
Zawgyi
မိတ္ေဆြခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ( 22 )ရက္မွ စက္တင္ဘာလ( 28 )ရက္အထိ ( ေဆာင္ရန္ ေရွာင္ သတိျပဳရန္ႏွင့္ ယၾတာ ) တစ္ပတ္စာ သဗၺမဂၤလာ အထူး ေဟာကိန္း
တနဂၤေႏြ သားသမီးမ်ား
မိမိကံ အေကာင္းထဲတြင္ ရွိေသာ္လဲ ရန္သေဘာေဆာင္ေသာ အတိုက္အခံမ်ား ေပၚေပါက္မည္။
စိတ္ရွည္သည္းခံမွု မထားလၽွင္ အခက္ႀကီးၾကဳံနိုင္ေသာ ရက္သတၱပတ္ျဖစ္သည္ ေငြေၾကးစီးပြါး အထြက္မ်ားမည္။
ခရီးစဥ္ေကာင္းမ်ား ေပၚေပါက္ပါက ေကာင္းေသာ နိမိတ္ ျဖစ္၍ ႀကီးကဲသူ မစျခင္း ခံရလိမ့္မည္ ပညာေရး၌ စိတ္ေလာမွုေၾကာင့္ ေမ့ေလ်ာ့ လြယ္ေနမည္။
စုန္း နတ္ ပေယာဂေႏွာက္ယွက္ခံရလၽွင္လဲ သီလထိန္း ကုသိုလ္ေကာင္းမွုျပဳ၍ သမၼာေဒ၀နတ္မ်ားအား တိုင္တည္ပါ, ခ်မ္းသာရာရလိမ့္မည္။
မိခင္ျဖစ္သူႏွင့္ သေဘာထား ကြဲလြဲတတ္သည္ အိမ္ေထာင္ေရးကံ အထိုက္အေလ်ာက္ အဆင္ေျပေသာ္လဲ အခ်စ္ေရး၌ စိတ္တိုင္းမက် ျဖစ္ေနရလိမ့္မည္။
ရဟန္းသံဃာ သို့မဟုတ္ ပူေဇာ္ထိုက္သူအမ်ိဳးသားကို သစ္သီးတမ်ိဳး ကပ္လွူပါ။
တနလာၤ သားသမီးမ်ား
ႀကီးကဲသူမ်ားႏွင့္ အဆင္မေျပ ျဖစ္တတ္ေသာ္လဲ မိမိကံေကာင္းလာ၍ လုပ္ပိုင္ခြင့္မ်ား ရရွိ ေအာင္ျမင္လာ လိမ့္မည္ တ႐ုတ္လူမ်ိဳးမ်ားႏွင့္ အဆင္ေျပမည္။
မိမိ လုပ္ငန္း၌ မိသားစု၀င္မ်ား စြက္ဖက္ေႏွာက္ယွက္လၽွင္ အခက္ၾကဳံတတ္သည္ ပညာေရး ဆိုင္ရာကံ အားနဲသျဖင့္ ပိုမိုႀကိဳးစား ေလ့လာပါ။
ယခုရက္သတၱပတ္တြင္ မိတ္ေကာင္းေဆြေကာင္း မ်ားႏွင့္ ဆုံစည္းရျခင္း၊ အကူအညီ ထိထိေရာက္ေရာက္ရျခင္း ျဖစ္လိမ့္မည္ သြားဖုံးနာ၊ ႏွုတ္ခမ္းနာ၊ ဗိုက္ေအာင့္ ပါက မေပါ့ဆပဲ တတ္သိသူႏွင့္ ျပပါ။
အေဒၚ ျဖစ္သူႏွင့္ သေဘာထားကြဲလြဲ တတ္သည္ ငယ္ရြယ္သူမ်ား အခ်စ္ေရး၌ စိတ္ပူပမ္ရမွု ရွိေနေသာ္လဲ အဆင္ေျပတိုးတက္မည္ ဇနီးျဖစ္သူ ေနထိုင္မေကာင္း အနဲငယ္တတ္သည္။
ခင္ပြန္းျဖစ္သူ၏ အက်ိဳးေက်းဇူးကို ခံစားရလိမ့္မည္။ သားသမီးမ်ား ကံေကာင္းပါလိမ့္မည္ ဆင္းရဲသား ဒုကၡိတမ်ားအား ေပါင္မုန္႔ သို့မဟုတ္ သစ္သီး စြန္႔ၾကဲပါ။
အဂၤါ သားသမီးမ်ား
