
နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ ဖွေးဖွေးက ထူးထူးခြားခြားအနေနဲ့ သူမရဲ့ ဖေဖေ ဦးကျော်ကျော်ဝင်း၊ မေမေ သိင်္ဂီစံထွား၊ မောင်လေး Eden ဦး တို့နဲ့အတူတူ ကြော်ငြာရိုက်ကူးနေတာကို တွေ့ရပါတယ်။
ပရိသတ်တွေအတွက် ဖွေးဖွေးတို့ မိသားစုလေးရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က ကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
ဖွေးဖွေးကတော့ ကြော်ငြာတွေ၊ ရုပ်ရှင်တွေများစွာကို ရိုက်ကူးဖူးတဲ့ မင်းသမီးတစ်လက် ဖြစ်ပေမယ့် မိသားစုနဲ့တော့ ပထမဆုံးအတူတူ ကြော်ငြာရိုက်ဖူးတာမို့ တော်တော်လေး စိတ်လှုပ်ရှား ပျော်ရွှင်နေမယ် ထင်ပါတယ်။
ဖွေးဖွေးတို့ မိသားစုလေးရဲ့ ကြော်ငြာရိုက်ကွင်းပုံရိပ်လေးကတော့ ကြည်နူးစရာလေးနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့် မိသားစုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။
Credit မိုမိုလေး
Source: Phway Phway & Father’s fb