
တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံအနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိကာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့ကြပြီး အနုပညာမှတ်တိုင်တွေကို ကိုယ်စီစိုက်ထူထားနိုင်တဲ့ မင်းသမီးကြီး (၃)ယောက်ကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။
(၁) ထက်ထက်မိုးဦး
ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံ ကြော်ငြာလောကရဲ့ ထိပ်ခေါင်၊ သူမခေတ်လို့ တင်စားရလောက်တဲ့အထိဖြစ်စေခဲ့တဲ့ မိုးကုတ်သူ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။”ထက်ထက်မိုးဦး”လို့ပြောလိုက်တာနဲ့ ” ရတနာစိန်ကျောက် စယ်တောက်တန်းကစားရအောင် “ဆိုတဲ့ ကြော်ငြာလေးကို ပရိသတ်တွေအားလုံးပဲ တန်းမြင်ကြလိမ့်မယ် ထင်ပါတယ်။ဒီကြော်ငြာအပြင် Goodmoringပေါင်မုန့်ကြော်ငြာ၊ကာတီယားစိန်တိုက်ကြော်ငြာ၊
ဒွေးနဲ့တူတူ ကြော်ငြာခဲ့တဲ့ BaB ကလေးများအားတိုးဆေးကြော်ငြာ စတဲ့ ကြော်ငြာတွေကလည်း ပရိသတ်ရင်ကိုဟတ်ထိအောင် လုပ်နိုင်ခဲ့ပါသေးတယ်။ထက်ထက်မိုးဦးဟာ (၁၉၉၆) ခုနှစ်မှာ “ပန်းသခင်”ဇာတ်ကား၊ (၂၀၀၁) ခုနှစ်မှာ “သမီးမိုက်”ဇာတ်ကားတွေနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး အနုပညာမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ယနေ့အချိန်ထိ အနုပညာလှုပ်ရှားမှုများကိုလည်း ဆက်လက်လုပ်ဆောင်လျှက်ရှိပြီး ပရိသတ်များရဲ့ အချစ်ကို အပြည့်အဝပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။
(၂) ခိုင်သင်းကြည်
ဒုတိယတစ်ဦးကတော့ စကားပြောခပ်သွက်သွက်လေးနဲ့ ယနေ့တိုင် ဂျူနီယာများနဲ့တွဲဖက်သရုပ်ဆောင်တဲ့အခါ အရွယ်မလိုက်အောင် လန်းနိုင်တဲ့ မခိုင်လေး (ခေါ်) မင်းသမီးခိုင်သင်းကြည် ပဲဖြစ်ပါတယ်။ဘာသာတရားကိုင်းရှိုင်းကာ စည်းကမ်းကြီးတဲ့မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့တာကြောင့် မိဘစကားနားထောင်တဲ့ သမီးလိမ္မာလေးတစ်ယောက် ဖြစ်ပြီး အနုပညာလောကမှာလည်း ယနေ့တိုင် နာမည်ကောင်းနဲ့ ရပ်တည်လာခဲ့တဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်ယောက်လည်းဖြစ်တဲ့အတွက် ဂျူနီယာအနုပညာရှင်မောင်နှမများရဲ့ လေးစားအတုယူစရာကောင်းတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူးနော်။မခိုင်လေးဟာ (၂၀၁၃)ခုနှစ်မှာ “စုန်းပြူး”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ပို့ဆု၊ (၂၀၁၄) မှာ ” ကောင်းကျိုးကိုယ်၌တည်စေမင်း ” ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု စတဲ့ အကယ်ဒမီထူးချွန်ဆု(၂)ကို ပိုင်ဆိုင်ထားတဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင်တစ်ဦးလည်းဖြစ်ပါတယ်။
(၃) နန္ဒာလှိုင်
မွန်တိုင်းရင်သူလေးဖြစ်ပြီး စကားဝဲဝဲလေးနဲ့ မဟာဆန်တဲ့ အလှကို ပိုင်ဆိုင်ထားတာကြောင့် အလှဘုရင်မတစ်ယောက်လို့ ပရိသတ်အားလုံးရဲ့မှတ်ချက်ပေးခြင်းကို ခံရတဲ့ သူလေးကတော့ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နန္ဒာလှိုင်ပဲဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ ၁၉၉၆ ခုနှစ်မှာ မြှားနတ်မောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အနုပညာလောကကို ခြေလှမ်းစခဲ့တာဖြစ်ပြီး (၁၉၉၈)ခုနှစ်မှာ “ရွှေနံ့သာစံအိမ်”ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊(၂၀၀၆)ခုနှစ်မှာ “တောင်သမ္မန်သစ္စာ”ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကောင်းဆုံအမျိုးသမီး ဇာတ်ဆောင်ဆုတို့ကို ရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီထူးချွန်ဆုပိုင်ရှင်တစ်ဦးလို့လည်း ဆိုရမှာပါ။(၂၀၀၈) ခုနှစ် မေလမှာ ဇေသီဟ နဲ့ လက်ထပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်များကို ရပ်ဆိုင်းကာ သမီး(၃)ယောက်နဲ့ ခင်ပွန်းဖြစ်သူကို ပြုစုစောင့်ရှောက်နေတဲ့ အိမ်ရှင်မတစ်ယောက်အဖြစ်နဲ့သာ ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။
ကဲ…Cele Gabar ချစ်ပရိသတ်ကြီးရေ…ဘယ်သူအသည်းစွဲဖြစ်ခဲ့လည်း အမှန်တိုင်းဖြေခဲ့ပါဦးနော်…
Source – Wikipedia
Photo Credit From Google
Chilli – CeleGabar