အေျပာင္းအလဲမ်ား၌ စိတ္တိုင္းမက်မွုမ်ား၍ စိတ္မၿငိမ္သက္မွုေၾကာင့္ ဆုံးျဖတ္ခ်က္ မွားတတ္ပါသည္။
အလုပ္အကိုင္ အစီးပြားကံ အေကာင္းထဲတြင္ ရပ္တည္မေနေသာေၾကာင့္ မဂၤလာရွိေသာစကား ခ်ိဳသာစကားဆို၍ မိမိဘာသာ ေကာင္းေအာင္ ႀကိဳးစားအားထုတ္ေနရမည္။
ပညာေရးကိစၥမ်ား၌ လစ္ဟင္းမွုမ်ား ရွိေစကာမူ အေျခအေန ေကာင္းပါသည္ ယခုရက္သတၱပတ္၌ ယခင္ထက္ ပို၍ သီလထိန္း ကုသိုလ္ျပဳ၍ သတၱဝါအမ်ားအား ေမတၱာပို့ပါ။
်ေခါင္းမူး ေခါင္းကိုက္ ျဖစ္ကိန္းရွိသည္ သို့ရာတြင္ ခရီးစဥ္ကိစၥထူး ဘာသာစကားကိစၥထူးမ်ား ျဖစ္ေပၚ၍ လာလၽွင္ အစစကံေကာင္းလာလိမ့္မည္။
ႀကီးကဲသူမ်ားႏွင့္ သေဘာထားကြဲလြဲကိန္း ရွိရာ အစစသတိထားပါ ခင္ပြန္းျဖစ္သူ ႏွင့္ မၾကာခဏ စိတ္မတိုက္ဆိုင္ျဖစ္တတ္ ႐ုံမွအပ အခ်စ္ေရး အိမ္ေထာင္ေရးကံ သင့္ပါသည္ အိမ္ဘုရားတြင္ သေျပညႊန္႔မ်ား တင္လွူပါ။
ဗုဒၶဟူး သားသမီးမ်ား
ေၾကာင့္ၾကဗ်ာပါရႏွင့္အတူ စိတ္မၿငိမ္သက္ ျဖစ္ေနပါမည္ အလုပ္ကိစၥမ်ား၌ စိတ္ဖိစီး ပင္ပမ္းရမည္ ကုသိုလ္ေရး ကိစၥမ်ား၌ ေငြကုန္ေၾကးက်မ်ားတတ္သည္။
ပညာေရး၌ သိလြယ္ တတ္လြယ္ ျဖစ္ေနေပလိမ့္မည္ စက္ပစၥည္းႏွင့္ ပတ္သက္၍ နစ္နာကိန္း ရွိရာ ဂ႐ုျပဳရပါမည္ မိတ္ေဆြမ်ား၏ အကူအညီကို ထိေရာက္စြာ ရလိမ့္ဦးမည္ မဟုတ္။
လက္ေအာက္ငယ္သားမ်ား ႏွင့္ ပတ္သက္၍ စိတ္ညစ္စရာ ေပၚတတ္ရာ ဂ႐ုျပဳပါ ဘာသာေရးဆိုင္ရာ ကုသိုလ္ က်င့္စဥ္မ်ားမွ အက်ိဳးထူး သိသာစြာ ေပၚကိန္းရွိသည္။
သူတပါးႏွင့္ အေဖာ္လိုက္ရေသာ ခရီးစဥ္မ်ား ေပၚေပါက္လာပါက အစစ အဆင္ေျပလာလိမ့္မည္။ အခ်စ္ေရး၌ စန္းငုတ္ေနမည္။
အိမ္ေထာင္ေရးကံ အားနဲေနေသာေၾကာင့္ အျပန္အလွန္ နားလည္ေဖးမ စိတ္ရွည္သင့္ပါသည္ ဘုရားပန္းအိုးမ်ားကို က်က်နန ေဆးေၾကာပါ။
ရာဟု သားသမီးမ်ား
အလုပ္အကိုင္ အစီးအပြား၌ ေတြ႕ၾကဳံ၍ေနေသာ အခက္အခဲမ်ားကို ေကာင္းစြာ ေျဖရွင္း ကိုင္တြယ္နိုင္မည့္ ကာလျဖစ္သည္။
ကံေကာင္း ေထာက္မသျဖင့္ ဆုံးျဖတ္လုပ္ေဆာင္မွုမ်ား မွန္ကန္ေနလိမ့္မည္။ မိခင္ ဖခင္တို့နင့္ သေဘာထား ကြဲလြဲ လိမ့္မည္။
