You are here
Home > Facebook သတင္းစံု > ထိုင္းႏိုင္ငံ Esport မိုဘိုင္း ဂိမ္းၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့ ပထမႀကီးတန္း ကိုရင္သုံးပါး

ထိုင္းႏိုင္ငံ Esport မိုဘိုင္း ဂိမ္းၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့ ပထမႀကီးတန္း ကိုရင္သုံးပါး

For Zawgyi

ထိုင္းႏိုင္ငံ Esport မိုဘိုင္း ဂိမ္းၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့ ပထမႀကီးတန္း ကိုရင္သုံးပါး

ထိုင္းႏိုင္ငံမွာ က်င္းပခဲ့တဲ့ မိုဘိုင္း ကားေမာင္းဂိမ္းၿပိဳင္ပြဲမွာ Balee Sathit Suksa စာသင္တိုက္က အႀကီးတန္း စာသင္သား ကိုရင္သုံးပါးဟာ ခ်န္ပီယံအျဖစ္ သရဖူေဆာင္းခဲ့ပါတယ္ ။ ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့ရတဲ့ ဂိမ္းအမ်ိဳးအစားကေတာ့ “Speed Drifters” လို႔ေခၚတဲ့ အြန္လိုင္း ကားေမာင္းၿပိဳင္ပြဲ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၉ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။

ကိုရင္ေလးေတြဟာ ယခုၿပိဳင္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္ဖို႔ စိတ္အားထက္သန္လွ်က္ ရွိေနတာေၾကာင့္ သူတို႔အတြက္ အခြင့္အလမ္းတစ္ခု ဖန္တီးေပးခဲ့ေၾကာင္းနဲ႔ ယခုလို အႏိုင္ရဖို႔အတြက္လည္း မေမွ်ာ္လင့္ခဲ့ေၾကာင္း စာသင္တိုက္ရဲ႕ စာခ် ကိုယ္ေတာ္တပါးက ေျပာခဲ့ပါတယ္ ။ ထိုင္းႏိုင္ငံက ကိုရင္ေတြ အမ်ားစုဟာ Tencent ကထုတ္တဲ့ ROV လို႔ေခၚတဲ့ မိုဘိုင္းဂိမ္းကို အမ်ားဆုံး ကစားေနၾကၿပီး Speed Drifters ဂိမ္းဟာ Tencent ကထုတ္တဲ့ ဂိမ္းအမ်ိဳးအစားတစ္ခုပဲ ျဖစ္ပါတယ္ ။ Balee Sathit Suksa မွာရွိတဲ့ ကိုရင္ေတြဟာ တစ္ပတ္ကို နာရီ ၂၀ ေလာက္ ဘာသာေရးစာေပ ေလ့လာရၿပီး သူတို႔ အနားယူတဲ့ အခ်ိန္ေတြမွာေတာ့ esport ဂိမ္းၿပိဳင္ပြဲေတြအတြက္ ေလ့က်င့္ေနတတ္ၾကပါတယ္ ။

ယခုလိုၿပိဳင္ပြဲမွာ အႏိုင္ရျခင္းဟာ ကိုရင္ေတြအတြက္ ေအာင္ျမင္မႈ သက္သက္သာျဖစ္ေၾကာင္း စာခ်ကိုယ္ေတာ္ႀကီးက ေျပာခဲ့ပါတယ္ ။ အခ်ိဳ႕သူေတြကေတာ့ သကၤန္းေတြနဲ႔ ၿပိဳင္ပြဲဝင္ေနတဲ့အတြက္ ေဝဖန္ေနၾကပါတယ္ ။ ကိုရင္ေတြဟာလည္း ကေလးေတြျဖစ္တဲ့အတြက္ အျခားကေလးေတြလိုပဲ ဖြံ႕ၿဖိဳးႀကီးထြားဖို႔ လိုအပ္ေၾကာင္းနဲ႔ သူတို႔ရဲ႕ဝါသနာနဲ႔ ကြၽမ္းက်င္မႈကို ေဖာ္ထုတ္ခြင့္ ရသင့္ေၾကာင္း ဦးဇင္းတစ္ပါးက ေျပာခဲ့ၿပီး ေဝဖန္မႈေတြကို ပယ္ခ်ခဲ့ပါတယ္ ။

Source : Lifestyle Myanmar

For Unicode

ထိုင်းနိုင်ငံ Esport မိုဘိုင်း ဂိမ်းပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ ပထမကြီးတန်း ကိုရင်သုံးပါး

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မိုဘိုင်း ကားမောင်းဂိမ်းပြိုင်ပွဲမှာ Balee Sathit Suksa စာသင်တိုက်က အကြီးတန်း စာသင်သား ကိုရင်သုံးပါးဟာ ချန်ပီယံအဖြစ် သရဖူဆောင်းခဲ့ပါတယ် ။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ဂိမ်းအမျိုးအစားကတော့ “Speed Drifters” လို့ခေါ်တဲ့ အွန်လိုင်း ကားမောင်းပြိုင်ပွဲ ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

ကိုရင်လေးတွေဟာ ယခုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်လျှက် ရှိနေတာကြောင့် သူတို့အတွက် အခွင့်အလမ်းတစ်ခု ဖန်တီးပေးခဲ့ကြောင်းနဲ့ ယခုလို အနိုင်ရဖို့အတွက်လည်း မမျှော်လင့်ခဲ့ကြောင်း စာသင်တိုက်ရဲ့ စာချ ကိုယ်တော်တပါးက ပြောခဲ့ပါတယ် ။ ထိုင်းနိုင်ငံက ကိုရင်တွေ အများစုဟာ Tencent ကထုတ်တဲ့ ROV လို့ခေါ်တဲ့ မိုဘိုင်းဂိမ်းကို အများဆုံး ကစားနေကြပြီး Speed Drifters ဂိမ်းဟာ Tencent ကထုတ်တဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ် ။ Balee Sathit Suksa မှာရှိတဲ့ ကိုရင်တွေဟာ တစ်ပတ်ကို နာရီ ၂၀ လောက် ဘာသာရေးစာပေ လေ့လာရပြီး သူတို့ အနားယူတဲ့ အချိန်တွေမှာတော့ esport ဂိမ်းပြိုင်ပွဲတွေအတွက် လေ့ကျင့်နေတတ်ကြပါတယ် ။

ယခုလိုပြိုင်ပွဲမှာ အနိုင်ရခြင်းဟာ ကိုရင်တွေအတွက် အောင်မြင်မှု သက်သက်သာဖြစ်ကြောင်း စာချကိုယ်တော်ကြီးက ပြောခဲ့ပါတယ် ။ အချို့သူတွေကတော့ သင်္ကန်းတွေနဲ့ ပြိုင်ပွဲဝင်နေတဲ့အတွက် ဝေဖန်နေကြပါတယ် ။ ကိုရင်တွေဟာလည်း ကလေးတွေဖြစ်တဲ့အတွက် အခြားကလေးတွေလိုပဲ ဖွံ့ဖြိုးကြီးထွားဖို့ လိုအပ်ကြောင်းနဲ့ သူတို့ရဲ့ဝါသနာနဲ့ ကျွမ်းကျင်မှုကို ဖော်ထုတ်ခွင့် ရသင့်ကြောင်း ဦးဇင်းတစ်ပါးက ပြောခဲ့ပြီး ဝေဖန်မှုတွေကို ပယ်ချခဲ့ပါတယ် ။

Source : Lifestyle Myanmar

Top
//sotchoum.com/4/3018672