ရောက်သွားခြင်း….ကျွန်တော်ငယ်ငယ်က ထမင်းမစား ဟင်းမစား မဂိမ်းမချင်း ဆော့ခဲ့သောဂိမ်းကို ရဲဘော်များကို ပေးဆော့ လိုက်သောအခါ ” ဆိုပြီး Video လေးနဲ့ တင်ထားတာပဲဖြစ်ပါတယ်။ ကြည်နူးစရာအခိုက်အတန့်လေးတွေကို တင်ဆက်ပေးလိုက် တယ်နော်။
Video / Photo – Actor 99
Happy – Cele Gabar