ပညာေရးတြင္ မဆိုင္ရာကိစၥ စိတ္ပါ၀င္စားမွုေၾကာင့္ လစ္ဟင္း နစ္နာ ကိန္းရွိပါသည္ ဗိုက္ေအာင့္ ဇက္ေၾကာတက္ မ်က္စိေညာင္း စသည္တို့ ျဖစ္တတ္ရာ အပူအစပ္အငံမာေသာစားဖြယ္မ်ား ေလ်ာ့စားပါ။
မိတ္ေဆြေဟာင္းမ်ား၏ အကူအညီကို ရလိမ့္မည္ အခ်စ္ေရး၌ ျပႆနာငယ္ေလးမ်ား သ၀န္တို ခ်ဳပ္ခ်ယ္မွုေၾကာင့္ ေပၚတတ္ပါသည္ အိမ္ေထာင္ဖက္ ၏ အက်ိဳးေက်းဇူးကို ခံစားရလိမ့္မည္။
ဆင္းရဲသား ဒုကၡိတ ေတာင္းစားသူအား အုန္းသီးေပါင္မုန္႔ လွူဒါန္းပါ။
ၾကာသပေတး သားသမီးမ်ား
ႀကီးမားေသာ စိတ္ဖိစီးစရာမ်ားၾကားမွ ေအာင္ျမင္မွု ကံေကာင္းမွု ရရွိလိမ့္မည္ အလုပ္အကိုင္ အစီးအပြား မတည္ၿငိမ္ေသာႏွုန္းထားျဖင့္ တိုးတက္မည္။
ေငြ၀င္ကံ ေကာင္းေသာ္လဲ စိတ္ညစ္စရာ ကိစၥမ်ား ေရာပါလာတတ္သည္ ပညာေရးကံ အသင့္အတင့္ ေကာင္းမြန္ေနမည္။
အလုပ္ကိစၥ သို့မဟုတ္ မိသားစုကိစၥကို အေၾကာင္းျပဳ၍ ပညာေရး လစ္ဟင္းမွုမ်ား ျဖစ္တတ္သည္ အခ်စ္ေရးတြင္ မသမာေသာသူမ်ား ခ်ဥ္းကပ္လာတတ္သည္။
အိမ္ေထာင္ေရး ကံမွာ သင့္႐ုံသာ ရွိေသာ္လဲ ခင္ပြန္းျဖစ္သူႏွင့္ ပတ္သက္၍ ေသာက ျဖစ္ရတတ္သလို ဇနီးသည္ ေနမေကာင္းျဖစ္ျခင္းလဲ ျဖစ္တတ္ပါသည္ သားသမီးေကာင္း ရတတ္သည္။
ရဟန္းသံဃာအား လက္ဖက္ လွူဒါန္းပါ။
ေသာၾကာ သားသမီးမ်ား
မိမိဘက္က မွန္ေနပါလ်က္ မဆင္ျခင္မေစ့စပ္မွုေၾကာင့္ မိမိအမွား ျဖစ္ရကိန္းရွိသည္ ကံေကာင္းေသာ ရက္သတၱပတ္ဟု မဆိုနိုင္ပါ, အထူး ဆင္ျခင္ဂ႐ုျပဳရမည္။
သို့ေသာ္ ဘာသာေရး က်င့္ႀကံမွုမ်ားမွေန၍ မိမိကံ အထူးတိုးတက္ ေကာင္းမြန္လာကိန္း ရွိပါသည္ မ်က္စိက်န္းမာေရးေတာ့ ဂ႐ုစိုက္ပါ။
ေငြကုန္ေၾကးက်မ်ားေစကာမူ ကုန္သေလာက္ ပိုက္ဆံ ရွိေနပါဦးမည္ ပညာေရး ကိစၥရပ္မ်ား၌ စိတ္ခ်မ္းသာလိမ့္မည္ ပတ္၀န္းက်င္ မိတ္ေဆြမ်ား၏ အကူအညီကို ျပည့္၀သိသာစြာ ရမည္ မဟုတ္ေသးပါ။
အခ်စ္ေရး အိမ္ေထာင္ေရးကံမ်ား အေကာင္းထဲတြင္ ရပ္တည္ေနမွု မရွိေသးေသာေၾကာင့္ အထူးပင္ ဂ႐ုျပဳရပါလိမ့္မည္။
စိတ္ေဝဒနာသည္ကို စားစရာ ေကၽြးပါ၊ သို့မဟုတ္ ဆင္းရဲႏြမ္းပါးေတာင္းစားသူကို သစ္သီး စြန္႔ၾကဲပါ။
စေန သားသမီးမ်ား
