You are here
Home > အနုပညာ > ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ရင်အေးစေတဲ့ သက်မွန်မြင့်


For Zawgyi









Rowena

For Unicode

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ရင်အေးစေတဲ့ သက်မွန်မြင့်

စကားဝဲဝဲလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး သက်မွန်မြင့်က အသက်အရွယ် ကြီးသွားသည့်တိုင် ငယ်ငယ်ကအတိုင်း မပြောင်းလဲပဲ ရှိနေဆဲဖြစ်ပါတယ် ။ သက်မွန်မြင့်က အနုပညာလောကမှာတော့ ထိပ်ဆုံးက ရပ်တည်နေပြီး ပရိသတ်အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း သက်မွန်မြင့်ကို ငယ်စဉ်ကတည်းက အခုချိန်ထိ စွဲစွဲမြဲမြဲ ချစ်ကြတာကို တွေ့ရပါတယ် ။

မနေ့က စက်တင်ဘာလ (၂၁) ရက်နေ့မှာတော့ သက်မွန်မြင့်က ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်တဲ့ “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ လက်မှတ်ထိုးပွဲကို တက်ရောက်ခဲ့ပါတယ် ။

ပရိသတ်တွေအတွက် “ဘာလာလာ” ရုပ်ရှင်ဇာတ်ကား လက်မှတ်ထိုးပွဲကို တက်ရောက်လာတဲ့ သက်မွန်မြင့်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော် ။

သက်မွန်မြင့်က လက်မှတ်ထိုးပွဲမှာ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်စကားပြောခဲ့တာကိုလည်း တွေ့မြင်ရပါတယ် ။

သက်မွန်မြင့်ရဲ့ အမူအကျင့်လေးကတော့ မျက်နှာလေးချိုပြီး အမြဲတမ်း ပြုံးနေတတ်တာမို့ ကြည့်မိသူတိုင်း စိတ်နှလုံးသားကို အေးချမ်းစေတာပဲ ဖြစ်ပါတယ် ။

“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူး ပုံဖော်ထားပြီး နာမည်ကြီး မင်းသား ၊ မင်းသမီးတွေဖြစ်တဲ့ အကယ်ဒမီမြင့်မြတ် ၊ အကယ်ဒမီ ကျော်ကျော်ဗို ၊ ရဲလေးနဲ့ အကယ်ဒမီ သက်မွန်မြင့်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။

သက်မွန်မြင့်ကတော့ ဘယ်အချိန်ကြည့်ကြည့် အေးချမ်းစွာ လှပနေတာပဲနော် ။ ပရိသတ်ကြီးလည်း သက်မွန်မြင့်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like ၊ Share လုပ်ဖို့ မမေ့ပါနဲ့နော် ။

Rowena
Source: Thet Mon Myint’s fb

Top
//waufooke.com/4/3018672