
Source: Wai Minn Maung
ချစ်သဲမေ CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
“နေတိုးနဲ့ နေခြည်ဦးတို့ ပထမဆုံးအကြိမ် အတွဲညီညီနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး”
နိုင်ငံကျော်သရုပ်ဆောင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ နေတိုးကတော့ ဘက်စုံထူးချွန်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကို ပရိသတ်အကြိုက်ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုကို “မိုးညအိပ်မက်မြူ”၊ “နက္ခတ်မှားတဲ့ တိုက်ပွဲ”၊”တာတေကြီး”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ သိမ်းပိုက်ထားနိုင်ခဲ့သူတစ်ယောက်ပါ။ လတ်တလောမှာလည်း ရုံတင်ပြသနေတဲ့ “နိုင်ငံကြီးသား”၊” အထက်တန်းစား”၊ “ရူးအောင်ချစ်မယ့်လူ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားတွေဟာဆိုရင်လည်း ရုံပြည့်ရုံလျှံဖြစ်တဲ့ အထိ ပရိသတ်အားပေးမှုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။
မကြာခင်မှာရုံတင်ပြသတော့မယ့် “အခမ်းနားဆုံးမေတ္တာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုးက အဓိကဝါရင့်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ နေတိုးအပါအဝင် နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ရဲအောင်၊ စိုးမြတ်သူဇာတို့နဲ့အတူ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ သူရိယ၊တိုင်ရွန်၊ နေခြည်ဦး၊ မေဘရဏီသော် တို့က ပါဝင်ပုံဖော်သရုပ်ဆောင်ထားကြတယ်လို့သိရပါတယ်။ “အခမ်းနားဆုံးမေတ္တာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ Romantic ဆန်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အခမ်းနားဆုံးဖြစ်အောင် ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က စိတ်ကူးပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
“နေတိုးနဲ့ နေခြည်ဦးတို့ ပထမဆုံးအကြိမ် အတွဲညီညီလေးနဲ့ Romantic ဆန်ဆန်လေး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလို့လည်း ဆိုနိုင်ပါတယ်။ ကွီးတိုးနဲ့ ချီချီဘယ်လိုတွေ Romantic ဆန်မလဲဆိုတာကတော့ အရမ်းတွေ စိတ်လှုပ်ရှားနေမိပါတယ်။ ဒီ”အခမ်းနားဆုံးမေတ္တာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာ(၁၇)ရက်နေ့မှ စတင်ပြီး ရုံတင်ပြသခွင့်ရရှိခဲ့တာဖြစ်ပြီး 7th Sense Film Production မှ ထုတ်လုပ်ဖြန့်ချီသွားမယ်လို့လည်း သိရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ကွီးတိုးနဲ့ ချီချီတို့ ဘယ်လိုတွေ Ro(ရို)ထားလဲဆိုတာ အောက်တိုဘာ(၁၇)ရက်နေ့ ရုံတင်ရင် သွားကြည့်ကြမယ်နော်……။
Source: Wai Minn Maung
ချစ်သဲမေ CeleGabar
Photo credit from Wai Minn Maung” s Facebook