တာ၀န္ယူရမွုမ်ားေၾကာင့္ စိတ္ေထြျပားကာ ေသာကမကင္း ျဖစ္ေနတတ္သည္ သို့ေသာ္ အလုပ္အကိုင္ အစီးအပြား တိုးတက္ျဖစ္ထြန္း ေအာင္ျမင္လာသည္ကို ေတြ႕ရမည္။
မိမိ မေမၽွာ္လင့္ထားေသာ အေကာင္းအဆိုး ေလာကဓံျဖစ္ရပ္မ်ား ႐ုတ္တရက္ ႐ုတ္တရက္ ျဖစ္ေနတတ္ပါသည္။
ပညာေရးတြင္ သင္ထား သိထားသည္မ်ားကို ႏွီးေႏွာ၍ ပိုမို တတ္သိလာေပလိမ့္မည္ ဇနီးျဖစ္သူ က မိမိအေပၚ သကၤာမကင္းျဖစ္ျခင္း၊ စိတ္မၾကည္ျခင္းမ်ား ျဖစ္ကိန္းရွိရာ ဂ႐ုစိုက္ၾကင္နာရမည္။
အခ်စ္ေရးတြင္ ေဝးေရာက္ ခ်စ္သူႏွင့္ ပတ္သက္၍ စိတ္ခ်မ္းသာရတတ္သည္ ခင္ပြန္းျဖစ္သူ နာမက်န္းျခင္း ရန္ေပၚျခင္း ျဖစ္ကိန္းရွိရာ ဆင္ျခင္ဂ႐ုစိုက္ပါ။
ရဟန္းသံဃာ ကို ၀တၳဳေငြကပ္လွူပါ၊ သို့မဟုတ္ ႀကီးကဲသူ မိခင္ဖခင္တို့အား အလွူေငြ ေထာက္ပံ့ပါ။
ခုႏွစ္ရက္သားသမီးမ်ား ကံ ဥာဏ္ ဝီရိယ သုံးခ်က္လုံး အားေကာင္း၍ ႀကံတိုင္းေအာင္၍ ေဆာင္တိုင္းေျမာက္ၾကပါေစေသာဝ္
ဆရာ သုခမိန္
Unicode
မိတ်ဆွေခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ( 22 )ရက်မှ စက်တင်ဘာလ( 28 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) တစ်ပတ်စာ သဗ္ဗဗမင်္ဂလာ ဟောစာတမ်း
တနင်္ဂနွေ သားသမီးများ
မိမိကံ အကောင်းထဲတွင် ရှိသော်လဲ ရန်သဘောဆောင်သော အတိုက်အခံများ ပေါ်ပေါက်မည်။
စိတ်ရှည်သည်းခံမှု မထားလျှင် အခက်ကြီးကြုံနိုင်သော ရက်သတ္တပတ်ဖြစ်သည် ငွေကြေးစီးပွါး အထွက်များမည်။
ခရီးစဉ်ကောင်းများ ပေါ်ပေါက်ပါက ကောင်းသော နိမိတ် ဖြစ်၍ ကြီးကဲသူ မစခြင်း ခံရလိမ့်မည် ပညာရေး၌ စိတ်လောမှုကြောင့် မေ့လျော့ လွယ်နေမည်။
စုန်း နတ် ပယောဂနှောက်ယှက်ခံရလျှင်လဲ သီလထိန်း ကုသိုလ်ကောင်းမှုပြု၍ သမ္မာဒေဝနတ်များအား တိုင်တည်ပါ, ချမ်းသာရာရလိမ့်မည်။
မိခင်ဖြစ်သူနှင့် သဘောထား ကွဲလွဲတတ်သည် အိမ်ထောင်ရေးကံ အထိုက်အလျောက် အဆင်ပြေသော်လဲ အချစ်ရေး၌ စိတ်တိုင်းမကျ ဖြစ်နေရလိမ့်မည်။
ရဟန်းသံဃာ သို့မဟုတ် ပူဇော်ထိုက်သူအမျိုးသားကို သစ်သီးတမျိုး ကပ်လှူပါ။
တနလာၤ သားသမီးများ
ကြီးကဲသူများနှင့် အဆင်မပြေ ဖြစ်တတ်သော်လဲ မိမိကံကောင်းလာ၍ လုပ်ပိုင်ခွင့်များ ရရှိ အောင်မြင်လာ လိမ့်မည် တရုတ်လူမျိုးများနှင့် အဆင်ပြေမည်။
မိမိ လုပ်ငန်း၌ မိသားစုဝင်များ စွက်ဖက်နှောက်ယှက်လျှင် အခက်ကြုံတတ်သည် ပညာရေး ဆိုင်ရာကံ အားနဲသဖြင့် ပိုမိုကြိုးစား လေ့လာပါ။
ယခုရက်သတ္တပတ်တွင် မိတ်ကောင်းဆွေကောင်း များနှင့် ဆုံစည်းရခြင်း၊ အကူအညီ ထိထိရောက်ရောက်ရခြင်း ဖြစ်လိမ့်မည် သွားဖုံးနာ၊ နှုတ်ခမ်းနာ၊ ဗိုက်အောင့် ပါက မပေါ့ဆပဲ တတ်သိသူနှင့် ပြပါ။
အဒေါ် ဖြစ်သူနှင့် သဘောထားကွဲလွဲ တတ်သည် ငယ်ရွယ်သူများ အချစ်ရေး၌ စိတ်ပူပမ်ရမှု ရှိနေသော်လဲ အဆင်ပြေတိုးတက်မည် ဇနီးဖြစ်သူ နေထိုင်မကောင်း အနဲငယ်တတ်သည်။
ခင်ပွန်းဖြစ်သူ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ သားသမီးများ ကံကောင်းပါလိမ့်မည် ဆင်းရဲသား ဒုက္ခိတများအား ပေါင်မုန့် သို့မဟုတ် သစ်သီး စွန့်ကြဲပါ။
အင်္ဂါ သားသမီးများ
အပြောင်းအလဲများ၌ စိတ်တိုင်းမကျမှုများ၍ စိတ်မငြိမ်သက်မှုကြောင့် ဆုံးဖြတ်ချက် မှားတတ်ပါသည်။
အလုပ်အကိုင် အစီးပွားကံ အကောင်းထဲတွင် ရပ်တည်မနေသောကြောင့် မင်္ဂလာရှိသောစကား ချိုသာစကားဆို၍ မိမိဘာသာ ကောင်းအောင် ကြိုးစားအားထုတ်နေရမည်။
ပညာရေးကိစ္စများ၌ လစ်ဟင်းမှုများ ရှိစေကာမူ အခြေအနေ ကောင်းပါသည် ယခုရက်သတ္တပတ်၌ ယခင်ထက် ပို၍ သီလထိန်း ကုသိုလ်ပြု၍ သတ္တဝါအများအား မေတ္တာပို့ပါ။
ျခေါင်းမူး ခေါင်းကိုက် ဖြစ်ကိန်းရှိသည် သို့ရာတွင် ခရီးစဉ်ကိစ္စထူး ဘာသာစကားကိစ္စထူးများ ဖြစ်ပေါ်၍ လာလျှင် အစစကံကောင်းလာလိမ့်မည်။
ကြီးကဲသူများနှင့် သဘောထားကွဲလွဲကိန်း ရှိရာ အစစသတိထားပါ ခင်ပွန်းဖြစ်သူ နှင့် မကြာခဏ စိတ်မတိုက်ဆိုင်ဖြစ်တတ် ရုံမှအပ အချစ်ရေး အိမ်ထောင်ရေးကံ သင့်ပါသည် အိမ်ဘုရားတွင် သပြေညွှန့်များ တင်လှူပါ။
ဗုဒ္ဓဟူး သားသမီးများ
ကြောင့်ကြဗျာပါရနှင့်အတူ စိတ်မငြိမ်သက် ဖြစ်နေပါမည် အလုပ်ကိစ္စများ၌ စိတ်ဖိစီး ပင်ပမ်းရမည် ကုသိုလ်ရေး ကိစ္စများ၌ ငွေကုန်ကြေးကျများတတ်သည်။
ပညာရေး၌ သိလွယ် တတ်လွယ် ဖြစ်နေပေလိမ့်မည် စက်ပစ္စည်းနှင့် ပတ်သက်၍ နစ်နာကိန်း ရှိရာ ဂရုပြုရပါမည် မိတ်ဆွေများ၏ အကူအညီကို ထိရောက်စွာ ရလိမ့်ဦးမည် မဟုတ်။
လက်အောက်ငယ်သားများ နှင့် ပတ်သက်၍ စိတ်ညစ်စရာ ပေါ်တတ်ရာ ဂရုပြုပါ ဘာသာရေးဆိုင်ရာ ကုသိုလ် ကျင့်စဉ်များမှ အကျိုးထူး သိသာစွာ ပေါ်ကိန်းရှိသည်။
သူတပါးနှင့် အဖော်လိုက်ရသော ခရီးစဉ်များ ပေါ်ပေါက်လာပါက အစစ အဆင်ပြေလာလိမ့်မည်။ အချစ်ရေး၌ စန်းငုတ်နေမည်။
အိမ်ထောင်ရေးကံ အားနဲနေသောကြောင့် အပြန်အလှန် နားလည်ဖေးမ စိတ်ရှည်သင့်ပါသည် ဘုရားပန်းအိုးများကို ကျကျနန ဆေးကြောပါ။
ရာဟု သားသမီးများ
အလုပ်အကိုင် အစီးအပွား၌ တွေ့ကြုံ၍နေသော အခက်အခဲများကို ကောင်းစွာ ဖြေရှင်း ကိုင်တွယ်နိုင်မည့် ကာလဖြစ်သည်။
ကံကောင်း ထောက်မသဖြင့် ဆုံးဖြတ်လုပ်ဆောင်မှုများ မှန်ကန်နေလိမ့်မည်။ မိခင် ဖခင်တို့နင့် သဘောထား ကွဲလွဲ လိမ့်မည်။
ပညာရေးတွင် မဆိုင်ရာကိစ္စ စိတ်ပါဝင်စားမှုကြောင့် လစ်ဟင်း နစ်နာ ကိန်းရှိပါသည် ဗိုက်အောင့် ဇက်ကြောတက် မျက်စိညောင်း စသည်တို့ ဖြစ်တတ်ရာ အပူအစပ်အငံမာသောစားဖွယ်များ လျော့စားပါ။
မိတ်ဆွေဟောင်းများ၏ အကူအညီကို ရလိမ့်မည် အချစ်ရေး၌ ပြဿနာငယ်လေးများ သဝန်တို ချုပ်ချယ်မှုကြောင့် ပေါ်တတ်ပါသည် အိမ်ထောင်ဖက် ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။
ဆင်းရဲသား ဒုက္ခိတ တောင်းစားသူအား အုန်းသီးပေါင်မုန့် လှူဒါန်းပါ။
ကြာသပတေး သားသမီးများ
ကြီးမားသော စိတ်ဖိစီးစရာများကြားမှ အောင်မြင်မှု ကံကောင်းမှု ရရှိလိမ့်မည် အလုပ်အကိုင် အစီးအပွား မတည်ငြိမ်သောနှုန်းထားဖြင့် တိုးတက်မည်။
ငွေဝင်ကံ ကောင်းသော်လဲ စိတ်ညစ်စရာ ကိစ္စများ ရောပါလာတတ်သည် ပညာရေးကံ အသင့်အတင့် ကောင်းမွန်နေမည်။
အလုပ်ကိစ္စ သို့မဟုတ် မိသားစုကိစ္စကို အကြောင်းပြု၍ ပညာရေး လစ်ဟင်းမှုများ ဖြစ်တတ်သည် အချစ်ရေးတွင် မသမာသောသူများ ချဉ်းကပ်လာတတ်သည်။
အိမ်ထောင်ရေး ကံမှာ သင့်ရုံသာ ရှိသော်လဲ ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ သောက ဖြစ်ရတတ်သလို ဇနီးသည် နေမကောင်းဖြစ်ခြင်းလဲ ဖြစ်တတ်ပါသည် သားသမီးကောင်း ရတတ်သည်။
ရဟန်းသံဃာအား လက်ဖက် လှူဒါန်းပါ။
သောကြာ သားသမီးများ
မိမိဘက်က မှန်နေပါလျက် မဆင်ခြင်မစေ့စပ်မှုကြောင့် မိမိအမှား ဖြစ်ရကိန်းရှိသည် ကံကောင်းသော ရက်သတ္တပတ်ဟု မဆိုနိုင်ပါ, အထူး ဆင်ခြင်ဂရုပြုရမည်။
သို့သော် ဘာသာရေး ကျင့်ကြံမှုများမှနေ၍ မိမိကံ အထူးတိုးတက် ကောင်းမွန်လာကိန်း ရှိပါသည် မျက်စိကျန်းမာရေးတော့ ဂရုစိုက်ပါ။
ငွေကုန်ကြေးကျများစေကာမူ ကုန်သလောက် ပိုက်ဆံ ရှိနေပါဦးမည် ပညာရေး ကိစ္စရပ်များ၌ စိတ်ချမ်းသာလိမ့်မည် ပတ်ဝန်းကျင် မိတ်ဆွေများ၏ အကူအညီကို ပြည့်ဝသိသာစွာ ရမည် မဟုတ်သေးပါ။
အချစ်ရေး အိမ်ထောင်ရေးကံများ အကောင်းထဲတွင် ရပ်တည်နေမှု မရှိသေးသောကြောင့် အထူးပင် ဂရုပြုရပါလိမ့်မည်။
စိတ်ဝေဒနာသည်ကို စားစရာ ကျွေးပါ၊ သို့မဟုတ် ဆင်းရဲနွမ်းပါးတောင်းစားသူကို သစ်သီး စွန့်ကြဲပါ။
စနေ သားသမီးများ
တာဝန်ယူရမှုများကြောင့် စိတ်ထွေပြားကာ သောကမကင်း ဖြစ်နေတတ်သည် သို့သော် အလုပ်အကိုင် အစီးအပွား တိုးတက်ဖြစ်ထွန်း အောင်မြင်လာသည်ကို တွေ့ရမည်။
မိမိ မမျှော်လင့်ထားသော အကောင်းအဆိုး လောကဓံဖြစ်ရပ်များ ရုတ်တရက် ရုတ်တရက် ဖြစ်နေတတ်ပါသည်။
ပညာရေးတွင် သင်ထား သိထားသည်များကို နှီးနှော၍ ပိုမို တတ်သိလာပေလိမ့်မည် ဇနီးဖြစ်သူ က မိမိအပေါ် သင်္ကာမကင်းဖြစ်ခြင်း၊ စိတ်မကြည်ခြင်းများ ဖြစ်ကိန်းရှိရာ ဂရုစိုက်ကြင်နာရမည်။
အချစ်ရေးတွင် ဝေးရောက် ချစ်သူနှင့် ပတ်သက်၍ စိတ်ချမ်းသာရတတ်သည် ခင်ပွန်းဖြစ်သူ နာမကျန်းခြင်း ရန်ပေါ်ခြင်း ဖြစ်ကိန်းရှိရာ ဆင်ခြင်ဂရုစိုက်ပါ။
ရဟန်းသံဃာ ကို ဝတ္ထုငွေကပ်လှူပါ၊ သို့မဟုတ် ကြီးကဲသူ မိခင်ဖခင်တို့အား အလှူငွေ ထောက်ပံ့ပါ။
ခုနှစ်ရက်သားသမီးများ ကံ ဉာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်
ဆရာ သုခမိန်